Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မွေးမြူသူများအခက်တွေ့နေတဲ့ ဘဲအစာဈေးနှုန်းမြင့်တက်မှု

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ ဘဲမွေးမြူရေးလုပ်ကိုင်သူများအနေဖြင့်

ဘဲအစာဈေးနှုန်းများ မြင့်တက်နေပြီး ဘဲမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်သည့် နည်းပညာလိုအပ်ချက်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။

 

ဘဲမွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ သူ့ဘဲမွေးမြူရေးခြံမှာ ဘဲအကောင်ရေ ၁၁၀၀ ရှိတယ်။ အရင်နှစ်က ဘဲအစာအတွက် ဆန်ကွဲတစ်အိတ်ကို ၁၂၀၀၀ ကျပ်ပဲရှိပြီး ဒီနှစ်မှာတော့ ငွေကျပ် ၁၇၀၀၀ အထိ ဈေးနှုန်းမြင့်တက် သွားတဲ့အတွက်ကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်မပြေဖြစ်နေရကြောင်း၊ ဘဲစာအနေနဲ့ တစ်ရက်ကို ကုန်ကျစရိတ် ငွေကျပ် ၄၅၀၀၀ ရှိကြောင်း၊ ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် ဘဲမွေးမြူသူတွေရှိပေမယ့် သားဖောက်ပြီး ရောင်းချတဲ့ မွေးမြူရေးခြံတွေမှာ ဘဲသားပေါက်မှာယူမွေးမြူရတဲ့အတွက် အရင်းအနှီးပိုမိုများပြားကြောင်း ဘဲမွေးမြူရေးလုပ်ကိုင်သူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းဘဲသားပေါက်များကို ပုသိမ်မြို့ရှိ မွေးမြူရေးခြံများမှ မှာယူမွေးမြူကြပြီး ဘဲကောင်ရေ ၁၁၀၀ မှာ ဥရေ ၅၀၀ လောက်သာ ရရှိကာ ဘဲစာဖိုးနှင့် တွက်ကြည့်ပါက အကျိုးအမြတ်ရရှိမှုနည်းပါး၍ ဘဲဥဈေးနှုန်းမှာ တစ်လုံးလျှင် ငွေကျပ် ၁၂၀ ခန့်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read 2520 times Last modified on Wednesday, 19 September 2018 11:18
Rate this item
(1 Vote)