Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှားမှ စားအုန်းဆီရောင်းလိုအား တိုးမြှင့်မည့် အလားအလာကြောင့် ကမ္ဘာ့စားအုန်းဆီဈေးနှုန်း ကျဆင်းခဲ့

အင်ဒိုနီးရှားမှ စားအုန်းဆီရောင်းလိုအားကောင်းမည့် အလားအလာများကြောင့် ဩဂုတ်လ ၄ ရက် အစောပိုင်း ကုန်သွယ်မှုတွင်

မလေးရှားစားအုန်းဆီ စျေးနှုန်းမှာ ၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်ကို တွေ့ရပါသည်။

 

လာမည့် အောက်တိုဘာလအတွက် ကြိုပွိုင့် စားအုန်းဆီ အရောင်းအ၀ယ်စာချုပ် စတင်ချိန်၌ Bursa Malaysia ကုန်စည်ဒိုင်တွင် ၇၆ ရင်းဂစ် သို့မဟုတ် ၁.၉၇ % ကျဆင်းသွားပြီး တစ်တန်လျှင် ၃,၇၈၈ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၈၅၀.၄၇) သို့ ကျဆင်းသွားပါသည်။ နေ့လယ်ပိုင်း၌ ကြိုရောင်း ကြိုဝယ်စာချုပ် ဈေးနှုန်းမှာ တစ်တန်လျှင် ၃,၈၀၇ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၈၅၅.၁၂) ဖြစ်ခဲ့ပါသည်။

 


ယူကရိန်း နေကြာဆီ

ယူကရိန်း ဆိပ်ကမ်းများမှ ပို့ကုန်တင်ပို့မှုများ ပြမ်လည်စတင်နေပြီဖြစ်ရာ ကမ္ဘာ့နေကြာဆီ ထုတ်လုပ်မှု၏ ၆၀ % ခန့် ထုတ်လုပ်ပြီး၊ ထုတ်လုပ်မှု၏ ၇၆ % ကို တင်ပို့သည့် ပင်လယ်နက်ဒေသဘက်မှ နေကြာဆီများ ကမ္ဘာ့ဈေးကွက်ထဲ ရောက်ရှိလာလိမ့်မည်ဟုမျှော်လင့်ချက်များ ရှိလာပါသည်။

 

 

အပြိုင်အဆိုင်

အင်ဒိုနီးရှား အစိုးရက စားအုန်းဆီအပေါ် ပို့ကုန်ခွန်လျှော့ချပေးခြင်းနှင့် စားအုန်းဆီ တင်ပို့မှုမြင့်မားခြင်းတို့ကြောင့် အင်ဒိုနီးရှား စားအုန်းဆီနှင့် မလေးရှားစားအုန်းဆီတို့အကြား ပြိုင်ဆိုင်မှုဖြစ်‌ေပါ်‌ေနစေပြီး စားအုန်းဆီဈေးကျလာသဖြင့် စားသုံးသူများအတွက် ကုန်ကျစရိတ် ပိုမိုသက်သာလာစေပါသည်။

 

 

ထုတ်လုပ်မှုများ လျော့နည်းခဲ့

၂၀၂၁-၂၂ ခုနှစ်အတွင်း အင်ဒိုနီးရှားတွင် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများ၌ ပြတ်တောက်မှုများကြောင့် စားအုန်းဆီထုတ်လုပ်မှု ခန့်မှန်းခြေ တန်ချိန် ၄၆.၇ သန်းအထိ ကျဆင်းခဲ့ကာ၊ ယခင်နှစ်ကထက် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

 

 

မလေးရှားတွင်လည်း မျှော်လင့်ထားသည်ထက် ရှည်လျားသော အလုပ်သမား မလုံလောက်သည့် ပြဿနာများကြောင့် စားအုန်းဆီ ထုတ်လုပ်မှု ၂၀၂၁-၂၂ ရာသီတွင် တန်ချိန် ၁၈ သန်းအထိ လျှော့နည်းခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်သိုလှောင်မှုမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကုန်တွင် လစဉ် ၉.၈ ရာခိုင်နှုန်း တိုးလာဖွယ်ရှိပြီး၊ အဓိကအား ဖြင့် ထုတ်လုပ်မှုတိုးလာခြင်းကြောင့် တန်ချိန် ၁.၈၂ သန်းအထိ တိုးလာဖွယ်ရှိသည်။

 


၂၀၂၁ - ၂၂ တွင် ကမ္ဘာ့စားအုန်းဆီ တင်သွင်းမှုမှာ တန်ချိန် ၄၄.၉ သန်းအထိ ကျဆင်းနိုင်မည် ဟုခန့်မှန်းထားပြီး၊ ယခုနှစ် ဇူလိုင်လအတွင်း တင်သွင်းမှုမှတန်ချိန် ၄၅ သန်းမှ ၁ % အောက်ကျဆင်း ခဲ့ကာ၊ ယခင်နှစ်ထက် ၅.၇ % ကျဆင်းခဲ့ပါသည်။

 


စားအုန်းဆီဈေးမှာ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်တွင် စျေးကွက်ဝေစုလွှမ်းမိုးမှုရှိသောကြောင့် ဩဂုတ်လအတွင်း Dalian စတော့အိတ်ချိန်း တွင် ပဲပုပ်ဆီဈေး ၃.၃ % နှင့် စားအုန်းဆီဈေး ၄.၁ % ကျဆင်းခဲ့ပြီး၊ Chicago Mercantile Exchange တွင် ပဲပုပ်ဆီဈေး ၁.၂ % ကျဆင်း ခဲ့ပါသည်။

 

 Source: Vinanet/VITIC/Reuters

 

Read times Last modified on Thursday, 18 August 2022 15:30
Rate this item
(0 votes)