Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း စားသောက်ကုန်များ ထုပ်ပိုးမှုနှင့် အရည်အသွေး လိုအပ်ချက်ကြောင့် ပြည်ပဈေးကွက် မရှာဖွေနိုင်သေးဟုဆို

ပြည်တွင်းထုတ် စား သောက်ကုန်များ ထုပ်ပိုးမှုနှင့် အရည်အသွေးပိုင်း လိုအပ်ချက် များ ရှိနေခြင်းကြောင့် ပြည်ပဈေး

ကွက်ရှာဖွေနိုင်ခြင်း မရှိသေး ကြောင်း မြန်မာနိုင်ငံ စားသောက် ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။

 

ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သည့် ပဉ္စမကြိမ် မြန်မာ့စား သောက်ကုန် ကုန်စည်ပြပွဲသတင်း စာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့သည်။

 

နိုင်ငံခြားသို့ ပြည်တွင်းထုတ် စားသောက်ကုန်များ တင်ပို့ရောင်း ချရန် ရင်ဆိုင်နေရသည့် အဓိက အခက်အခဲ နှစ်ခုသည် နိုင်ငံတ ကာ ဈေးကွက်ရှာဖွေနိုင်မှု အား နည်းခြင်းနှင့် စားသောက်ကုန် ၏ ထုပ်ပိုးမှုနှင့် အရည်အသွေးလို အပ်ချက်တို့ကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

‘‘လွန်ခဲ့တဲ့ လေး၊ ငါးနှစ်ကနဲ့ ယှဉ်ရင် သတိထားမိမှာပါ။ ပြည် တွင်းမှာ ထုပ်ပိုးမှုတွေ တော်တော်လေး ပြောင်းလဲလာပါပြီ။ ထုတ်ကုန်သစ်တွေလည်းတိုးလာတယ်။ အရင်ကထက်စာရင် အများကြီးကောင်းလာတယ်။ ဒါပေမဲ့ ဒီလောက်အနေအထားနဲ့က နိုင်ငံတကာကို ထွက်ရောက်နိုင်ဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်’’ ဟု ဦးအေးဝင်းကဆိုသည်။

 

မြန်မာနိုင်ငံတွင် ကုန်ကြမ်း ပစ္စည်းများ ပေါများသော်လည်း နိုင်ငံတကာ ဈေးကွက်သို့ ထိုး ဖောက်ရန် နည်းစနစ်နှင့်နည်းပညာများ လိုအပ်နေသေးကြောင်း ၎င်းကဆိုသည်။

 

 ယင်းအတွက် ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာ၍ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင် ရောက်နိုင်စေရန် ပြည်တွင်းထုတ် စားသောက်ကုန်များ တစုတ စည်းတည်း နိုင်ငံတကာ အဆင့်မီ ပြသရန် ရည်ရွယ်၍ ပဉ္စမအကြိမ် မြောက် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ ကျင်းပမည်ဖြစ် ကြောင်း ကုန်စည်ပြပွဲဖြစ်မြောက် ရေးအသင်း ဥက္ကဋ္ဌဦးအောင်ရွှေ ကပြောသည်။

 

ကုန်စည်ပြပွဲကို ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ ဦးဝိစာရ လမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ပြခန်း ၁၃၀ ခန့်၊ ကုန်မ္ပဏီ ၈၀ ခန့် ပါဝင်ပြသမည်ဖြစ်သည်။

 

ကုန်စည်ပြပွဲတွင် ပြသမည့် စားသောက်ကုန်များ၏ ၈၀ ရာခိုင် နှုန်းခန့်သည် ပြည်တွင်းထုတ်စား သောက်ကုန်များဖြစ်ကြောင်း ဦး အောင်ရွှေက ဆိုသည်။

 

‘‘လာရောက်ပြသတဲ့ စား သောက်ကုန်တွေထဲက လူကြိုက် များတာ၊ အာဟာရပြည့်ဝတာနဲ့ စံချိန်စံညွှန်းနဲ့ ညီ၊ မညီတိုင်းတာ ပြီး အကောင်းဆုံးထုတ်ကုန်ဆု ပေးသွားဖို့ရှိပါတယ်။ တရားမျှတ မှုရှိအောင် တခြားအဖွဲ့တစ်ခုက နေ စစ်ဆေးရွေးချယ် ပေးသွားမှာ ပါ’’ ဟု ဦးအောင်ရွှေက ပြော သည်။

 

ပြပွဲကာလအတွင်း ပညာ ပေးဟောပြောပွဲများ ပြုလုပ်မည်ဖြစ်ပြီး ဂျုံနှင့် ဂျုံထွက်ပစ္စည်းများ၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၊ ပဲနှင့် ပဲထွက်ပစ္စည်းများ၊ ကော်ဖီ၊ အရက်နှင့် ဝိုင်အမျိုးမျိုး၊ ရေသန့်၊ စားသုံးဆီအမျိုးမျိုး၊ ဟင်းခတ် အမွှေးအကြိုင်အမျိုးမျိုး၊ သရေစာနှင့် ထုပ်ပိုးပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန်သုံး ဓာတုပစ္စည်း အမျိုးမျိုး ပါဝင်ပြသမည်ဖြစ်သည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:25
Rate this item
(1 Vote)