Food & Livestock



‌ဖိလစ်ပိုင်တွင် သွင်းကုန်ဆန် စည်းကမ်း ရက်သတ်မှတ်ချက် ပြင်ဆင်ပြောင်းလဲ

‌ဖိလစ်ပိုင်တွင် သွင်းကုန်ဆန် စည်းကမ်း ရက်သတ်မှတ်ချက် ပြင်ဆင်ပြောင်းလဲ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

‌ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန Department of Agriculture (DA) သည် ဈေးကွက်အတွင်း ဆန်အလုံအလောက် စီးဝင်ရန် ဆန်တင်သွင်းခွင့်ပါမစ်များအတွက် ရက်ကန့်သတ်ချက်ကို လျှော့ချလိုက်သည်။

ပြင်ဆင်သတ်မှတ်ချက် အသစ်အရ ပြည်ပမှ တင်သွင်းသည့် ဆန်များကို မူရင်းနိုင်ငံ မည်သည့်နိုင်ငံမှမဆို သန့်ရှင်းရေးနှင့် ဇီဝဆေး သန့်စင်ရေးဆိုင်ရာကင်းရှင်းချက် sanitary and phytosanitary import clearance (SPIC) ထုတ်ပေးသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဈေးကွက်ထဲသို့ တင်ပို့ရမည်ဖြစ်သည်။

 

 ယခင်က ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်တွင် ရက်ကာလ သတ်မှတ်ချက်များမှာ မြန်မာနိုင်ငံမှအပ အရှေ့တောင်အာရှနိုင်ငံများထံမှ တင်သွင်းထားသည့် ဆန် ဆိုပါက ရက်ပေါင်း ၆၀၊ မြန်မာနှင့် အရှေ့တောင်အာရှ မဟုတ်သော နိုင်ငံများထံမှ  တင်သွင်းထားသည့် ဆန် ဆိုပါက ရက်ပေါင်း ၉၀ ဟု သတ်မှတ်ထားသည်။

ယခု စည်းကမ်းအသစ်တွင် မည်သည့်နိုင်ငံမှ တင်သွင်းသည်ဖြစ်စေ ရက်ပေါင်း ၃၀ ဟု တပြေးညီ လျှော့ချသတ်မှတ်လိုက်ပါသည်။ 

 

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဆန် ၁၀၆,၂၁၆ မက်ထရစ်တန် တင်သွင်းခဲ့သည်။

ယခုနှစ်တွင် ဆန်အများဆုံး တင်သွင်းခဲ့သည့် လမှာ ဧပြီလဖြစ်ပြီး ၅၁၆,၈၉၅ မက်ထရစ်တန် တင်သွင်းခဲ့ပါသည်။

Source manilatimes


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 10 December 2023 16:44
Rate this item
(0 votes)