Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အီးယူကို အခွန်ကင်းလွတ်ခွင့်ရတဲ့ ဆန်ကွဲနဲ့ လုံးလတ်ဆန်များ အစားထိုးတင်ပို့

ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများက ဆန်လုံးရှည်တင်ပို့မှုအပေါ် အခွန်စတင်ကောက်ခံလိုက်ခြင်းကြောင့် လုံးလတ်ဆန်များ အစားထိုးတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောကြားပါတယ်။

 

“လုံးလတ်ကို အခွန်မကောက်ဘူး။ လုံးရှည်တစ်မျိုးကိုပဲ အခွန်ကောက်တဲ့အတွက် လုံးလတ်ဆန်တွေတော့ သွားနေတယ်” လို့ ၎င်းက ပြောပါတယ်။

 

အီးယူဈေးကွက်နိုင်ငံများကို ဆန်လုံးရှည်တင်ပို့မှုအပေါ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလက အခွန်စတင် ကောက်ခံလိုက်ခြင်းကြောင့် ဆန်ကွဲနဲ့ ဆန်လုံးလတ် အမျိုးအစားကိုသာ အများဆုံးတင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရပါတယ်။

 

အီးယူအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ စပိန်နဲ့ အီတလီနိုင်ငံတို့က ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေဖို့အတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကင်းလွတ်ခွင့်ပေးထားတဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကို သုံးနှစ်ခန့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်။

 

အီးယူက မြန်မာ့ဆန်တင်ပို့မှုကို သုံးနှစ်ခန့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ပထမနှစ်မှာ ဆန်မက်ထရစ် တစ်တန်ကို ( ၁၇၅ ) ယူရို၊ ဒုတိယနှစ်မှာ ( ၁၅၀ ) ယူရိုနဲ့ တတိယနှစ်မှာ ( ၁၂၅ ) ယူရို ကောက်ခံမှာဖြစ်ပြီး သုံးနှစ်ခန့် ကောက်ခံပြီးပါက အခွန်ကောက်ခံမှုကို ပြန်လည်သုံးသပ်ပေးမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရပါတယ်။

 


Read More >>>>>  မနက်စာပုံမှန်စားခြင်းဖြင့် နှလုံးကျန်းမာရေးကို ဂရုစိုက်ကြပါစို့

 

 
“ဆန်လုံးရှည်မသွားဘဲနဲ့ ဆိုက်ပြောင်းပြီးသွားတာ။ အလျားနဲ့ လုံးပတ်အချိုးက ( ၃ ) မီလီမီတာမကျော်ရင် ပို့လို့ရတဲ့အတွက် လုံးလတ်ဆန်တွေ အစားထိုးသွားနေတာပါ။ ဈေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ( ၄၂၀ ) ဝန်းကျင်လောက် ရောင်းရပါတယ်” လို့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးထင်ဇော်လှိုင်က ပြောကြားပါတယ်။

 

မြန်မာနိုင်ငံမှ ဆန်နဲ့ ဆန်ကွဲတန်ချိန် ( ၄ ) သိန်းခန့်ကို အီးယူဈေးကွက်ဆီ နှစ်စဉ်တင်ပို့မှုရှိတယ်လို့ ၎င်းအသင်းချုပ်ထံမှ သိရပါတယ်။

 

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်နေ့အထိ အီးယူဈေးကွက်များကို ဆန်လုံးလတ်တန်ချိန် တစ်သိန်းကျော်နဲ့ ဆန်ကွဲတန်ချိန် တစ်သိန်းကိုးသောင်းကျော်၊ စုစုပေါင်းတန်ချိန် သုံးသိန်းကျော် တင်ပို့ထားပြီး ဆန်လုံးရှည်အပေါ် အခွန်ကောက်ခံလိုက်တဲ့အတွက် အရင်နှစ်စဉ်တင်ပို့မှုထက် တန်ချိန် တစ်သိန်းခွဲကျော် လျော့ကျနေကြောင်း သိရပါတယ်။

 

Source: The Voice

Read times Last modified on Saturday, 15 June 2019 11:05
Rate this item
(1 Vote)