Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသင့်ထုပ်ပိုးထားသော စားသောက်ကုန် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာအမိန့် အခန်း(၈)

အခန်း(၈)
ကင်းလွတ်ခွင့်

 

 

၂၇။ အမှတ်တံဆိပ်ဖော်ပြခြင်းဆိုင်ရာ ကင်းလွတ်ခွင့်အနေဖြင့် ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးဘက်ဝင်ပစ္စည်းများမှအပ ကုန်ပစ္စည်း၏ အကျယ်ဆုံးမျက်နှာပြင်သည် ၁၀ စတုရန်းစင်တီမီတာအောက်ငယ်လျှင် အပိုဒ် ၇၊ ၁၁၊ ၁၂၊ ၁၃ နှင့် အပိုဒ် ၁၄ တို့တွင် ပြဋ္ဌာန်းထားသည်တို့ကို ဖော်ပြခြင်းမှ ကင်းလွတ်ခွင့်ပြုသည်။

 

 

၂၈။ လက်လီဆိုင်များတွင် ရောင်းချသူကိုယ်တိုင် ထည့်သွင်းထုပ်ပိုးပေးသော သို့မဟုတ် ယာယီထုပ်ပိုးထားသော အစားအသောက်များသည် ဤအမိန့်ပါ အမှတ်တံဆိပ်ကပ်ခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

 

 

၂၉။ (က) အစားအသောက်၏ အရည်အသွေးအတွက်ဖြစ်စေ၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်အရဖြစ်စေ အထုပ်ကြီးထဲတွင် အထုပ်ငယ်များ ထုပ်ပိုးထည့်သွင်းထားပါက ယင်းအထုပ်ငယ်များသည် အမှတ်တံဆိပ်ကပ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

(ခ) သို့ရာတွင် အထုပ်ကြီးပေါ်တွင် အမှတ်တံဆိပ်သတ်မှတ်ချက် အပြည့်အစုံပါရှိရမည့်အပြင် အတွင်းရှိအထုပ်ငယ်များကို လက်လီရောင်းချခြင်း သို့မဟုတ် တိုက်ရိုက်ပြင်ဆင်တည်ခင်းခြင်း မပြုရန် ထင်ရှားပေါ်လွင်စွာ သတိပေးဖော်ပြထားရမည်။

 

(ဂ) အထုပ်ကြီးတွင် ပါဝင်သည့် အထုပ်ငယ်လေးများကို လက်လီရောင်းချရန် သို့မဟုတ် တိုက်ရိုက်ပြင်ဆင်တည်ခင်းရန် ရည်ရွယ်ထုတ်လုပ်ထားပါက အမှတ်တံဆိပ်ကပ်ခြင်း မှကင်းလွတ်ခွင့်မရပဲ ယင်းအထုပ်ငယ်များပေါ်တွင် အမှတ်တံဆိပ် သတ်မှတ်ချက်အပြည့်အစုံကို ဖော်ပြပေးရမည်။

 

 

၃၀။ စားသုံးသူထံ တိုက်ရိုက်ရောင်းချခြင်း မပြုဘဲ ပြုပြင်ထုတ်လုပ်သည့် သို့မဟုတ် ထုပ်ပိုးသည့် လုပ်ငန်းတစ်ခုခုထံ ရောင်းချရန် အသင့်ထုပ်ပိုးထားသော အစားအသောက်များသည် ဤအမိန့်ပါ ပြဋ္ဌာန်းချက်၏ အမှတ်တံဆိပ်ကပ်ခြင်းမှ ကင်းလွတ်ခွင့်ရရှိသော်လည်း အမှတ်တံဆိပ်ကပ်ခြင်းနှင့် သက်ဆိုင်သည့် လုံလောက်သော သတင်းအချက်အလက် ထောက်အထားအပြည့်အစုံကို ဝယ်ယူသူထံ သီးခြားစာရွက်စာတမ်း သို့မဟုတ် အီလက်ထရောနစ်နည်းလမ်း စသည့်တစ်နည်းနည်းဖြင့် ပေးအပ်ရမည်။

 

ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့

#MyanmarFoodGuide

Read times Last modified on Tuesday, 30 August 2022 14:42
Rate this item
(0 votes)