Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တိုင်းရင်းသားအစားအစာ ညဈေးနှင့် " ချင်းရိုးရာ ပရဲထိုးပွဲ နှင့် ကယန်းပွဲတော် "

 တိုင်းရင်းသားအစားအစာ ညဈေးနှင့် " ချင်းရိုးရာ ပရဲထိုးပွဲ နှင့် ကယန်းပွဲတော် " ကို  ပြည်သူရင်ပြင်မှာ ကျင်းပတော့မယ်နော်။


" အစားအသောက်တွေကို ညဈေးကြီးတစ်ခုလို တစ်နေရာ စုံလင်စွာတွေ့ ရှိရမှာ ဖြစ်တဲ့အပြင်  ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက ကယန်းလူမျိုးနှင့် ချင်းပရဲရှားပါးမျိုးနွယ်စုတို့ ၏ ရိုးရာဓလေ့များကို ရွှာငယ် တစ်ခုလို စုံလင်စွှာ လေ့လာတွေ့ မြင်နိုင်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

ပွဲတွင်


- ဂျပ်ခုတ်ရက်ကန်း ပြုလုပ်နေကြတဲ့ ကယန်းလှပျိုဖြုတွေကို မြင်တွေ့ ရမယ်။


-  ကယန်းလူမျိုးစုနွယ်များ၏ လက်ဝတ်ရတနာ ဝတ်စုံအပြည့်ဖြင့် နွာသရေဗုံ / ပလွှေ / ကယန်းဂီတာ များဖြင့်ရှိနေတဲ့ ကယန်းလူမျိုးစစ်စစ်တွေ ပွဲတွေထဲမှာ ရှိနေကြမယ်။


- ကယန်းဒေသထွက်ကုန်တွေ လေ့လာမယ်။


- ရုပ်သေးရုပ် / ပုသိမ်ထီး / အိုးပုတ် ကယန်းရိုးရာဝတ်စုံတွေငှားပြီး အလှဓာတ်ပုံတွေ ရိုက်နိုင်ပါတယ်။

 

သိသလောက်ကတော့  အဆိုပါပွဲကို မိန်းကလေးတွေ အသဲစွဲ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုအောင်လေး / ဟောင်ကောင်ရုပ်ရှင် LINE WALKER မှာ ပါဝင်ထားတဲ့ ကယန်းလူမျိုး သရုပ်ဆောင်များနှင့် အခြားသော နာမည်ကြီး. အနုပညာရှင်များလည်း ပါဝင်ဆင်နွဲကြမှာ ဖြစ်ကြောင်းသိရပါတယ်။

 

စားသောက်ဆိုင်များကတော့  နာမည်ကြီး စားသောက်ဆိုင်များဖြစ်တဲ့ Vista Do Rio / နွန်တဲယာ့( ကရင်ရိုးရာအစားအစာ ) ၊ Ice - Manias / ခေမာရငှ် ( ရှမ်းအစားအစာ ) ၊ Hello Kimchi / လေးရပ်ဝတီ ( ရခိုင်အစားအစာ ) ၊ Shshi Yume ၊ CP ကြက်ကြော် ၊ မိုး ( ကြာဇံချက် ) ၊ Tea Code ၊ Coconut Kitchen ( ထိုင်းအစားအစာ ) ၊ ရှယ်ပဲ ( နာဂ အစားအစာ ) ၊ မြိတ် ဧရာ ( မြိတ်အစားအစာ ) ၊ monmilk ( ice cream ) ၊ Elephant ( Ice cream ) ၊ ဒေါ်ယု ( မြန်မာမုန့် ) ၊ ခွါား ခွါား ( ကရင် ) ၊ Super King ( ရှမ်းအစားအစာ ) ၊ ကချင်မြေ ( ကချင်အစားအစာ ) အဓိက အားဖြင့် ကယန်းလူမျိုးအစားအစာအစုံကို ပွဲတော် ညဈေးမှာ တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။

 

အဲဒါကြောင့် ပွဲမှာ အစားအသောက်တွေ စုံနေအောင်စားချင်သူများတွက် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

 ပွဲတော်ကျင်းပမည့်ရက်ကတော့


- ပွဲတော်ရက် - 20.3.2019 to 24.3.2019 ထိ


- ပွဲကျင်းပချိန် - 12 AM to 10 Pm အတွင်း


- ပွဲကျင်းပမယ့်နေရာက -  Sanchaung Food Town ( ပြည်သူ့ ရင်ပြင်နေရာ ) ၊ ဓမ္မစေတီလမ်းဘက်က ပြည်သူ့ ရင်ပြင်ဝင်ပေါက်ကနေ ဝင်ရမှာဖြစ်ပြီး လေယဉ် ၂ စင်း ရှိနေတဲ့ နေရာမှာ ကျင်းပမှာ ဖြစ်ပါတယ်။

 

ရန်ကုန်မှာ တစ်မူထူးခြားတဲ့ ပွဲတော်ဖြစ်တဲ့အတွက် ပါဝင်ဆင်နွဲကြဖို့  တင်ပေးလိုက်ပါတယ်။

Read times
Rate this item
(1 Vote)