Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်တန်ချိန် လေးသန်းကို ၂၀၂၀ ပြည့်နှစ်တွင် တင်ပို့နိုင်ရန် မျှော်မှန်း

ဆန်တန်ချိန် လေးသန်းကို ၂၀၂၀ ပြည့်နှစ်တွင် တင်ပို့နိုင်ရန် မျှော်မှန်း google.com

၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းဆန် ဖူလုံရုံသာမက ဆန်တန်ချိန် လေးသန်းပြည်ပတင်ပို့နိုင်ရန်

ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နေဖြင့် ပုဂ္ဂလိကကုန်သည် စက်ပိုင်များ ကုမဏီများကို ဦးဆောင်စည်းရုံး၍ လုပ်ကွက်ငယ်တောင်သူလယ်သမားအများစု စိုက်ပျိုးထုတ်လုပ်သော စပါးများကို စပါးပေါ်ချိန်တွင် ဈေးကောင်း ရရှိရေးအတွက်လည်းကောင်း ပြည်တွင်းပြည်ပဈေးကွက်တွင် တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း ဦးဆောင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

အခြေခံစပါးဈေးနှုန်းသတ်မှတ်ခြင်းကိုလည်း တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ပြည်တွင်ဈေးကွက်ဈေးနှုန်းများ နိုင်ငံတကာဈေးနှုန်းများ စသော အခြေအနေများကို မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ စိုက်ပျိုးထုတ်လုပ်မှုရာသီအတွက် ဖြစ်သင့်သော အခြေခံဈေးနှုန်းကိုရာသီအလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

၂၀၁၈ ရာသီ မိုး၊ နွေစပါးအခြေခံနှုန်းအား ၁၄ ရာခိုင်နှုန်း အစိုဓာတ်၊ အဖျင်းအမှော် ဖုန်ခဲသဲ သတ်မှတ်ချက်နှင့်အညီ ၄၆ ပေါင်ကိုက်တင်း ၁၀၀ လျှင် ငါးသိန်းကျပ်ဈေးဖြင့် ၀ယ်ယူမည်ဖြစ်ပြီး အခြေခံ ဈေးနှုန်းထက် ပိုမိုပါက ဈေးကွက်ပေါက်ဈေးအတိုင်း ၀ယ်ယူပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

၂၀၂၀ ပြည့်နှစ်တွင် အရည်အသွေးမီ ဆန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး၊ မြန်မာ့ဆန်စပါးကဏ္ဍမှ ငွေကျပ် ဘီလျံ ၆၀၀၀ ကျော်နှင့် ပြည်ပပို့ကုန်မှ ၀င်ငွေ ၁ ဒသမ ၅ ဘီလျံထိ တိုးတက်ထုတ်လုပ်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ပြည်ပသို့ ဆန်တင်ပို့နိုင်မှုသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလလယ်အထိ တန်ချိန် ၃ ဒသမ ၁၃ သန်းကို တင်ပို့ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

 

Source: Pyimyanmar

Read times Last modified on Wednesday, 19 September 2018 11:17
Rate this item
(0 votes)