Food & Livestock
မြန်မာကုမ္ပဏီတစ်ခု ဖိလစ်ပိုင်အစိုးရ ဆန်တင်ဒါအောင်
ဆယ်စုနှစ်တစ်ခုအ တွင်း ဖိလစ်ပိုင်အစိုးရ၏ဆန်တင် ဒါကို မြန်မာနိုင်ငံက ပထမဆုံး အောင်မြင်ခဲ့ပြီး
ရွှေဝါရောင် စိုက်ပျိုးရေးထုတ်ကုန်ကုမ္ပဏီက ဆန်တန်ချိန် ၂၈,၀၀၀ ကို နှစ်လ အတွင်း တင်ပို့ရောင်းချခွင့်ရရှိခဲ့ သည်။
အရန်ဆန် ဖြည့်ဆည်းရန် ပြည်ပမှဆန်တန်ချိန် ငါးသိန်းကို ဖိလစ်ပိုင်အစိုးရတင်ဒါစနစ်ဖြင့် ၀ယ်ယူရန်ကမ်းလှမ်းရာတွင် မြန် မာနိုင်ငံမှ ဆန်တင်ပို့သည့်ကုမ္ပဏီ တစ်ခုအပါအ၀င် အာဆီယံနိုင်ငံ များမှ ဆန်ကုမ္ပဏီငါးခုတင်ဒါ အောင်မြင်ခဲ့သည်။
‘‘ဖိလစ်ပိုင်က မြန်မာဆန်ကို အသိအမှတ်ပြုတဲ့သဘောပါ’’ ဟု တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ ပိုင်ရှင်ဦးလူမော်မြင့်မောင်က ပြောသည်။ဖိလစ်ပိုင်နိုင်ငံသည် ပြည်ပ မှ ဆန်တင်သွင်းနေသည့်နိုင်ငံ ဖြစ်ပြီး ယခင်က ထိုင်း၊ ဗီယက် နမ်နိုင်ငံတို့မှ ဆန်ကိုအဓိကထား တင်သွင်းသည်။ မြန်မာဆန်ကို ၀ယ်ယူခြင်းသည် ဆန်အရည်အ သွေးကို နှစ်သက်လာခြင်းကြောင့် အသိအမှတ်ပြု ၀ယ်ယူခြင်းဖြစ် သည်ဟု ဦးလူမော်မြင့်မောင်က ပြောသည်။
လက်ရှိတင်ဒါစနစ်ဖြင့် ၀ယ် ယူခြင်းအပြင် အစိုးရချင်းသဘော တူညီမှုဖြင့်လည်း မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် ဖိလစ်ပိုင်အစိုး ရက စိတ်ဝင်စားနေသည်။
နိုဝင်ဘာ ၂၈ ရက်ပြည်သူ့ လွှတ်တော်တွင် ဖိလစ်ပိုင်ဈေး ကွက်သို့ မြန်မာနိုင်ငံမှ ဆန်များ မကြာမီ တိုးချဲ့တင်ပို့နိုင်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်ထူးက ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံက တင်ဒါ စနစ်ဖြင့် ၀ယ်ယူမည့်ဆန်အမျိုး အစားသည် ဆန်ကြမ်း ၂၅ မှတ် အမျိုးအစားဖြစ်သော်လည်း အာ ဖရိကနိုင်ငံများသို့ တင်ပို့နေသည့် ဆန်အရည်အသွေးထက်ပိုမြင့်နေ သည်ဟု ပြည်ပဆန်တင်ပို့နေ သည့်ကုန်သည်အချို့က ပြော သည်။
လက်ရှိတင်ဒါတွင် မြန်မာ က တင်ပို့မည့်ဆန်က ၅ ရာခိုင် နှုန်းကျော်သာ ပါဝင်သော်လည်း တရုတ်ဝယ်လိုအားလျော့နည်းနေ ချိန်တွင် ဖိလစ်ပိုင်ဈေးကွက်အ သစ်က မြန်မာ့လယ်ယာကဏ္ဍအ တွက် ထွက်ပေါက်ကောင်းတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှု ဆောင်ဦးမျိုးသူရအေးက ပြောသည်။
ဖိလစ်ပိုင်အစိုးရ၏ တင်ဒါ အပြင် ဖိလစ်ပိုင်ဆန်ကုန်သည် များကလည်း မြန်မာဆန်ကို ၀ယ် ယူလာသည်ဟု ဆိုသည်။ ထို့အ ပြင် မြန်မာနိုင်ငံ၏ဆန်ဈေးနှုန်း သည် အာဆီယံဒေသတွင်းဆန်အ များဆုံးတင်ပို့သည့် ထိုင်း၊ ဗီ ယက်နမ်နိုင်ငံတို့ထက် ဈေးလျော့ နည်းခြင်းက အခွင့်အလမ်း ကောင်းတစ်ခုဖြစ်သည်ဟု ပြည်ပ သို့ဆန်တင်ပို့နေသည့် လုပ်ငန်း ရှင်အချို့က ပြောသည်။
အာဆီယံနှင့် အာရှတွင် မြန်မာနှင့်ပါကစ္စတန်နိုင်ငံမှ ဆန်ဈေး နှုန်းက အနည်းဆုံးအခြေအနေ တွင်ရှိသည်။ ထိုင်းဆန်ဈေးသည် ၂၅ မှတ်ဆန်တစ်တန်လျှင် ၃၆၂ ဒေါ်လာ၊ ဗီယက်နမ်သည် ၃၉၀ ဒေါ်လာဈေးရှိသည်။
မြန်မာနိုင်ငံမှ ဆန်တစ်တန် ဈေးနှုန်းက ၂၅ မှတ်အမျိုးအစား ကို ကန်ဒေါ်လာ ၂၉၀၊ ပါကစ္စတန် ဆန်က ၃၂၈ ဒေါ်လာဈေးရှိသည်။ နိုင်ငံတကာ ဆန်ဈေးကွက်တွင် ဈေး သက်သာသည့်အားသာချက် ကြောင့် ဖိလစ်ပိုင်အစိုးရ၏တင်ဒါ အောင်မြင်ထားသည့်ထိုင်း၊ ဗီ ယက်နမ်၊ အိန္ဒိယဆန်ကုမ္ပဏီတို့ က မြန်မာဆန်ကိုဝယ်လိုသည်ဟု ဆန်တင်ပို့သည့် လုပ်ငန်းရှင်အချို့က ပြောသည်။
၂၀၁၈ ဧပြီမှ နိုဝင်ဘာ ၂ ရက်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတန်ချိန် ၁ ဒသမ ၂၇ သန်းရှိပြီး နယ်စပ်ကုန်သွယ်ရေး ဖြင့် တရုတ်နိုင်ငံသို့ တန်ချိန်ခုနစ် သိန်းခန့်တင်ပို့ထားသည်။ ပြည်ပ ဆန်တင်ပို့မှုစုစုပေါင်းမှ ကန်ဒေါ် လာ ၄၄၁ သန်းကျော်ရရှိထားသည်။
ှSource: 7 days news