Food & Livestock



အာရှဆန် တပတ်တာ ဈေးအတက်အကျနှင့် အလားအလာ

အာရှဆန် တပတ်တာ ဈေးအတက်အကျနှင့် အလားအလာ

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ဈေးနှုန်း ၁၅ နှစ်တာတွင် အမြင့်ဆုံးသို့ ရောက်ရှိလာပြီး ခေါ်ဈေး တတန် $653 သို့ မြင့်တက်သည်။ ထိုင်းဆန်၊ ပါကစ္စတန်ဆန်တို့ထက် ဗီယက်နမ်ဆန်က ဈေးပိုမြင့်သည်။ 

ထိုင်းဆန်ထက် ၁၆.၆% ပိုမြင့်သည်။

ပါကစ္စတန်ထက် ၁၆% ပိုမြင့်သည်။

ပြီးခဲ့သည့် သီတင်းပတ် ၄ ပတ်အတွင်း ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ဈေးနှုန်း ၆.၅% မြင့်တက်ခဲ့သည်

 

အိန္ဒိယပေါင်းဆန် ဆက်လက် ဈေးကျဆင်းသည်။ ရူပီး ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ရူပီး တန်ဖိုးကျသဖြင့် ကန်ဒေါ်လာဖြင့် ဈေးခေါ်သည့် ပို့ကုန် ပေါင်းဆန် ဈေးကျဆင်းသည်။ ပေါင်းဆန် ဈေးကျဆင်းလာသည်မှာ ၅ ပတ် ဆက်တိုက် ရှိပြီ ဖြစ်သည်ယ ဆန်သစ်ပေါ်ချိန် ဖြစ်သဖြင့် ပြည်တွင်းဆန်ဈေးလည်း ကျဆင်းသည်။ 

၅ ရာခိုင်နှုန်း ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် မက်ထရစ်တစ်တန်လျှင် $495 - $505 မှ $490 - $500 သို့ ကျဆင်းခဲ့သည်။

 

“မြောက်ပိုင်းပြည်နယ်တွေမှာ စပါးအသစ်တွေ စုပုံနေတယ်။ ဒီတော့ စပါးဈေးတွေ ကျတယ်" မွန်ဘိုင်းမြို့မှ ဆန်တင်ပို့သူတဦးက ပြောကြားသည်။

 

အိန္ဒိယသည်  ပေါင်းဆန်တင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ပြဋ္ဌာန်းထားခြင်းကို ၂၀၂၄ ခုနှစ် မတ်လအထိ သက်တမ်း တိုးမြှင့်ခဲ့သည်။

 

 

photo_2023-11-04_14-50-17.jpg

 

ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆန်ထုတ်လုပ်မှု ကျဆင်းမည်ဟု ခန့်မှန်းထားသဖြင့် ဆန်တင်ပို့မှု ကန့်သတ်ပိတ်ပင်ထားခြင်းများ ဆက်ရှိနေဦးမည် ဖြစ်သည်။ 

 

 

သို့ဖြစ်ရာ အိန္ဒိယဆန် တင်ပို့မှု ဆက်လက် လျော့နည်းနေဦးမည် ဖြစ်သည်။

 

photo_2023-11-04_14-50-22.jpg

 

 

 

အိန္ဒိယဆန် တင်ပို့မှု လျော့နည်းနေသည့်အတွက် အာရှဆန်ဈေးများ အမြင့်တွင် ဆက်ရှိနေဦးမည် ဖြစ်သည်။

 

Source Reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 04 November 2023 14:51
Rate this item
(0 votes)