Food & Livestock



ဖိလစ်ပိုင် ဆန်ဖူလုံမှု ရရှိဟု စိုက်ပျိုးရေးဌာန ပြောကြား

ဖိလစ်ပိုင် ဆန်ဖူလုံမှု ရရှိဟု စိုက်ပျိုးရေးဌာန ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဖိလစ်ပိုင်နိုင်ငံသည် လာမည့် ၂၀၂၄ ခုနှစ် မတ်လ ရိတ်သိမ်းရာသီစတင်ချိန်အထိ လူဦးရေ၏ ဆန်စားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဆန်အလုံအလောက် ရရှိထားကြောင်း ဖိလစ်ပိုင်နိုင်ငံ  စိုက်ပျိုးရေးဌာနမှ  ပြောကြားသည်။

 

ပုဂ္ဂလိကကဏ္ဍမှ တင်သွင်းသည့် ဆန်မက်ထရစ်တန်ချိန် တစ်သန်းခွဲနီးပါးသည် ဒီဇင်ဘာလမှ လာမည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ်သည်။

 

စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr နှင့်   ဆန်တင်သွင်းခွင့်ပါမစ် ကိုင်ဆောင်ထားသူများအကြား သဘောတူညီချက်နှင့်အညီ တင်သွင်းသွားမည် ဖြစ်သည်။

 

"တင်သွင်းတဲ့ ဆန်တန်ချိန် တစ်သိန်းဝန်းကျင် ရောက်ရှိနေပြီဆိုတဲ့ အစီရင်ခံစာကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ်။ ဒါဟာ တင်သွင်းခွင့် ပါမစ်ပေးထားတဲ့  မက်ထရစ်တန် ၄၉၅,၀၀၀ ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်" ဟု စိုက်ပျိုးရေးဌာန တာဝန်ခံ Navarro က ပြောကြားသည်။ 

မကြာသေးမီလများအတွင်း ပြည်တွင်း စပါးရိတ်သိမ်းမှုနှင့် ပေါင်းလိုက်လျှင်  လာမည့်မတ်လတွင် စတင်ရိတ်သိမ်းချိန်အထိ  ဆန် လုံလောက်စွာ ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

 နိုင်ငံတဝှမ်း ဆန်စားသုံးမှုသည် တစ်ရက်လျှင် မက်ထရစ်တန် ၃၆၀၀၀ ဝန်းကျင် သို့မဟုတ် တစ်လလျှင် တန်ချိန် ၁.၀၈ သန်းခန့်ရှိသည်ဟု ၎င်းက ပြောကြားသည်။

 

ထိုင်ဝမ်မှ လှူဒါန်းသည် ဆန်အိတ်များတွင် မက်ထရစ်တန် ၁ ထောင် ရောက်ရှိခဲ့ပြီး ကျန်တဝက် မကြာမီရောက်လာမည် ဖြစ်ပါသည်။ 

 

ဇန်နဝါရီလတွင် အိန္ဒိယထံမှ ဆန် မက်ထရစ်တန် ၇၅,၀၀၀ ရောက်ရှိလာဦးမည် ဖြစ်သည်။ 

 Source GMA News


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 30 December 2023 13:13
Rate this item
(0 votes)