Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပွင့်လင်းရာသီတွင် ငါးခြောက်ဈေးနှုန်း ကျဆင်းနိုင်

Unicode

ပွင့်လင်းရာသီတွင် ငါးခြောက်ဈေးနှုန်း ကျဆင်းနိုင်


လက်ရှိတွင်   ငါးပိငါးခြောက်ပြုလုပ်သည့်ကုန်ကြမ်းများ   ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာသည့်အတွက် လာမည့်ပွင့်လင်းရာသီတွင်    ငါးခြောက်ဈေးနှုန်းများ  ကျဆင်းလာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးပိငါးခြောက်ငံပြာရည်ထုတ်လုပ်ရောင်းဝယ်သူများအသင်း   အတွင်းရေးမှူး   ဦးထွန်းစိန်၏ ပြောဆိုချက်အရ သိရသည်။


''ငါးမဖမ်းရရာသီသုံးလမှာ ငါးမဖမ်းရတော့ အခုငါးဖမ်းလှေတွေ ထွက်လို့ရပြီ ဆိုတော့  ငါးပေါပေါများများရပြီ။ နောက် နှစ်လဆိုရင် ငါးခြောက်ကောင်းကောင်းရ နိုင်ပြီ။ ဈေးကွက်ထဲကို ကုန်ကြမ်းများများ ဝင်လာတော့  ငါးခြောက်ဈေးနှုန်းကျလာ မှာပါ''ဟု ဦးထွန်းစိန်ကပြောသည်။

 

Sauces (Soya Bean) (18)ပဲပိစပ္ေဆာ့စ္လုပ္ငန္းမ်ား (၁၈) ခုကိုရွာရန္ႏွိပ္ပါ။


ယခုနှစ်တွင် ငါးမဖမ်းရရာသီကို သုံးလ ပိတ်ထားသည့်အတွက် ငါးခြောက်ပြုလုပ်ရန် မွေးမြူရေးရေချိုငါးတန်ကို အသုံးပြု နေရခြင်းကြောင့်   ကုန်ကြမ်းရှားသည့် အတွက် မိုးရာသီတွင် ငါးခြောက်ဈေးနှုန်း  နှစ်ဆခန့်မြင့်တက်သွားခြင်းဖြစ်သည်။


''ပင်လယ်ငါးတော်တော်များများကို ငါး ပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်တယ်။ ငါးမဖမ်းရရာသီကို   သုံးလပိတ်လိုက်တော့  လုပ်ငန်းရှင်တွေထိခိုက်တယ်။  ကုန်ကြမ်းပြတ်လပ်တဲ့အတွက်  ငါးခြောက်လုပ်ငန်း လုပ်ကိုင်သူတွေ လုပ်ငန်းထိခိုက်တယ်'' ဟု ဦးထွန်းစိန်ကပြောသည်။

Read More >>>>>  ငါးပုစွန်များတွင် ဖော်မလင်ပါဝင်မှု မရှိစေရေး စစ်ဆေးမည်


ယခုနှစ်တွင် ငါးမဖမ်းရရာသီကို ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ  သုံးလပိတ်လိုက်သောကြောင့် ကုန်ကြမ်းပြတ်လပ်မှု များဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၁ ရက်မှစကာ ငါးဖမ်းစက်လှေများ ပြန်လည် ထွက်ခွာခွင့်ရရှိပြီ ဖြစ်၍ ဈေးကွက်အတွင်း ငါးပေါများစွာ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။         

   

Source: Myawaddy

 

 

 

ပြင့္လင္းရာသီတြင္ ငါးေျခာက္ေစ်းႏႈန္း က်ဆင္းႏုိင္

 

