Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံ၏ သကြားတင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒ

နိုင်ငံတစ်နိုင်ငံအနေနဲ့ ကုန်သွယ်မှုပြုတဲ့အခါ မိမိနိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှုကို အခြေခံပြီး ပြည်ပဈေးကွက်ရှာဖွေရသလို ပြည်ပဈေးကွက်အရ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုများကိုလည်း ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ပါတယ်။

 

ဒါ့ပြင် မိမိတို့ ရည်မှန်းထားတဲ့ ဈေးကွက်ရှိတဲ့ နိုင်ငံရဲ့ကုန်သွယ်မှုမူဝါဒတွေကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုများပြုတဲ့အခါ တရုတ်နိုင်ငံက အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့အတွက် တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုမူဝါဒများအနက် သကြားတင်သွင်းမှု မူဝါဒများကို သိရှိထားဖို့ လိုအပ်ပါတယ်။

 

တရုတ်နိုင်ငံရဲ့ ၂၀၁၉ ခုနှစ်အတွက် သကြားတင်သွင်းမှု Quota စုစုပေါင်းပမာဏမှာ တန်ချိန် (၁၉၄.၅) သောင်းဖြစ်ပြီး ၎င်းတို့အနက် (၇၀) ရာခိုင်နှုန်းမှာ နိုင်ငံပိုင်ကုန်သွယ်မှုလုပ်ငန်းများအတွက် ဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းမယ့် ကုမ္ပဏီလုပ်ငန်းစု အမျိုးအစားမှာ နိုင်ငံပိုင်ကုန်သွယ်မှု လုပ်ငန်းစုဖြစ်ကာ နိုင်ငံအဆင့် လုပ်ဆောင်နိုင်တဲ့ ဗဟိုစီးပွားရေးလုပ်ငန်းစုဖြစ်ရပါမယ်။

 

၂၀၁၈ ခုနှစ်မှာ သကြား Quota နဲ့ တင်သွင်းခဲ့ဖူး (ကိုယ်စားလှယ်ဖြင့် တင်သွင်းမှုမပါဝင်) တဲ့ လုပ်ငန်းစုဖြစ်ရမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ သကြားကြမ်း (တန်ချိန် ၆၀ဝ ကျော်နဲ့အထက်) သို့မဟုတ် နှစ်စဉ်သကြားရောင်းချမှုပမာဏ (ယွမ် ၄၅၀ မီလီယံနဲ့အထက်) ရှိတဲ့ သကြားထုတ်လုပ်တဲ့ လုပ်ငန်းစုဖြစ်ရမည့်အပြင် အဆိုပါ သကြားများကို အသုံးပြုကာ ကုန်ပစ္စည်းမျိုးစုံထုတ်လုပ်တဲ့ ကုမ္ပဏီလုပ်ငန်းစုဖြစ်ရမှာ ဖြစ်ပါတယ်။

 

လျှောက်လွှာတင်သွင်းမယ့်သူတွေအတွက် အခြေခံလိုအပ်ချက်တွေကတော့ -

 

တရုတ်နိုင်ငံ၊ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး ပြစ်မှုကင်းရှင်းကြောင်း မှတ်တမ်းရှိရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒနဲ့ စက်မှုလုပ်ငန်းဖွဲ့စည်းမှုဆိုင်ရာ လမ်းညွှန်ချက် ကတ်တလောက် (Guidance Catalogue for Industrial StructureAdjustment) တို့နဲ့ ဆက်စပ်တဲ့ သတ်မှတ်လုပ်ထုံး လုပ်နည်းများနဲ့ ကိုက်ညီရပြီး လယ်ယာထွက်ကုန်များအတွက် သွင်းကုန် Quota စီမံခန့်ခွဲခြင်းဆိုင်ရာ ကြားဖြတ်အစီအမံ (Interim Measures for the Administration of Import Tariff Quota for Agricultural Products) နဲ့ ၂၀၁၈ ခုနှစ်အတွက် သကြားတင်သွင်းမှု Quota သတ်မှတ်ချက် ပမာဏ လျှောက်လွှာတင်သွင်းမှုနဲ့ Quota ခွဲဝေသတ်မှတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်တို့အပေါ် ချိုးဖောက်မှုများမရှိဖို့ လိုအပ်ပါတယ်။

 

လိုအပ်တဲ့စာရွက်စာတမ်းများကတော့ -

 

