Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယသို့ ပဲသွင်းခွင့်ပြုသည့်သတင်းကြောင့် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ RC ဈေးမြင့်တက်

အိန္ဒိယက မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းငါးသောင်းစီကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း

တင်သွင်းခွင့်ပြုသည့် သတင်းကို မေ ၄ ရက်က သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားပြီး အဲဒီသတင်းကြောင့် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ RC ဈေးနှုန်းတစ်တန်လျှင် ငွေကျပ် ၇၂၀၀၀ မေလ ၅ ရက်နေ့က ဈေးတက်လာပြီး ကုန်သေတ္တာအလုံးရေ ၁၃၅ လုံး အရောင်းအ၀ယ်ဖြစ်လာတယ်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ထုတ်ပြန်သော နေ့စဉ်ဈေးနှုန်းစာရင်းအရ သိရပါတယ်။

 

မေလ ၅ ရက်က ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ RC တစ်တန် ငွေကျပ် ၄၅၄၀၀၀, SQ/RC တစ်တန် ငွေကျပ် ၆၁၆၀၀၀၊ ပဲတီစိမ်း (ပခုက္ကူ) တစ်ပိဿာ ငွေကျပ် ၁၁၀၀ မှ ၁၁၂၀၊ ခရမ်းရွှေဝါ (ထိပ်စ) ငွေကျပ် ၁၈၆၅ မှ ၁၉၀၀ နှုန်းရှိကြောင်း သိရပါတယ်။

 

မေလ ၄ ရက်က မတ်ပဲ RC တစ်တန် ငွေကျပ် ၃၈၂၀၀၀၊ SQ/RC တစ်တန် ငွေကျပ် ၅၂၀၀၀၀ နှင့် ပဲတီစိမ်း ခရမ်းရွှေဝါ (ထိပ်စ) တစ်ပိဿာ ငွေကျပ် ၁၈၆၅ ရှိခဲ့ကြောင်း သိရပါတယ်။

 

ဧပြီး ၃၀ ရက်က မတ်ပဲ RC တစ်တန် ငွေကျပ် ၄၁၂၀၀၀၊ SQ/RC တစ်တန်ငွေကျပ် ၅၅၅၀၀၀၊ ပဲတီစိမ်း ခရမ်းရွှေဝါ (ထိပ်စ) တစ်ပိဿာငွေကျပ် ၁၈၃၀ မှ ၁၉၂၀ နှုန်းရှိရာ မေလ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် မတ်ပဲ RC တစ်တန်ဈေးနှုန်းသည် ငွေကျပ် လေးသိန်းအောက်သို့ ဈေးကျဆင်းခဲ့ကြောင်း သိရပါတယ်။

 

ပဲတီစိမ်းဈေးနှုန်းမှာ ဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံကဲ့သို့ ဈေးကျဆင်းထားခြင်းမရှိသဖြင့် ဈေးကွက်တွင် ဈေးနှုန်းပြောင်းလဲခြင်းနည်းသည်ဟု ပဲဈေးကွက်မှ သိရပါတယ်။

 

မတ်ပဲနှင့် ပဲတိစိမ်းတန်ချိန် တစ်သိန်းငါးသောင်းစီ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပမှ တင်သွင်းခွင့်ပြုမည့် သတင်းတွင် နှစ်နိုင်ငံ/ဒေသဆိုင်ရာသဘောတူညီချက်အောက်ရှိ အစိုးရ၏ တင်သွင်းမှုဆိုင်ရာ လိုက်နာရမည့် တာဝန်များအား သက်ရောက်မှုမရှိကြောင်း မေလ ၄ ရက်နေ့စွဲဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော အိန္ဒိယ၏ ပဲတင်သွင်းခွင့်ပြန်လည်ခွင့်ပြုမည့် အသိပေးကြေညာချက်တွင် ဖော်ပြထားကြောင်း သိရပါတယ်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် သုံးသိန်းအပါအ၀င် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတန်ချိန် ခြောက်သိန်းတင်ပို့ထားပြီး အိန္ဒိယပဲလိုအပ်ချက်မှာ တန်ချိန် ၂၂ သန်း ၀န်းကျင်ရှိရာ ယင်းအထွက်ပျမ်းမျှတန်ချိန် ၁၇ သန်းဝန်းကျင်ရှိခဲ့ကြောင်းနှင့် ယခုအခါ အိန္ဒိယပြည်တွင်းမိုးလေ၀သမှန်ကန်၍ ပဲထွက်နှုန်းပိုလာရာပြည်တွင်းပဲအထွက်တန်ချိန်သည် ၂၆ သန်းဝန်းကျင်အထိ ရှိလာကြောင်း သိရပါတယ်။

 

ထို့အပြင် မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် သုံးသိန်း၊ ပဲစင်းငုံတန်ချိန် နှစ်သိန်းသာရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ တင်သွင်းရန် အိန္ဒိယအစိုးရက ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အသိပေးထုတ်ပြန်ခဲ့ပြီး အရောင်းအ၀ယ်ဈေးကွက်တွင် ထူးခြားဖြစ်စဉ်သတင်းများ ထွက်ပေါ်လာတိုင်း ဈေးနှုန်းပြောင်းလဲမှု မြန်ဆန်သည်ကို ပဲလောကအတွင်းဆယ်စုနှစ်တစ်စုဝန်းကျင်အတွင်း မြင်တွေ့ရကြောင်း သိရပါတယ်။

 

Source: Myanma Alinn

Read times Last modified on Tuesday, 18 September 2018 13:47
Rate this item
(1 Vote)