Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယအဝယ်လျော့သဖြင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး ကျဆင်း

Unicode

အိန္ဒိယအဝယ်လျော့သဖြင့် ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး ကျဆင်း

အိန္ဒိယအဝယ်လျော့ခြင်းကြောင့် ပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံတစ်တန်လျှင် ကျပ်သုံးသောင်းခန့် ဈေးကျကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

 

Sauces (Soya Bean ပဲပိစပ္ေဆာ့စ္လုပ္ငန္းေပါင္း ၁၈ ခုကိုရွာရန္ႏွိပ္ပါ။

 

အိန္ဒိယနိုင်ငံတွင် ရာသီဥတုဖောက်ပြန်ပြီး မိုးရာသီစိုက် ပဲစိုက်ခင်းများ ပျက်စီးမှုရှိပေမယ့်လည်း ကုန်သည်များက ဈေးထိန်းဝယ်ခြင်းကြောင့် မြန်မာနိုင်ငံရဲ့ ပဲဈေးမှာ ယခုလအတွင်း အနည်းငယ် ကျဆင်းလာကြောင်း ပဲကုန်သည်အချို့က ပြောပါတယ်။

 

ပြည်တွင်း မတ်ပဲနဲ့ ပဲစင်းငုံဈေးမှာ အိန္ဒိယဝယ်လိုအားအပေါ် မူတည်နေခြင်းကြောင့် လက်ရှိတွင် ဈေးနှုန်းခန့်မှန်းရန် ခက်ခဲကြောင်း ဦးမင်းကိုဦးက ပြောကြားပါတယ်။

 

လက်ရှိ ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်ရှစ်သိန်းသုံးသောင်းငါးထောင်၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်ရှစ်သိန်းတစ်သောင်းဈေး ရှိပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက မတ်ပဲတစ်တန်လျှင် ကျပ်ရှစ်သိန်းခုနစ်သောင်း၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ်ရှစ်သိန်းလေးသောင်းဈေး ရှိပါတယ်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ပဲမျိုးစုံ ပြည်ပတင်ပို့မှုက တိုးတက်မှုအများဆုံး လယ်ယာထွက်ကုန်မှာ ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

 

လက်ရှိ အိန္ဒိယနိုင်ငံမှာ မိုးရာသီစိုက်ပဲများ စတင်ပေါ်ထွက်ချိန်ဖြစ်ပေမယ့်လည်း ရာသီဥတုဖောက်ပြန်ပြီး အထွက်နှုန်း အားမကောင်းနိုင်ကြောင်း မြန်မာနိုင်ငံမှ ပဲကုန်သည်များက ခန့်မှန်းထားပါတယ်။

 

ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသအချို့တွင် ဆောင်းရာသီစိုက် မတ်ပဲ၏ အဓိကဈေးကွက်မှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်သို့လည်း တင်ပို့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးတဲ့ ပဲစင်းငုံရဲ့ အဓိကဈေးကွက်က အိန္ဒိယနိုင်ငံဖြစ်ပါတယ်။

လယ်ယာကဏ္ဍတွင် စပါးပြီးလျှင် ပဲမျိုးစုံက လယ်သမားများအတွက် အရေးပါတဲ့သီးနှံဖြစ်ပြီး ယခုဘဏ္ဍာနှစ်မှာ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း (၉၀၀) ကျော် ရရှိထားပါတယ်။

 

Read More >>>>>  မီးလြတ္အရြယ္ၾကက္ႏွင့္ ဥစမ္းအရြယ္ၾကက္မ်ား ထုတ္လုပ္ ေရာင္းခ်မႈ မ်ားေန

 

အိန္ဒိယအစိုးရက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် မတ်ပဲနှင့် ပဲတီစိမ်း တန်ချိန်တစ်သိန်းခွဲစီနဲ့ ပဲစင်းငုံ တန်ချိန်လေးသိန်း ပြည်ပမှ တင်သွင်းမယ်လို့ တရားဝင် ကြေညာထားပါတယ်။ ပဲစင်းငုံ လိုအပ်ချက်များခြင်းကြောင့် မူလက တန်ချိန် နှစ်သိန်းသွင်းရန် ကြေညာပြီးမှ နောက်ထပ် တန်ချိန်နှစ်သိန်း ထပ်မံတိုးမြှင့်ခြင်းဖြစ်ပါတယ်။

 

Source: 7Day Daily

 

 

အိႏၵိယအဝယ္ေလ်ာ့သျဖင့္ ျပည္တြင္းေဈးကြက္တြင္ မတ္ပဲႏွင့္ ပဲစင္းငုံေဈး က်ဆင္း

 

အိႏၵိယအဝယ္ေလ်ာ့ျခင္းေၾကာင့္ ျပည္တြင္းေဈးကြက္မွာ မတ္ပဲနဲ႔ ပဲစင္းငုံတစ္တန္လွ်င္ က်ပ္သုံးေသာင္းခန႔္ ေဈးက်ေၾကာင္း ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံႏွင့္ ႏွမ္းကုန္သည္အသင္း အတြင္းေရးမွွဴး ဦးမင္းကိုဦးက ေျပာပါတယ္။

 

