Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာရှဆန်များ တစ်ပတ်တာ အခြေအနေ

အာရှဆန်များ တစ်ပတ်တာ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြီးခဲ့သည့် ကြာသပတေးနေ့(နိုဝင်ဘာ ၂၄)တွင် ထိုင်းနိုင်ငံ  ဖူးခက်၌ ကျင်းပသော ကမ္ဘာ့ဆန်ညီလာခံ၌ ကမ္ဘာ့အကောင်းဆုံးဆန် ၂၀၂၂  World’s Best Rice 2022 ဆုကို  ကမ္ဘောဒီးယားနိုင်ငံမှ Phka Romduol ဆန်မွှေးက ရရှိခဲ့သည်။

.

ကမ္ဘာတစ်ဝှမ်းမှ ဆန်အမျိုးပေါင်း ခြောက်ဆယ်ကို ပြိုင်ပွဲတွင် အကဲဖြတ်ခဲ့သည်။

.ထိုင်းစံပယ်ဆန်သည် ကမ္ဘောဒီးယားဆန်ကို တစ်မှတ်ဖြင့် ကပ်ရှုံးခဲ့သည်။ 

ကမ္ဘောဒီးယားဆန်က ထိုင်းစံပယ်ဆန်ထက် ပိုမွှေးသည်ဟု အမေရိကန် အကဲဖြတ်ဒိုင်လူကြီးများက ပြောကြားခဲ့သည်။

.

ထိုင်းဆန် Khao Dawk Mali 105 သည် အကျော်ကြားဆုံး တင်ပို့ရောင်းချသည့် ဆန်ဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၆၀ အတွင်း စားသုံးသူများ ချစ်ခင်နှစ်သက်ခဲ့ကြသော်လည်း မကြာသေးမီနှစ်များအတွင်း ထိုင်းစံပယ်ဆန်သည် အမွှေးလျော့ကျသွားကြောင်း  စားသုံးသူများက ပြောဆိုလာကြသည်။


Khao Dawk Mali 105 စပါးကို မြေဩဇာကောင်းသည့် သဲမြေတွင် စိုက်ပျိုးသည်။ ပန်းပွင့်ပြီး ဝတ်မှုန်များ စုဆောင်းသည့်အခါ အမွှေးရနံ့ကို အသီးတွင် ပါသွားစေသည်။ 

ပန်းများ စပွင့်ပြီး ၇ ရက်အကြာတွင် လယ်ကွင်းထဲမှ ရေကို ဖောက်ထုတ်ပစ်ရသည်။ 

ပန်းများ စပွင့်ပြီး ၂၅ မှ ၃၀ ရက်အတွင်း စပါးရိတ်သိမ်းရသည်။ 

စပယ်ဆန်ကို အပူချိန် ၂၀ မှ ၂၅ ဒီဂရီဖြင့် သိုလှောင်ပေးထားမှ ဆန်တွင် အမွှေးရနံ့ ကြာကြာခံသည်။ သို့သော် ၅ လထက် ပိုကြာကြာ မထားရချေ။


ထိုင်းဆန် ဈေးနှုန်း အခြေအနေမှာ ၅% ဆန်ကွဲပါ <RI-THBKN5-P1> အမျိုးအစား တစ်တန်လျှင်  ယခင်သီတင်းပတ်တွင် $410-$425 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $419-$425 ရှိသည်။

ဆန်ဈေးမငြိမ်သည်မှာ ဘတ်-ဒေါ်လာ ငွေလဲနှုန်း မငြိမ်သောကြောင့်ဖြစ်သည်။ ပြည်ပ ဝယ်လိုအား ပုံမှန်ဖြစ်ပြီး အဝယ်ကန်ထရိုက် ကြီးကြီးမားမား မရှိခဲ့ချေ။


ဗီယက်နမ် ပို့ကုန်ဆန်ဈေးနှုန်းများ ၂၀၂၁ ခုနှစ် ဇူလိုင်လ နောက်ပိုင်း ယခုသီတင်းပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ပြည်ပဝယ်လိုအား ကောင်းနေပြီး ပြည်တွင်း ဆန်ထွက်ရှိမှု လျော့ကျသဖြင့် ဈေးမြင့်တက်လာသည်။

 

ဗီယက်နမ်ဆန် ၅% ဆန်ကွဲပါ <RI-VNBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန် ယခင်သီတင်းပတ်က နေ free on board FOB $425-$430 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် FOB $438 ရှိသည်။

ဗီယက်နမ်ဆန်ကို တရုတ်နှင့် ဥရောပတို့မှ ဝယ်လိုအား မြင့်တက်နေသည်။


အိန္ဒိယဆန် ၅% ဆန်ကွဲပါ <RI-INBKN5-P1> အမျိုးအစား ဈေးငြိမ်နေပြီး တစ်တန် $373-$378 ခေါ်ဈေး ရှိသည်။


အင်ဒိုနီးရှားတွင် နိုင်ငံပိုင် ကုမ္ပဏီ Bureau of Logistics BULOG သည် စားနပ်ရိက္ခာ သိုလှောင်ဖြန့်ဖြူးရေးနှင့် ဈေးနှုန်းထိန်းချုပ်ရေးကို တာဝန်ယူ ဆောင်ရွက်သည်။

ဆန်ကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးသည်။ 

ပြည်တွင်းထွက်ဆန်ကို ဝယ်ယူခဲ့သော်လည်း အရန်ဆန် လျာထားချက် တန်ချိန် ၁.၂ သန်း မပြည့်မီသဖြင့် ပြည်ပမှ တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ 

ယခုအခါ အရန်ဆန် တန်ချိန် ၅၈၄,၅၈၆ ရှိသဖြင့် ပြည်ပမှ တန်ချိန် ၅ သိန်း တင်သွင်းမည်ဟု BULOG က ထုတ်ပြန်ကြေညာခဲ့သည်။


မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့  G to G ချုပ်ဆိုထားသည့်စာချုပ် အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာကုန်အမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန် ချိန် နှစ်သိန်း တင်ပို့မည်။

အောက်တိုဘာ ပထမပတ်မှ နိုဝင်ဘာ ၁ဝ ရက်အထိ ကာလအတွင်း ဆန်တန်ချိန် ၆၅၀၀၀ ကျော် တင်ပို့ပြီးဖြစ်သည်။ မြန်မာ- ဘင်္ဂလားဒေ့ရှ် သဘောတူညီမှု MoU အရ မြန်မာ့ပေါင်းဆန်တန်ချိန် ၅၅၀၀၀ ကျော်ကို တင်ပို့နိုင်ရန် ကျန်ရှိသညမဟု သိရသည်။

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ခွဲတမ်း ကို မြန်မာကုမ္ပဏီ ၃၀ ကျော်က ရရှိထားကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေသည့် ဆန်တစ်တန်လျှင် $465 ဖြင့် သတ်မှတ်ဝယ်ယူပေးသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 25 November 2022 21:23
Rate this item
(0 votes)