Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အဝယ်လျော့သွားသည့်အတွက် ငရုတ်ဈေးနှုန်းကျဆင်း

တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ အဝယ်လျော့သွားသည့်အတွက် ပြည်တွင်းငရုတ်ဈေးနှုန်း ကျဆင်းနေကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ  ဦးခင်ဟန်၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခင်က  တစ်ပိဿာလျှင်  ငွေကျပ် တစ်သောင်းကျော်အထိ ဈေးနှုန်းရှိခဲ့သည့် ငရုတ်နီတစ်ပိဿာလျှင် ငွေကျပ် ၁၇ဝဝ အထိသာ  ဈေးနှုန်းရှိနေပြီး  ငရုတ်စိမ်း တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ ဝန်းကျင် သာရှိကြောင်း သိရပါတယ်။

 

လတ်တလောတွင် တရုတ်နိုင်ငံမှ ငရုတ်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသည့်အပြင် ပြည်တွင်း၌လည်း ရေကြီးရေလျှံမှုများရှိခဲ့သဖြင့် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့နိုင်မှု နည်းပါးခဲ့ပါတယ်။

 

''တရုတ်က မြန်မာ့ငရုတ်ထက် ဈေးပို ပေါနေတာလည်းပါတယ်။  ဒါ့ပြင် တချို့ ကျတော့လည်း   ဝယ်လက်တချို့ ကြိုကြား ရှိပေမယ့် မြဝတီဘက်မှာရေကြီးတော့ ဒိုင် တွေက အဝယ်ရပ်ကြတယ်'' ဟု ငရုတ်သီး ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်ကပြောကြားခဲ့ပါတယ်။

 

Read More >>>>>  ဈေးကွက်ဝင် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကုန်ထုတ်လုပ်ငန်းများ နည်းပညာအကူအညီ ရယူနိုင်

 

ပြည်တွင်း၌  ငရုတ်ကို  ဒေသမျိုးများ အပါအဝင် ပြည်ပမျိုးပေါင်း ခြောက်မျိုးခန့် စိုက်ပျိုးလျက်ရှိပြီး ပြည်တွင်းမှထွက်ရှိသည့် ငရုတ်များကို ဗီယက်နမ်၊ ထိုင်းနှင့် တရုတ် နိုင်ငံတို့သို့ တင်ပို့လေ့ရှိကာ ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်   စသည့်နိုင်ငံတို့သို့   တင်ပို့ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Friday, 23 August 2019 14:37
Rate this item
(1 Vote)