Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနိုင်ငံသို့ တစ်လတာအတွင်း ငရုတ်စို တန်ချိန် ၃ဝဝ ဝန်းကျင် တင်ပို့

ထိုင်းနိုင်ငံသို့ ဧပြီလ တစ်လတာအတွင်း ငရုတ်စိုတန်ချိန် ၃ဝဝ ဝန်းကျင် တင်ပို့ပြီး ဖြစ်ကာ ဗီယက်နမ်နိုင်ငံသို့လည်း တင်ပို့နိုင်ရန် စီစဉ်နေကြောင်း ငရုတ်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်၏  ပြောဆိုချက်အရ  သိရသည်။

 

''အခုထိုင်းနိုင်ငံကို  ငရုတ်စိုတင်ပို့နေတယ်။ ဗီယက်နမ်နိုင်ငံကလည်း  မှာယူဖို့ ဒီရက်ပိုင်း လာကြည့်မယ်။ ဒါကတော့ ကွန်တိန်နာနဲ့ သွားမှာပါ'' ဟု ဒေါ်ဥမ္မာကျော်က ပြောသည်။

 

ဗီယက်နမ်နိုင်ငံမှ ဝယ်လက်များအနေဖြင့်  မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ငရုတ်များကို     ကြည့်ရှုလေ့လာမည်ဖြစ်ကြောင်း သိရသည်။

 

''လက်ရှိဈေးကွက် အခြေအနေကတော့ ကောင်းပါတယ်။  ငရုတ်က  ချက်ချင်းခူး၊ ချက်ချင်းလေသလပ်ခံပြီး    မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်ကို အရောက် အအေးခန်းကားနဲ့ အချိန်မီပို့ရတာ'' ဟု ဒေါ်ဥမ္မာကျော် ကပြောသည်။

 

Read More >>>>> ရေခဲမုန့်စားခြင်း၏ အကျိုးကျေးဇူးများ

 

ထိုင်းနိုင်ငံသို့    ငရုတ်စို တင်ပို့ရာတွင် သုံးပိဿာခွဲနှင့်   ငါးပိဿာခွဲခြင်းများဖြင့် တင်ပို့ခြင်းဖြစ်ကာ တစ်ပိဿာလျှင်  ငွေကျပ် ၁၈ဝဝ  ဝန်းကျင်ဈေး ရရှိကြောင်း  သိရသည်။

 

မြန်မာနိုင်ငံ၌  ငရုတ်ကို  မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့၌  အများဆုံး စိုက်ပျိုးကြသော်လည်း   ခရီးစရိတ် သက်သာစေရန် လမ်းကြောင်းသင့်သည့် ကျောက်ဆည် ငရုတ်များကို ကနဦးတင်ပို့ရန် လျာထားခြင်း ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် တင်ပို့မည့် ငရုတ်များအား သိုလှောင်ရန် အအေးခန်းများ တည်ဆောက်မည် ဖြစ်ကြောင်း  သိရသည်။

 

Source: Myawaddy

Read times Last modified on Tuesday, 07 May 2019 17:53
Rate this item
(2 votes)