Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယူနန်တွင် ဖမ်းဆီးမှုများကြောင့် တရုတ်ကုန်သည်များ ဆန်နှင့်သကြား ဝယ်လိုအားလျှော့ချ

ယူနန်ပြည်နယ်တွင် ဖမ်းဆီးမှုများ ရှိခြင်းကြောင့် ယခု ရက်ပိုင်း၌ တရုတ်ကုန်သည်များ မူဆယ်မြို့၌ သကြားနှင့်ဆန်ကို အဝယ်လျှော့သဖြင့် ဈေးကျလာ ကြောင်း မူဆယ်မြို့ရှိ ကုန်သည် အချို့က ပြောသည်။

 

နယ်စပ်ကုန်သွယ်ရေးဖြင့်  မူဆယ်မှ ယူနန်ပြည်နယ်သို့ သ ကြားရောင်းချရာတွင် ဇူလိုင် ၅ ရက်က စတင်ပြီး သကြားတစ် အိတ်လျှင် ခြောက်ယွမ် (ကျပ် ၁,၂၅၀) ခန့် ဈေးကျဆင်းကာဆန် တစ်အိတ်လျှင် နှစ်ယွမ် (ကျပ် ၄၀၀ ကျော်)  ဈေးကျလာကြောင်း ကုန်သည်အချို့က ပြောသည်။

 

ယူနန်ပြည်နယ်မှ တရုတ် ကုန်သည်များ အဝယ်လျှော့ချ သော်လည်း ပြည်တွင်းမှ မူဆယ် နယ်စပ်သို့ ယခုရက်ပိုင်းတွင် သ ကြားအိတ် တစ်သိန်းနှစ်သောင်း၊ ဆန်အိတ်ခြောက်သောင်းခွဲ အ ၀င်ရှိနေသည်။

 

မူဆယ်မြို့မှ  တစ်ရက်ရောင်းချရသည့် သကြားအိတ် လေးသောင်းကျော်၊ ဆန်အိတ်နှစ်သောင်းခွဲသာ ရှိခြင်းကြောင့် ဂိုဒေါင်များတွင် ချထားရကြောင်း မူဆယ်မြို့ရှိ ဆန်နှင့်သကြားကုန်သည်အချို့က ပြောသည်။

 

မြန်မာ၊ တရုတ် နှစ်နိုင်ငံနယ် စပ်ကုန်သွယ်ရေး လမ်းကြောင်း လေးခု စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ၈၀ ရာခိုင်နှုန်းကျော် ကုန်သွယ်နေသည့် မူဆယ်၊ ရွှေလီကုန်သွယ်ရေး လမ်းကြောင်းသည် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အဓိက အားထားနေရသည်။

 

မြန်မာနိုင်ငံ၏  လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များစွာကို နေ့စဉ်ဒေါ်လာသန်းချီတင်ပို့နေရသည့် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည်။

 

မူဆယ်၊ မန္တလေး ကုန်သွယ် ရေးလမ်းကြောင်းတွင် ကုန်စည်ပို့ ဆောင်ရေး ကုန်တင်ယာဉ်များ သည် အဓိက အားထားရသည့် သယ်ယူပို့ဆောင်ရေး ယာဉ်များဖြစ်သည်။ ကုန်တင်ယာဉ်တစ်စီး၏ ကုန်စည်ပို့ဆောင်ခ ဈေးနှုန်းကလည်း  မူဆယ်၊ ရွှေလီနယ်စပ် ကုန်သွယ်ရေး၌ များစွာအရေးပါနေသည်။

 

Read More >>>> မြန်မာနိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ၀က်သား တင်ပို့

လက်ရှိ ရန်ကုန်မှ မူဆယ်မြို့ သို့ ကုန်စည်ပို့ဆောင်ခ ဈေးနှုန်း တစ်တန်လျှင် ရှစ်သောင်းရှစ်ကျပ် အထိဈေးမြင့် တက်လာသည်။ ကုန်ပစ္စည်းတစ်တန် ကျပ်ခြောက် သောင်းမှ ၅၀ ရာခိုင်နှုန်းခန့် ဈေး မြင့်တက်လာခြင်းကြောင့် ကုန် ပစ္စည်းတင်ပို့မည့် ကုန်သည်အချို့ အတွက် အခက်အခဲဖြစ်ကြောင်း ဘုရင့်နောင်မှ ဆန်ကုန်သည် အ ချို့က ပြောသည်။

 

ဒေါ်လာ ဈေးတက်၍ စက် သုံး ဆီဈေးတက်သဖြင့် လက်ရှိ ကုန်စည် ပို့ဆောင်ခနှုန်းသည် ကုန်တင်ယာဉ် တည်ထောင်ထား သည့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် အရင်းအနှီးမျှသာ ပြန် လည်ရရှိကြောင်း မူဆယ်မြို့မှ ကုန်တင်ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:52
Rate this item
(2 votes)