အိႏၵိယႏိုင္ငံတြင္ ရာသီဥတုေဖာက္ျပန္ၿပီး မိုးရာသီစိုက္ ပဲစိုက္ခင္းမ်ား ပ်က္စီးမႈရွိေပမယ့္လည္း ကုန္သည္မ်ားက ေဈးထိန္းဝယ္ျခင္းေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ပဲေဈးမွာ ယခုလအတြင္း အနည္းငယ္ က်ဆင္းလာေၾကာင္း ပဲကုန္သည္အခ်ိဳ႕က ေျပာပါတယ္။

 

Sauces (Soya Bean ပဲပိစပ္ေဆာ့စ္လုပ္ငန္းေပါင္း ၁၈ ခုကိုရွာရန္ႏွိပ္ပါ။

 

ျပည္တြင္း မတ္ပဲနဲ႔ ပဲစင္းငုံေဈးမွာ အိႏၵိယဝယ္လိုအားအေပၚ မူတည္ေနျခင္းေၾကာင့္ လက္ရွိတြင္ ေဈးႏႈန္းခန႔္မွန္းရန္ ခက္ခဲေၾကာင္း ဦးမင္းကိုဦးက ေျပာၾကားပါတယ္။

 

လက္ရွိ ျပည္တြင္းေဈးကြက္တြင္ မတ္ပဲတစ္တန္လွ်င္ က်ပ္ရွစ္သိန္းသုံးေသာင္းငါးေထာင္၊ ပဲစင္းငုံတစ္တန္လွ်င္ က်ပ္ရွစ္သိန္းတစ္ေသာင္းေဈး ရွိပါတယ္။ ၿပီးခဲ့တဲ့ လကုန္ပိုင္းက မတ္ပဲတစ္တန္လွ်င္ က်ပ္ရွစ္သိန္းခုနစ္ေသာင္း၊ ပဲစင္းငုံ တစ္တန္လွ်င္ က်ပ္ရွစ္သိန္းေလးေသာင္းေဈး ရွိပါတယ္။

 

၂၀၁၈-၁၉ ဘ႑ာႏွစ္ ျမန္မာႏိုင္ငံ၏ ပို႔ကုန္က႑တြင္ ပဲမ်ိဳးစုံ ျပည္ပတင္ပို႔မႈက တိုးတက္မႈအမ်ားဆုံး လယ္ယာထြက္ကုန္မွာ ပါဝင္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ ဦးခင္ေမာင္လြင္က ေျပာပါတယ္။

 

လက္ရွိ အိႏၵိယႏိုင္ငံမွာ မိုးရာသီစိုက္ပဲမ်ား စတင္ေပၚထြက္ခ်ိန္ျဖစ္ေပမယ့္လည္း ရာသီဥတုေဖာက္ျပန္ၿပီး အထြက္ႏႈန္း အားမေကာင္းႏိုင္ေၾကာင္း ျမန္မာႏိုင္ငံမွ ပဲကုန္သည္မ်ားက ခန႔္မွန္းထားပါတယ္။

 

ဧရာဝတီနဲ႔ ပဲခူးတိုင္းေဒသအခ်ိဳ႕တြင္ ေဆာင္းရာသီစိုက္ မတ္ပဲ၏ အဓိကေဈးကြက္မွာ အိႏၵိယႏိုင္ငံျဖစ္ၿပီး ပါကစၥတန္နဲ႔ ဘဂၤလားေဒ့ရွ္သို႔လည္း တင္ပို႔ပါတယ္။ ဒါေပမယ့္ ျမန္မာနုိင္ငံအလယ္ပိုင္းေဒသမ်ားတြင္ မိုးသီးႏွံအျဖစ္ စိုက္ပ်ိဳးတဲ့ ပဲစင္းငုံရဲ႕ အဓိကေဈးကြက္က အိႏၵိယႏိုင္ငံျဖစ္ပါတယ္။

 


လယ္ယာက႑တြင္ စပါးၿပီးလွ်င္ ပဲမ်ိဳးစုံက လယ္သမားမ်ားအတြက္ အေရးပါတဲ့သီးႏွံျဖစ္ၿပီး ယခုဘ႑ာႏွစ္မွာ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈမွ ေဒၚလာသန္း (၉၀၀) ေက်ာ္ ရရွိထားပါတယ္။

 

Read More >>>>>  မီးလြတ္အရြယ္ၾကက္ႏွင့္ ဥစမ္းအရြယ္ၾကက္မ်ား ထုတ္လုပ္ ေရာင္းခ်မႈ မ်ားေန

 

အိႏၵိယအစိုးရက ၂၀၁၈-၁၉ ဘ႑ာႏွစ္အတြက္ မတ္ပဲႏွင့္ ပဲတီစိမ္း တန္ခ်ိန္တစ္သိန္းခြဲစီနဲ႔ ပဲစင္းငုံ တန္ခ်ိန္ေလးသိန္း ျပည္ပမွ တင္သြင္းမယ္လုိ႔ တရားဝင္ ေၾကညာထားပါတယ္။ ပဲစင္းငုံ လိုအပ္ခ်က္မ်ားျခင္းေၾကာင့္ မူလက တန္ခ်ိန္ ႏွစ္သိန္းသြင္းရန္ ေၾကညာၿပီးမွ ေနာက္ထပ္ တန္ခ်ိန္ႏွစ္သိန္း ထပ္မံတိုးျမႇင့္ျခင္းျဖစ္ပါတယ္။

 

Source: 7Day Daily

 

 

 

Read times Last modified on Friday, 14 February 2020 15:33
Rate this item
(0 votes)