လယ်ယာထွက်ကုန်များအတွက် သွင်းကုန် Quota လျှောက်လွှာအစီရင်ခံစာ၊ လျှောက်လွှာပုံစံ၊ လုပ်ငန်းလိုင်စင်မိတ္တူ၊ General Trade Quota လျှောက်ထားမှုများအတွက် ၂၀၁၇ ခုနှစ် ကုမ္ပဏီလုပ်ငန်းစုရဲ့ သကြားရောင်းချမှု VAT Invoice မိတ္တူနဲ့ စားသောက်ကုန်ထုတ်လုပ်မှု လိုင်စင်၊ အစားအစာထုတ်လုပ်မှုလိုင်စင်၊ မူရင်း သကြားထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းစုများအတွက် အဓိကတာဝန်ယူသည့်ဌာနမှ အဆိုပါ လုပ်ငန်းအတွက် ခွင့်ပြုမိန့်မိတ္တူတို့ လိုအပ်ပါတယ်။

 

စုစုပေါင်း Quota ပမာဏနဲ့ ကိုက်ညီတဲ့ လျှောက်လွှာတွေကို Quota ခွဲဝေပေးမှာဖြစ်ပြီး စုစုပေါင်းပမာဏနဲ့ ကိုက်ညီမှုမရှိပေမယ့်လည်း ယခင်တင်သွင်းခဲ့ဖူးတဲ့ အထောက်အထားရှိပါက ဦးစားပေး Quota ရရှိမှာဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းသူရဲ့ ပြီးခဲ့တဲ့နှစ် တင်သွင်းမှုအခြေအနေ၊ ထုတ်လုပ်နိုင်မှုစွမ်းအား၊ ရောင်းချမှုပမာဏနဲ့ အခြားစီးပွားရေးလုပ်ငန်း အဆင့်အတန်းများအရ Quota ခွဲဝေ သတ်မှတ်သွားမှာဖြစ်ပါတယ်။

 

လယ်ယာထွက်ကုန်များအတွက် သွင်းကုန် Quota ထောက်ခံချက်လက်မှတ် (Import Tariff Quota Certificate for Agricultural Products) ကို အတုပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ရောင်းဝယ်မှုများ ပြုလုပ်တာကို တွေ့ရှိရပါက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း စုံစမ်းစစ်ဆေးအရေးယူမှုများ ပြုလုပ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သတင်းအချက်အလက် မမှန်မကန် ဖြည့်သွင်းရေးသားပြီး သွင်းကုန် Quota ထောက်ခံချက်လက်မှတ် (Import Tariff Quota Certificate) ကို လိမ်လည်ရယူပါက နှစ်နှစ်အတွင်း လျှောက်လွှာတင်သွင်းလျှောက်ထားမှုကို လက်ခံဆောင်ရွက်ပေးမှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။

 

၂၀၁၉ ခုနှစ် မတ် ၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ USDA Foreign Agricultural Service Gain Report အရ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ သကြားထုတ်လုပ်မှုက ကျဆင်းသွားမှာဖြစ်ပြီး သကြားမုန်လာစိုက်ဧကများ တဖြည်းဖြည်းချင်းတိုးလာကာ သကြားမုန်လာ ထုတ်လုပ်မှုအနေနဲ့ (၁.၄၅) မီလီယံမက်ထရစ်တန်အထိ ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့ပြင် ၂၀၁၉-၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ သကြားစားသုံးမှုက (၁၅.၈) မီလီယံ မက်ထရစ်တန်အထိ ရောက်ရှိမှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။


Read More >>>>>  ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၁၁ သန်းကျော်ရရှိ


တရုတ်အစိုးရအနေနဲ့ ပြည်တွင်းသကြားဈေးကွက်ကို ကာကွယ်ရန်နဲ့ သဘာဝပတ်ဝန်းကျင်၊ အစားအစာလုံခြုံမှု၊ စားသုံးသူများရဲ့ ကျန်းမာရေးတို့ကို ကိုင်တွယ်နိုင်ရန်အတွက် မူဝါဒများနဲ့ ပြည်တွင်းဆေးသကြား ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်လျက် ရှိကြောင်း တွေ့ရှိရပါတယ်။

 

ဒါ့ကြောင့် တရုတ်နိုင်ငံဘက်သို့ မြန်မာ့ထွက်ကုန်သကြားများ တင်ပို့လိုပါက တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြေညာချက်များအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းမှု Quota စုစုပေါင်းရဲ့ (၇၀) ရာခိုင်နှုန်းမှာ နိုင်ငံပိုင်ကုန်သွယ်မှုလုပ်ငန်းများအတွက်ဖြစ်ခြင်းကြောင့် မြန်မာ့သကြားလုပ်ငန်းရှင်များအနေနဲ့ သကြား ပိုမိုတင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံပိုင် လုပ်ငန်းများနဲ့ ချိတ်ဆက်သင့်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ သကြားဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ခက်ခဲနေဦးမှာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။

 

Source: Ministry of Commerce

Read times Last modified on Friday, 02 August 2019 11:51
Rate this item
(0 votes)