Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နယ်မှ ကြက်သွန်အ၀င်များလာသဖြင့် ရန်ကုန်ကြက်သွန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေ

ရန်ကုန်မြို့  ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်မှ ကြက်သွန်အ၀င်များလာ၍ ကြက်သွန်ဈေးနှုန်းများ

ဆက်လက်ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခင်က ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နယ်မှ တစ်နေ့လျှင် ကြက်သွန်ကားစီးရေ ၃၀ ခန့်သာ ၀င်ရောက်ရာမှ ယနေ့တွင် ကားစီးရေ ၄၀ ခန့် ၀င်ရောက်လာပြီး အ၀ယ်အေးနေသည့်အတွက် ဈေးနှုန်းများ ဆက်လက်ကျဆင်းနေရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ယနေ့တွင် ကြက်သွန်နီအသေးတစ်ပိဿာလျှင် ၅၀၀ ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၅၅၀ ကျပ်အထိ ဈေးနှုန်းရှိကာ ယခင်တစ်ပတ်ကထက် ၅၀ ကျပ်ခန့် ကျဆင်းနေကြောင်း သိရပါတယ်။

 

ယင်းအပြင် နယ်များတွင်လည်း ကြက်သွန်အ၀င်များသည့်အတွက် ဈေးနှုန်းများ ကျဆင်းနေပြီး ယနေ့တွင် ပခုက္ကူကြက်သွန်ဒိုင် သို့ ကုန်ပိဿာချိန် ရှစ်သောင်းခန့် ၀င်ရောက်ခဲ့ကာ တစ်ပိဿာလျှင် ၄၅၀ ကျပ်မှ ၄၇၅ ကျပ်အထိ ဈေးနှုန်းရှိနေပြီး ကုန်အ၀င်များသည့်အတွက်  ဈေးနှုန်းများကျဆင်းနေခြင်းဖြစ်ကာ ဈေးနှုန်းပြန်လည်ကောင်းမွန်လာမည့် အခြေအနေ မရှိသေးကြောင်း ကြက်သွန်ကုန်သည်များက သုံးသပ်ကြပါတယ်။


ပခုက္ကူ ကြက်သွန်ဒိုင်သို့ ရေစကြိုမြို့ နယ်များမှ မိုးကြက်သွန်နှင့် ယောချောင်းတစ်လျှောက်ရှိမြို့ နယ်များ ပေါက်မြို့ နယ်များမှ ဆောင်း ကြက်သွန်များ ၀င်ရောက်လေ့ရှိကြောင်း သိရပါတယ်။

 

မိုးကြက်သွန်များကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် စိုက်ပျိုးကာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရောင်းချကြကြောင်း သိရ ပါတယ်။


ကုန်းမြင့်ဒေသရှိ တောင်သူများမှာ ဇူလိုင်လတွင် စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင် ရောင်းချလေ့ရှိကြောင်း၊ ဆောင်းကြက်သွန်များကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတို့တွင် ရောင်းချလေ့ရှိကြပါတယ်။

 

ယခုနှစ် ဆောင်းကြက်သွန်စိုက်ပျိုးချိန်တွင် မိုးမိကာ အပင်များ ရောဂါဝင်သည့်အတွက် အထွက်နှုန်းလျော့နည်းခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 12:46
Rate this item
(3 votes)