Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Tuborg မှ Fun Nights တေးဂီတဖျော်ဖြေပွဲများနှင့် အမှတ်တံဆိပ် သံတမန်များ (Tuborg Funbassadors) ကြေညာပေးခဲ့

Tuborg မှ မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး ကျင်းပပြုလုပ်သွားမည့် “Open for Fun” Campaign အား

စတင်လိုက်ပြီး အဆိုပါ Campaign တစ်လျှောက်လုံးတွင် မြန်မာနိုင်ငံမှ တေးဂီတ ပရိတ်သတ်များ အနေနှင့် တေးဂီတများနှင့် ပျော်ရွှင်ဖွယ် အစီအစဉ်များအား အတူတကွ ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

 

ယင်း Campaign စတင်ခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား မြန်မာပလာဇာရှိ Hard Rock Café တွင် ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ Tuborg သည် မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး ပြုလုပ်ကျင်းပသွားရန် ရှိသည့် ပွဲတော်ကာလများ တစ်လျှောက်တွင် ၎င်း၏ “Open for Fun” Campaign မှတဆင့် အကောင်းမွန်ဆုံးသော တေးဂီတ ခံစားမှုများအား ပေးစွမ်းသွားမည် ဖြစ်သည့်အပြင် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင်လည်း ပျော်ရွှင်ဖွယ် အစီအစဉ်များစွာကိုလည်း ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။

 

ယင်း Campaign ၏ တစ်စိတ်တစ်ပိုင်းအဖြစ် “Tuborg Fun Nights” တေးဂီတဖျော်ဖြေပွဲပေါင်း ၁၀၀ နီးပါးနှင့် အခြားသော စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များစွာကိုလည်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြုလုပ်ကျင်းပသွားရန် စီစဉ်ထားပြီး စားသုံးသူများ အနေနှင့် ၎င်းတို့၏ သူငယ်ချင်းများ၊ မိသားစုများ နှင့်အတူတကွ တေးဂီတများအား ခံစားနားဆင်နိုင်ကြမည် ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းအပြင် သတင်းစာ ရှင်းလင်းပွဲ၌ Tuborg သည် ၎င်း၏ အမှတ်တံဆိပ် သံတမန်များ (Tuborg Funbassadors) အဖြစ် နာမည်ကျော် တေးသံရှင်များဖြစ်သည့် ရေမွန် (Idiots) နှင့် Sophia Everest တို့အား ခန့်အပ်ကြောင်း ကြေညာခဲ့ပြီး ၎င်း Funbassadors နှစ်ဦးအနေနှင့် Tuborg မှ ပြုလုပ်ကျင်းပသွားမည့် ယခု Campaign တွင် ပူးပေါင်းပါဝင်သွာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ပြည်တွင်း နာမည်ကျော် ရောခ့်တေးဂီတ အဖွဲ့တစ်ခု ဖြစ်သည့် Idiots အဖွဲ့မှ အဆိုတော် ရေမွန်သည် သူ၏ နာမည်ကျော် ကိုယ်ပိုင်ရောခ့်သီချင်းများကြောင့်  မြန်မာနိုင်ငံမှ တေးဂီတ ကြိုက်နှစ်သက်သူ လူငယ်များ အကြားတွင် ကျော်ကြားသူ တစ်ဦးဖြစ်ပြီး Sophia Everest သည်လည်း သူမ၏ မတူ ကွဲပြားသည့် သီချင်းဆိုပုံ ဟန်ပန်များကြောင့် အချိန်တိုအတွင်းမှာပင် ပရိသတ်များအကြား ရေပန်းစားလာသူ တစ်ဦးဖြစ်ပါတယ်။

 

 “ဒီ “Open for Fun” တေးဂီတ Campaign ကို မြန်မာနိုင်ငံမှာ စတင်ပြုလုပ်နိုင်ခဲ့တဲ့ အတွက် ကျွန်တော့် အနေနဲ့ အလွန် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ Tuborg ဟာ မြန်မာနိုင်ငံက စားသုံးသူတွေအတွက် ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များစွာကို ပေးအပ်သွားဖို့ အမြဲ ရည်ရွယ်လုပ်ဆောင်နေပြီး ဒီ Campaign ကနေတဆင့် စားသုံးသူတွေဟာ သူတို့ရဲ့ အနှစ်သက်ဆုံး ပြည်တွင်းက တေးဂီတအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

 

၎င်းအပြင် ဒီ Campaign အတွက် ကျွန်တော်တို့ ရွေးချယ်ထားခဲ့တဲ့ အမှတ်တံဆိပ် သံတမန် (Tuborg Funbassadors) တွေဟာလည်း မတူညီတဲ့ တေးဂီတ အမျိုးအစားတွေကို သီဆိုသူတွေ ဖြစ်ကြပြီး ပရိသတ်တွေအနေနဲ့လည်း တစ်နှစ်ပတ်လုံး ကျင်းပသွားမှာ ဖြစ်တဲ့ “Tuborg Fun Nights” တေးဂီတ ဖျော်ဖြေပွဲတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ကွဲပြားခြားနားတဲ့ သူတို့ရဲ့ သီချင်းသံစဉ်တွေနဲ့ ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

 

နောက်ပြီး Tuborg အနေနဲ့ ၂၀၁၈ ခုနှစ် တစ်လျှောက်လုံးမှာ နိုင်ငံတစ်ဝန်းက ကျွန်တော်တို့ရဲ့ စားသုံးသူတွေအတွက် ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ ကတိပေးပြောကြားလိုပါတယ်။ဟု Myanmar Carlsberg Co., Ltd မှ CEO ဖြစ်သူ Mr. Michel Jensen မှ ပြောကြားခဲ့ပါတယ်။

 

Turbog ဟာ တရုတ်နှစ်သစ်ကူးပွဲတော်၊ သင်္ကြန်ပွဲတော်၊ Oktoberfest ပွဲတော်နှင့် နှစ်သစ်ကူးကာလ အပါအဝင်၂၀၁၈ ခုနှစ် တစ်နှစ်ပတ်လုံးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သော ပွဲတော်များတွင် များစွာသော ပရိုမိုးရှင်းများနှင့် အစီအစဉ်များအား ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:50
Rate this item
(0 votes)