Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘဏ္ဍာနှစ်ကုန်ဆုံးချိန်အထိ အိန္ဒိယ ပဲတင်သွင်းမှုမူဝါဒ မပြောင်းလဲ၍ မတ်ပဲဈေး ထပ်မံကျဆင်း

ပြည်တွင်းပဲကုန်သည် များက အိန္ဒိယအစိုးရ၏ ပဲတင် သွင်းမှု မူဝါဒ အပြောင်းအလဲကို စောင့်မျှော်နေသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်အထိ

အပြောင်း အလဲမရှိ၍ ပြည်တွင်း ဈေးကွက်တွင် မတ်ပဲဈေးနှုန်း ထပ်မံကျဆင်းခဲ့သည်။

 

မတ်ပဲအသစ်ပေါ်ချိန်တွင် အိန္ဒိယအစိုးရ၏ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲကို မြန်မာ နိုင်ငံမှ မတ်ပဲဝယ်ယူနေသည့် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် နိုင်ငံတို့က အခြေအနေစောင့် ကြည့်နေခြင်းကြောင့် ပြည်တွင်းပဲဈေး ထပ်မံကျဆင်းစေသည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

‘‘မြန်မာနိုင်ငံမှာ ပဲပေါ်ချိန် ဖြစ်နေတော့ အိန္ဒိယက ဘာလုပ် မလဲဆိုတာကို အားလုံးက စောင့် ကြည့်နေကြတယ်’’ဟု ဦးမင်းကို ဦးက ပြည်တွင်းဈေးကွက်တွင် ကြုံနေသည့် အခြေအနေကို ပြောသည်။

 

လက်ရှိ ပြည်တွင်းဈေးကွက် တွင် မတ်ပဲတစ်တန်လျှင် တစ် ပတ်အတွင်း ကျပ်တစ်သောင်းခွဲ ထပ်မံကျဆင်းခဲ့သည်။ ပြီးခဲ့ သည့်တစ်ပတ်က မတ်ပဲတစ်တန် လျှင် ကျပ် ၄၇၅,၀၀၀ မှ မတ်လ ၃၁ ရက်တွင် ကျပ် ၄၆၀,၀၀၀ သို့ ကျဆင်းလာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦး က ပြောသည်။ မတ်ပဲဈေး ကျ ဆင်းသော်လည်း ပဲစင်းငုံဈေး နှုန်းသည် တစ်ပတ်အတွင်း ကျပ် ၅,၀၀၀ ခန့် ဈေးပြန်မြင့်တက် လာသည်။ ပြီးခဲ့သည့်တစ်ပတ်က ပဲစင်းငုံတစ်တန်လျှင် ကျပ် ၃၉၅,၀၀၀ မှ မတ်လ ၃၁ ရက် တွင် ကျပ် ၄၀၀,၀၀၀ သို့ မြင့် တက်လာကြောင်း ၎င်းက ပြော သည်။

 

ပြည်တွင်းပဲဈေးနှုန်း ကျ ဆင်းမှုကြောင့် အထွက်နှုန်းနည်း မည်ဟု ခန့်မှန်းထားသော တောင် သူများသည် ၎င်းတို့ပိုင် ပဲခင်းများ ကို ရိတ်သိမ်းခြင်းပင်မပြုတော့ ကြောင်း ဧရာဝတီတိုင်းနှင့် မကွေး တိုင်းမှ တောင်သူအချို့ကပြော သည်။

 

အိန္ဒိယအစိုးရက ၂၀၁၇ သြဂုတ်တွင် ပြည်ပမှ ပဲတင်သွင်း မှုကို ပမာဏကန့်သတ်ထိန်းချုပ် ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် မတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်း ကျ ဆင်းခဲ့သည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်သည့် မတ်ပဲ စုစု ပေါင်း၏ ၇၀ ရာခိုင်နှုန်းနှင့် ပဲစင်းငုံ ၉၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့နေခြင်းကြောင့် ပြည်တွင်းပဲကုန်သည်များ၊ ပဲ စိုက်ပျိုးသည့် တောင်သူလယ် သမားများအတွက် အိန္ဒိယအစိုးရ၏ မူဝါဒအပြောင်းအလဲက အဓိကကျနေသည်။

 

Source: 7 days new

 

Read times Last modified on Tuesday, 18 September 2018 16:54
Rate this item
(1 Vote)