Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံ၏ ဈေးကွက် လိုအပ်ချက်အတိုင်း ပြည်တွင်းမှ ငါးတင်ပို့နိုင်ရန် ကြိုးပမ်း

တရုတ်နိုင်ငံ၏ ငါးစားသုံးသည့် ဈေးကွက် လိုအပ်ချက်အတိုင်း  ပြည်တွင်းမှ  တင်ပို့ရောင်းချနိုင်ရန် ငါးမွေးမြူရေး လုပ်ငန်းရှင်များ

ကြိုးပမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်  ဒုတိယဥက္ကဋ္ဌ  ဒေါက်တာမြင့်စိန်ထံမှ သိရ သည်။

 

''တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ် တစ်ခုတည်းမှာတင် မြန်မာနိုင်ငံ လူဦးရေရဲ့ နှစ်ဆလောက် ရှိတယ်။ ငါးစားသုံးမှုက ပြည်တွင်းမှာတင် နေ့စဉ်ပိဿာချိန် တစ်သိန်းခွဲကနေ နှစ်သိန်းနီးပါးရှိတယ်။ တရုတ်နိုင်ငံက ပြည်နယ် သုံးခုလောက် ကိုပဲ   ငါးတင်ပို့နိုင်ဦးတော့ တင်ပို့ရမယ့် ပမာဏက  မနည်းဘူး'' ဟု ဒေါက်တာမြင့်စိန် ကပြောသည်။

 

လက်ရှိတွင် ဆော်ဒီအာရေဗျနိုင်ငံမှ ငါးတင်ပို့ခွင့်ကို ရပ်ဆိုင်းထားသဖြင့် ပြည်တွင်းငါး ဈေးကွက်တွင် ငါးဈေးကျဆင်းနေပြီး ငါးမွေးမြူသူများ အခက်အခဲဖြစ်နေသည့် အတွက် တရုတ်နိုင်ငံသို့ ဈေးကွက်ရှာဖွေနေခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ရေချိုငါးများကို အများဆုံး ဝယ်ယူသည့် နိုင်ငံများမှာ  အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်ကြပြီး ရေငန်ငါးများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။ 

 

Source: Myawady

Read times Last modified on Thursday, 04 October 2018 14:21
Rate this item
(1 Vote)