လက္ရွိတြင္   ငါးပိငါးေျခာက္ျပဳလုပ္သည့္ကုန္ၾကမ္းမ်ား   ေစ်းကြက္အတြင္း ျပန္လည္ဝင္ေရာက္လာသည့္အတြက္ လာမည့္ပြင့္လင္းရာသီတြင္    ငါးေျခာက္ေစ်းႏႈန္းမ်ား  က်ဆင္းလာႏုိင္ေၾကာင္း ျမန္မာႏိုင္ငံ ငါးပိငါးေျခာက္ငံျပာရည္ထုတ္လုပ္ေရာင္းဝယ္သူမ်ားအသင္း   အတြင္းေရးမွဴး   ဦးထြန္းစိန္၏ ေျပာဆုိခ်က္အရ သိရသည္။


''ငါးမဖမ္းရရာသီသုံးလမွာ ငါးမဖမ္းရေတာ့ အခုငါးဖမ္းေလွေတြ ထြက္လုိ႔ရၿပီ ဆုိေတာ့  ငါးေပါေပါမ်ားမ်ားရၿပီ။ ေနာက္ ႏွစ္လဆိုရင္ ငါးေျခာက္ေကာင္းေကာင္းရ ႏိုင္ၿပီ။ ေစ်းကြက္ထဲကို ကုန္ၾကမ္းမ်ားမ်ား ဝင္လာေတာ့  ငါးေျခာက္ေစ်းႏႈန္းက်လာ မွာပါ''ဟု ဦးထြန္းစိန္ကေျပာသည္။

 

Sauces (Soya Bean) (18)ပဲပိစပ္ေဆာ့စ္လုပ္ငန္းမ်ား (၁၈) ခုကိုရွာရန္ႏွိပ္ပါ။

 


ယခုႏွစ္တြင္ ငါးမဖမ္းရရာသီကုိ သုံးလ ပိတ္ထားသည့္အတြက္ ငါးေျခာက္ျပဳလုပ္ရန္ ေမြးျမဴေရးေရခ်ဳိငါးတန္ကို အသုံးျပဳ ေနရျခင္းေၾကာင့္   ကုန္ၾကမ္းရွားသည့္ အတြက္ မိုးရာသီတြင္ ငါးေျခာက္ေစ်းႏႈန္း  ႏွစ္ဆခန္႔ျမင့္တက္သြားျခင္းျဖစ္သည္။

 


''ပင္လယ္ငါးေတာ္ေတာ္မ်ားမ်ားကို ငါး ပိ၊ ငါးေျခာက္၊ ငံျပာရည္လုပ္တယ္။ ငါးမဖမ္းရရာသီကုိ   သုံးလပိတ္လိုက္ေတာ့  လုပ္ငန္းရွင္ေတြထိခိုက္တယ္။  ကုန္ၾကမ္းျပတ္လပ္တဲ့အတြက္  ငါးေျခာက္လုပ္ငန္း လုပ္ကုိင္သူေတြ လုပ္ငန္းထိခိုက္တယ္'' ဟု ဦးထြန္းစိန္ကေျပာသည္။

 

Read More >>>>>  ငါးပုစြန္မ်ားတြင္ ေဖာ္မလင္ပါဝင္မႈ မရွိေစေရး စစ္ေဆးမည္

 


ယခုႏွစ္တြင္ ငါးမဖမ္းရရာသီကို ဇြန္ ၁ ရက္မွ ၾသဂုတ္ ၃၁ ရက္အထိ  သံုးလပိတ္လိုက္ေသာေၾကာင့္ ကုန္ၾကမ္းျပတ္လပ္မႈ မ်ားျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။ စက္တင္ဘာ ၁ ရက္မွစကာ ငါးဖမ္းစက္ေလွမ်ား ျပန္လည္ ထြက္ခြာခြင့္ရရွိၿပီ ျဖစ္၍ ေစ်းကြက္အတြင္း ငါးေပါမ်ားစြာ ရရွိႏုိင္မည္ ျဖစ္ေၾကာင္း သိရသည္။         

   

Source: Myawaddy

Read times Last modified on Friday, 21 February 2020 17:48
Rate this item
(0 votes)