Food & Livestock
×
Warning
JUser: :_load: Unable to load user with ID: 540
"ရွှေ -အာဟာရ တန်ဖိုးသင့်စားဖွယ်စုံ တတိယမြောက် ဆိုင်ခွဲသစ် ထပ်မံဖွင့်လှစ် "
Unicode ဖြင့်ဖတ်ရန်
"ရွှေ -အာဟာရ တန်ဖိုးသင့်စားဖွယ်စုံ တတိယမြောက် ဆိုင်ခွဲသစ် ထပ်မံဖွင့်လှစ် "
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ထပ်မံ ဖွင့်လှစ်လိုက်တဲ့ ကိုစိုးလှိုင်​ဦးနှင်​့ သရုပ်​​ဆောင်​ ရတနာခင်​ မိသားစုမှ ဖွင့်လှစ်သော "ရွှေ"အာဟာရ တန်ဖိုးသင့်စားဖွယ်စုံ ဆိုင်သစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
နေရာကတော့ ကျောက်တံတားမြို့နယ် အနော်ရထာလမ်းပေါ်၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား အမှတ် ၁၇၈ တွင် ထပ်မံဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
"ဒီဆိုင်လေးကို ဖွင့်ခဲ့တာ ၁ နှစ်လောက်တော့ ရှိပါပြီ။ ပရဟိတအနေနဲ့ ဒီဆိုင်လေးကို ဖွင့်ဖြစ်တာပါ။ အခြေခံလူတန်းစားတွေအနေနဲ့ စျေးနှုန်းသင့်တင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ဖန်တီးရောင်းချပေးချင်တဲ့ ဆန္ဒနဲ့ ဒါကြောင့် ဒီဆိုင်လေးကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်" ဟု သရုပ်ဆောင် ရတနာခင် ကပြောကြားခဲ့ပါတယ်။
ရွှေ" အာဟာရ စားဖွယ်စုံတွင် တန်ဖိုးသင့်တင့်သည့် စျေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ရာ အနည်းဆုံး ငွေ ၅၀၀ ကျပ်ရှိရုံဖြင့် ထမင်းတစ်ခါပြင် (ဟင်းတစ်တုံး+အရည်ဟင်း+ငါးပိ-တို့စရာ အပါ)စားသုံးနိုင်မှာဖြစ်ပြီး လိုက်ပွဲတစ်ပွဲကို ၁၀၀ ကျပ်ဖြင့် လည်းကောင်း၊ အဝစား ၁၀၀၀ ကျပ်မှ စ၍ ဟင်းအမျိုးအစားများအပေါ်မူတည်ပြီး စျေးနှုန်းများ
အနည်းငယ် ကွာခြားမှု့ရှိကြောင်း၊ ၎င်းက ထပ်မံ ပြောကြားခဲ့ပါတယ်။
ဆိုင်တွင် မြန်မာအစားအစာ တစ်မျိုးထဲမဟုတ်ပဲ တရုတ်အစားအစာနှင့် ယိုးဒယား အစားအစာများကိုလည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ရာ နေ့စဉ် မနက် Brake Fart စားသုံးသည့်အချိန်မှစ၍ ညနေရုံးဆင်းချိန်အထိ ဆိုင်ကို ဖွင့်လှစ်ပေးသွားမည် ဟုသိရပါတယ်။
ရွှေ-အာဟာရ စားဖွယ်စုံသည် ယခုဆိုင်အပါအဝင် တာမွေမြို့နယ်တွင်လည်း ၂ ဆိုင်ဖွင့်လှစ်ထားရှိပြီး များမကြာမီတွင်လည်း ၈ မိုင်တွင် ဖွင့်လှစ်ထားရှိသော ၎င်း၏ စတုတ္ထမြောက်
ဆိုင်ခွဲကိုလည်း ထပ်မံဖွင့်လှစ်သွားမှာဖြစ်ကြောင်း ထပ်မံ၍ သိရှိရပါတယ်။
#Myanmar Food Industry Directory (WWH)
Bakeries မုန့်ဖုတ်လုပ်ငန်းပေါင်း ၅၆၆ ခုကိုရှာရန်နှိပ်ပါ။
ရွှေ" အာဟာရ စားဖွယ်စုံတွင် တန်ဖိုးသင့်တင့်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ရာ အနည်းဆုံး ငွေ ၅၀၀ ကျပ်ရှိရုံဖြင့် ထမင်းတစ်ခါပြင် (ဟင်းတစ်တုံး+အရည်ဟင်း+ငါးပိ-တို့စရာ အပါ)စားသုံးနိုင်မှာဖြစ်ပြီး လိုက်ပွဲတစ်ပွဲကို ၁၀၀ ကျပ်ဖြင့် လည်းကောင်း၊ အဝစား ၁၀၀၀ ကျပ်မှ စ၍ ဟင်းအမျိုးအစားများအပေါ်မူတည်ပြီး ဈေးနှုန်းများ အနည်းငယ် ကွာခြားမှု့ရှိကြောင်း၊ ၎င်းက ထပ်မံ ပြောကြားခဲ့ပါတယ်။
Read More >>>>>   ဒူးရင်းသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာများ
Read times Last modified on Monday, 17 February 2020 14:58
Rate this item
(1 Vote)