Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းလာသောကြောင့် ကုန်သည်များ ၉ဝ ရာခိုင်နှုန်းခန့် အရှုံးပေါ်

ကြက်သွန်နီဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေသောကြောင့် လှောင်လက်သမားများနှင့် ကုန်သည်များ ၉ဝ ရာခိုင်နှုန်းခန့် အရှုံးပေါ်နေကြောင်း

မြန်မာနိုင်ငံ စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးခင်ဟန်ထံမှ သိရသည်။

 

ပြီးခဲ့သည့်လအတွင်းက  နယ်စပ်မှ  ကြက်သွန်နီ ဝယ်ယူမှုများလာသဖြင့် ပြည်တွင်း ကြက်သွန်နီဈေးနှုန်း တက်လာပြီး  ယခုတစ်ပတ်အတွင်း  ဝယ်ယူမှုနည်းလာခြင်းကြောင့် ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်သည်။

 

''ဒီနှစ် ကြက်သွန်နီ အထွက်များတယ်။ ဈေးကျနေတော့ တောင်သူထက် ကုန်သည်တွေ ၉ဝ ရာခိုင်နှုန်းလောက် အရှုံးပေါ်နေတယ်။ တောင်သူတွေလည်း ဒီရက်ပိုင်း ဈေးဆိုရင်တော့ ရှုံးနိုင်တယ်။ ဒီရက်ပိုင်းဈေးလည်း ငြိမ်နေတယ်။  မူဆယ်ဈေးကွက်ကတော့ မပိတ်ဘူး။ နှစ်သစ်ကူး နီးရင်တော့ ဈေးပြန်ကျနိုင်တယ်။  ဒီရက်ပိုင်းအတွင်း အရောင်းအဝယ်မရှိဘူး'' ဟု ဦးခင်ဟန် ကပြောသည်။

 

ထိုသို့ဈေးနှုန်းများ ကျဆင်းနေသည့်အတွက် တရုတ်နှစ်သစ်ကူးပြီးပါက နယ်စပ်မှကျဈေးဖြင့် အဝယ်လိုက်လာနိုင်ကြောင်း၊ လတ်တလောတွင် ကြက်သွန်နီထွက်ရှိသော ရာသီဖြစ်သည့်အတွက် ဘုရင့်နောင်ဈေးကွက်သို့ နယ်စုံမှ ကြက်သွန်နီကားအစီးရေ  ၃ဝ ခန့် နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

ဘုရင့်နောင်ဈေးကွက်သို့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ကြက်သွန်နီများ အဓိက ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

 

ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်နီများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ နယ်စပ်မှတစ်ဆင့် တင်ပို့လျက်ရှိပြီး ဗီယက်နမ် စသည့်နိုင်ငံတို့သို့လည်း ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့လျက် ရှိကြောင်း သိရသည်။    

 

Credit: Onion

Read times Last modified on Monday, 04 February 2019 17:16
Rate this item
(2 votes)