Food & Livestock



ဆန်ကုန်သည်များ ပို့ကုန်စာချုပ်များကို လေးစားလိုက်နာရန် ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး ပြောကြား

ဆန်ကုန်သည်များ  ပို့ကုန်စာချုပ်များကို လေးစားလိုက်နာရန် ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

မကြာသေးမီက စ၍ ဆန်ဈေးများ မြင့်တက်လာနေသော်လည်း ပြည်ပဝယ်လိုအားကို ဆက်ထိန်းထားရန်အတွက် ဆန်တင်ပို့သည့် ကုန်သည်မျာားအား ချုပ်ဆိုထားပြီး ဖြစ်သော ပို့ကုန်စာချုပ်များကို လေးစားလိုက်နာရန် ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးက တောင်းဆိုထားသည်။

 

ဩဂုတ်လ ၄ ရက်တွင် ၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် တစ်တန် $590 - $600 သို့ ရောက်ရှိခဲ့သည်။ ၁၅ နှစ်တာအတွင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည်။ 

လွန်ခဲ့သည့် တပတ်က $550 - $575 ရှိခဲ့ရာမှ ခုန်တက်သွားခဲ့ခြင်း ဖြစ်သည်။ 

ဇူလိုင်လ ၂၀ ရက်တွင် အိန္ဒိယက တင်ပို့မှု အများဆုံးဖြစ်သော ဆန်ဖြူကို တင်ပို့ခြင်း မပြုရန် ပိတ်ပင်ခဲ့ပြီးနောက် ပို့ကုန်ဆန် ဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်နေသည်။

 

 ဗီယက်နမ်နှင့် ထိုင်းတို့မှ ဆန်ကုန်သည်များသည် ဩဂုတ်လတွင် တင်ပို့မည်ဆန် တန်ချိန် ၅ သိန်းဝန်းကျင်ကို ဝယ်လက်များနှင့် ဈေးညှိနှိုင်းခဲ့ကြသည်။ 

 

“ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ဖို့အတွက် ချုပ်ဆိုထားတဲ့ စာချုပ်တွေကို လိုက်နာဖို့ လိုပါတယ်” ဟု ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟောင်ဒင်က ပြောကြားသည်။

 

ပို့ကုန်ဆန် အရည်အသွေးကို အလေးထားရန်၊ ဈေးမြင့်နေချိန် ဆန်တင်ပို့မှု အလွန်အကျွံ မဖြစ်စေရန်၊ ပြည်တွင်း လိုအပ်ချက်နှင့် အရန်ဆန်သိုလှောင်မှု လိုအပ်ချက်များကို ဖူလုံအောင် ဂရုပြုရန် ဆန်တင်ပို့သူများအား Dien က ပြောကြားခဲ့သည်။

"ဆန်အမြောက်အမြား တင်ပို့နေတဲ့နိုင်ငံမှာ ဆန်ရှားတာ၊ ပြည်တွင်းဆန် ဈေးကြီးတာ လက်မခံနိုင်ဘူး" ဟု ၎င်းက ပြောကြားသည်။

 

ဗီယက်နမ်ဆန် ယမန်နှစ်က စပါး တန်ချိန် ၄၂.၇ သန်း ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၄၃ သန်း ထွက်ရှိမည်ဟု မျှော်မှန်းထားသည်။ 

 


ဗီယက်နမ် မူဝါဒအသစ်အရ နှစ်စဉ် ဆန်တင်ပိုမှု ၄၄ ရာခိုင်နှုန်း လျှော့ချသွားမည်

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6241


ဗီယက်နမ်သည် ဆန်တင်ပို့မှု တစ်နှစ်ထက် တစ်နှစ် လျှေ့ချသွားမည့် မူဝါဒ ရေးဆွဲထားသော်လည်း ပို့ကုန်ဆန်ဈေး စံချိန်တင် မြင့်တက်နေသဖြင့် ယခုနှစ်တွင် ပိုမိုတင်ပို့မည် ဖြစ်သည်။ ယမန်နှစ်က ဆန်တန်ချိန် ၇.၁ သန်း တင်ပို့ခဲ့သည်။ ယခုနှစ်တွင် ဆန်တန်ချိန် ၇.၈ သန်းအထိ ရောက်ရှိသွားနိုင်သည်။

 

Source bangkokpost

Read times Last modified on Sunday, 06 August 2023 14:31
Rate this item
(0 votes)