Food & Livestock
ပဲအချို့ ဈေးမြင့်တက်နေကြောင်း သိရ
အိန္ဒိယနိုင်ငံနှင့် ချုပ်ဆိုထားသည့် ပဲဝယ်ယူရေး စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သော်လည်း အိန္ဒိယကုန်သည်များက
ဆက်လက်ဝယ်ယူမှုများ ရှိနေသဖြင့် ဈေးကွက်အတွင်း ပဲတချို့၏ ဈေးနှုန်းများ မြင့်တက်နေကြောင်း မန္တလေး ကုန်စည်ဒိုင်ရှိ ကုန်သည်များထံမှ သိရပါတယ်။
အိန္ဒိယနိုင်ငံမှ မြန်မာ့ပဲမျိုးစုံကို ဝယ်ယူမည့် စာချုပ်သက်တမ်းမှာ နိုဝင်ဘာလ အတွင်းက သက်တမ်းကုန်ဆုံးသွားခြင်းဖြစ်ပြီး အိန္ဒိယ ကုန်သည်များက ဆက်လက်ဝယ်ယူ နေဆဲဖြစ်သည့်အတွက် ပဲဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ယခုရက်ပိုင်းအတွင်း ဈေးမြင့်တက်နေသည့် ပဲတချို့မှာ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီ စိမ်းတို့ဖြစ်ကြောင်း၊ လက်ရှိတွင် ဈေးကွက်အတွင်း မတ်ပဲသုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၈၅ဝဝဝ မှ ၈၇ဝဝဝ အတွင်း၊ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၈၃၅ဝဝ မှ ၈၅ဝဝဝ ဝန်းကျင်၊ ပဲတီစိမ်း သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁ဝ၅ဝဝဝ မှ ၁ဝ၆ဝဝဝ ဝန်းကျင် စသည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် ပဲတချို့မှာလည်း ဈေးကွက်ထဲ ဝင်ရောက်နေပြီး မကြာမီ တရုတ်နိုင်ငံမှလည်း ပဲအဝယ် လိုက်လာနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။