Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲဈေးကျမှုကို ကုစားနိုင်မည့် အစားထိုးသီးနှံ ပြောင်းလဲစိုက်ပျိုးရန် ဒုသမ္မတ တိုက်တွန်း

ပြည်တွင်းဈေးကွက်တွင် ပဲဈေးကျနေခြင်းကို ပြန်လည်ကုစားနိုင်ရန် မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုဖွံ့ဖြိုးတိုးတက်

ရေးဆွေးနွေးပွဲကို ဩဂုတ် ၁၈ ရက်တွင် ရန်ကုန်မြို့၌ပြုလုပ်သည်။

 

အိန္ဒိယနိုင်ငံမှ ပဲတင်သွင်း ရန် အချိန်သတ်မှတ်ရက်ကုန်ဆုံး ရန် ၁၂ ရက်ကျန်ရှိချိန်တွင် ပဲစိုက် ပျိုးသည့် တောင်သူလယ်သမားများ၊ ကုန်သည်များ ကြုံတွေ့ရ မည့်အခက်အခဲကို ကျော်လွှားနိုင်ရေး အခြားသီးနှံပြောင်းလဲစိုက်ပျိုးမည့် အစီအစဉ်များ ကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးရန် ကုန် သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်ရုံးတွင် ပြု လုပ်သောဆွေးနွေးပွဲတွင် နိုင်ငံ တော်ဒုတိယသမ္မတဦးဟင်နရီဗန် ထီးယူက ပြောကြားသည်။

 

ဈေးကွက်ဝင် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေး တောင်သူ လယ်သမားများအား အသိပေး ရေးကို လျင်လျင်မြန်မြန်နှင့်ကျယ် ကျယ်ပြန့်ပြန့်ပြုလုပ်ရန် ဒုသမ္မတ က တိုက်တွန်းပြောကြားသည်။

 

အစိုးရကလည်း ရိတ်သိမ်းချိန်လွန် နည်းပညာ၊ ဈေးကွက် ရရှိရေးနှင့် သီးနှံပေါ်ချိန်နိုင်ငံခြား ငွေတည်ငြိမ်ရေးတို့ကို ဆောင် ရွက်ပေးမည်ဟု ဒုသမ္မတကဆိုသည်။ အိန္ဒိယနိုင်ငံက ပဲအ၀ယ် ကန့်သတ်ပြီးနောက် ယခုနှစ်မိုး ရာသီတွင် ပဲစင်းငုံစိုက်ပျိုးမှုဧက ငါးသိန်းကျော် လျော့နည်းခဲ့ ကြောင်း ပြောကြားသည်။

 

အိန္ဒိယမှပဲတင်သွင်းရန် ခွဲ တမ်းသတ်မှတ်ချက်သည် တောင် သူလယ်သမားများသာမက ကုန် သည်များအပါအ၀င် လုပ်ငန်းစဉ် တစ်လျှောက်ပါဝင်သူများထိခိုက် ခဲ့ခြင်းကြောင့် အခြားသီးနှံပြောင်း လဲစိုက်ပျိုးရေး ဆောင်ရွက်လာ ကြောင်း၊ အစေ့ထုတ်ပြောင်း၊ ချက်ကြံနှင့် ချည်မျှင်ရှည်ဝါတို့ပိုမို စိုက်ပျိုးလာသည်ကို တွေ့ရ ကြောင်း ဒုတိယသမ္မတကပြော သည်။

 

‘‘မိုးစပါးအပြီး ဆောင်းသီးနှံ အဖြစ် မတ်ပဲစိုက်ပျိုးမည့်နေရာ မှာ အစားထိုးသီးနှံစိုက်ပျိုးဖို့ အခု ဆွေးနွေးပွဲမှာ ဆွေးနွေးရမှာဖြစ် ပါတယ်’’ ဟု ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် မိုးရာသီ၌ စပါးပြီးလျှင် ပဲစင်းငုံစိုက်ပျိုးမှုအ များဆုံးဖြစ်ပြီး ယခုနှစ်တွင် ပဲစင်း ငုံအပါအ၀င် အခြားပဲစိုက်ဧက ၂ ဒသမ ၉ သန်းစိုက်ပျိုးထားသည်ဟု စာရင်းများတွင် ဖော်ပြထား ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။

 

မြန်မာနိုင်ငံတွင် မိုးရာသီ၌ ပဲစိုက်ဧက ၃ ဒသမ ၈၉သန်းရှိပြီး ဆောင်းရာသီတွင် စိုက်ဧက ၇ ဒသမ ၇ သန်းကျော်ရှိကြောင်း ၎င်းကပြောသည်။ မိုးနှင့်ဆောင်း ရာသီပဲမျိုးစုံစိုက်ဧကစုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းတွင် ပဲစင်းငုံစိုက် ပျိုးသည်။

 

မြန်မာနိုင်ငံ၏ ပြည်ပပဲတင် ပို့မှုသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် တွင် တန်ချိန်တစ်သန်းကျော်ရှိ နေသော်လည်း ပဲမျိုးစုံရောင်းချမှု မှ ၀င်ငွေ ကန်ဒေါ်လာသန်း ၇၀၀ ကျော်ရရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း မြင့်က ပြောသည်။

 

ယခုဘဏ္ဍာနှစ်တွင် အိန္ဒိယ မှ ပဲတင်သွင်းခွင့်ရရှိပြီး ပဲဈေးနှုန်း များပြန်လည်မြင့်တက်လာမည် ဟု မျှော်မှန်းခဲ့သော်လည်း ပြည် တွင်းပဲဈေးနှုန်း ကျဆင်းနေသည် ကိုတွေ့ရသည်ဟု ဦးသန်းမြင့်က ပြောသည်။

 

လက်ရှိတွင် ပဲဈေးကျဆင်း နေမှုက အိန္ဒိယနိုင်ငံ၏ပဲတင်သွင်း မည့်အချိန်ကန့်သတ်ချက်ပြည့်ရန် နီးစပ်လာသဖြင့် ပြည်တွင်းမှပဲ သိုလှောင်ထားသူများက စိုးရိမ် စိတ်ဖြင့် ရောင်းချခြင်းကြောင့်ဈေး နှုန်းများ ကျဆင်းနေရကြောင်း  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌဦးဇော်မင်းဝင်း က ပြောသည်။

 

ယင်း အကျပ်အတည်းကိုကျော်လွှားရန် ယခုဆွေးနွေးပွဲတွင် တောင်သူလယ်သမားများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များ၏ ဆွေးနွေးအကြံပြုချက်ကို နိုင်ငံတော်ဒုတိယ သမ္မတနှင့် သက်ဆိုင် ရာဝန်ကြီးဌာနထံ တင်ပြမည်ဟု ၎င်းကပြောကြားသည်။

 

လက်ရှိပြည်တွင်းပဲဈေးနှုန်း ကျဆင်းမှုက တောင်သူများ၊ ကုန် သည်များသာမက နိုင်ငံတော်အ တွက်လည်း ထိခိုက်မှုရှိသည်ဟု ဦးသန်းမြင့်ကပြောသည်။

 

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပြည်ပ သို့ ပဲမျိုးစုံတင်ပို့မှုအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

 

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၂ သန်းတင်ပို့ပြီး ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိခဲ့သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင်ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရရှိပြီး ၂၀၁၇-၁၈ တွင် ကန်ဒေါ်လာသန်း ၇၀၀ ကျော်သို့ ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 10:28
Rate this item
(2 votes)