Food & Livestock



ဇန်နဝါရီလ ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်း အညွှန်းကိန်း ကျဆင်းဟု FAO အစီရင်ခံ

ဇန်နဝါရီလ ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်း အညွှန်းကိန်း ကျဆင်းဟု FAO အစီရင်ခံ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီဖြစ်သည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ Food and Agriculture Organization (FAO) ၏ ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်း ညွှန်းကိန်းသည် ဇန်နဝါရီတွင် သုံးနှစ်တာအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။ နှံစားသီးနှံ နှင့် အသားတို့၏ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်း ညွှန်းကိန်း လျော့ကျသွားခဲ့သည်။

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ဈေးနှုန်းအညွှန်းကိန်းသည် ကမ္ဘာ့ကုန်သွယ်မှု အများဆုံး စားသောက်ကုန်များ၏ ဈေးနှုန်းများကို ခြုံငုံပြီး တွက်ချက်ထားသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် အညွှန်းကိန်းမှာ ၁၁၈.၀ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အညွှန်းကိန်း ၁၁၉.၁ ထက် လျော့နည်းပါသည်။ 

 

ဇန်နဝါရီ အညွှန်းကိန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အနည်းဆုံး ဖြစ်ပါသည်။

 

statistic_id1111134_global-food-price-index-2000-2024.png

 

 

တင်ပို့သူများအကြား ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းနှင့် တောင်ပိုင်းကမ္ဘာခြမ်းနိုင်ငံများတွင် ရိတ်သိမ်းရာသီ ရောက်ရှိလာခြင်းတို့ကြောင့် ဇန်နဝါရီတွင် ကမ္ဘာ့ပို့ကုန်ဂျုံစျေးနှုန်းများ ကျဆင်းခဲ့သည်ဟု FAO ၏ လစဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြောင်းဈေး သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ ထွက်ရှိသည့် ပမာဏ အခြေအနေ ကောင်းမွန်ခြင်း၊  အာဂျင်တီးနားတွင် ရိတ်သိမ်းမှုစတင်ခြင်းနှင့် အမေရိကန်ပြည်ထောင်စုတွင် ထွက်ရှိသည့်ပမာဏ ပိုမိုများပြားခြင်းတို့ ပေါင်းဆုံပြီး ဈေးကျဆင်းကြောင်း FAO က ပြောကြားသည်။

 

အသားဈေးနှုန်းညွှန်းကိန်းသည် ဆက်တိုက် ကျဆင်းနေသည့် သတ္တမမြောက်လအဖြစ် ဈေးနှုန်း ကျဆင်းခဲ့သည်။ အသား ထိပ်တန်းပို့ကုန်နိုင်ငံများမှ တင်ပို့မှုများ များပြားခြင်းကြောင့် ကြက်၊ အမဲသားနှင့် ဝက်သားများ၏ နိုင်ငံတကာ ဈေးနှုန်းများ ကျဆင်းသွားခဲ့သည်ဟု FAO က ပြောကြားသည်။

 

၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ နှံစားသီးနှံထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၂,၈၃၆ ဘီလီယံ စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်ဟု FAO က ပြောကြားသည်။ ၂၀၂၂ ခုနှစ်ထက် ၁.၂% ပိုများခဲ့ပါသည်။

 

 Source FAO


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times
Rate this item
(0 votes)