Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေထွက်ကုန် ပြည်ပတင်ပို့မှု ရှစ်လအတွင်း ကန်ဒေါ်လာ သန်း ၅၀၀ ဖိုးခန့်ရရှိ

ရေထွက်ကုန် ပြည်ပတင်ပို့မှု ရှစ်လအတွင်း ကန်ဒေါ်လာ သန်း ၅၀၀ ဖိုးခန့်ရရှိ google.com

၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းတင်ပို့ရောင်းချမှုမှ ကန်ဒေါ် လာသန်း ၇၀၀ ခန့်ရရှိရန် မျှော် မှန်းထားပြီး လက်ရှိတွင်

ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ရရှိပြီဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

 

၂၀၁၇ ဧပြီမှ ဒီဇင်ဘာအထိ ရှစ်လအတွင်း ရေထွက်ပစ္စည်း ပြည်ပသို့ တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာ ၄၉၇ ဒသမ ၄၉၈ သန်းရရှိပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

 

‘‘အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ် ရင်တော့ ရေထွက်ပစ္စည်းတင်ပို့ မှုမှာ နောက်ကျနေပါပြီ။ ဒါပေမဲ့ ဒီနှစ်ကတော့ မဆိုးဘူးပြောရပါ မယ်။ ဒီနှုန်းအတိုင်း ဆက်လက် တင်ပို့သွားမယ်ဆိုရင် မျှော်မှန်း ချက်အတိုင်းပြည့်မီနိုင်မှာပါ’’ဟု ဦးထွန်းဝင်းမြင့်က ဆိုသည်။

 

ပြည်ပသို့ ရေထွက်ပစ္စည်း မက်ထရစ်တန် သုံးသိန်းခုနစ် သောင်းကျော်တင်ပို့ခဲ့ပြီး အများ ဆုံးပို့ကုန်သည် ငါးဖြစ်ကာ မက်ထ ရစ်တန် နှစ်သိန်းခွဲကျော်ပြည်ပသို့ တင်ပို့နိုင်ခဲ့၍ ကန်ဒေါ်လာ သန်း ၂၇၀ ခန့် ၀င်ငွေ ရရှိခဲ့သည်။

 

ပုစွန်မက်ထရစ်တန် တစ် သောင်းကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ် လာ ၄၇ သန်းရရှိခဲ့ပြီး အခြားရေထွက်ပစ္စည်းများ မက်ထရစ်တန် တစ်သိန်းကျော်တင်ပို့ကာ ကန်ဒေါ်လာ သန်း ၁၉၀ ခန့်ဝင်ငွေရရှိခဲ့သည်။ရေထွက်ကုန်ပစ္စည်းများကို ပြည်တွင်းဖူလုံရန်အပြင် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် ငါးပုစွန်မွေးမြူရေးဇုန်များ တည်ထောင်ရန်စီစဉ်နေကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

 

‘‘အိမ်နီးချင်း နိုင်ငံတွေက ကိုယ့်ထက်တင်ပို့ရောင်းချနိုင်နေ တာသိတယ်။ ဒါပေမဲ့ အခုထပ်သိ ရတာက ကျွန်တော်တို့ သိခဲ့တာ ထက်ပိုပြီးတော့ တင်ပို့ရောင်းချနေတဲ့ အတိုင်းအတာဖြစ်နေတယ်။ ကျွန်တော်တို့က အမီလိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်တို့ မျိုးရင်းတွေက ကောင်းပေမယ့် အစာကျွေးတဲ့ နည်းစနစ်တွေလို အပ်နေတယ်’’ ဟု ဦးဝင်းကြိုင်က ပြောကြားသည်။  

 

ရေထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ကုန်ကြမ်းပစ္စည်းအနေဖြင့် ရောင်းချသည့်အပြင် ငါးအသားလုံး၊ အ သားလွှာ၊ စည်သွတ်ဘူးများကဲ့သို့ တန်ဖိုးမြင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်ရောင်းချရန် လိုအပ်ကြောင်း ဦးထွန်းဝင်းမြင့်က ပြောသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:25
Rate this item
(1 Vote)