Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒေသကော်မတီများ စတင်ဖွဲ့စည်း

Unicode

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒေသကော်မတီများ စတင်ဖွဲ့စည်း

မြန်မာ့ဆန်စပါးကဏ္ဍ တစ်ရပ်လုံး ချိတ်ဆက်ဆောင်ရွက်နေသည့် ထုတ်လုပ်ရေး၊ ကြိတ်ခွဲရေး၊ ကုန်သွယ်ရေး စသည့် ကဏ္ဍတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒေသကော်မတီများကို ခရိုင်အလိုက် အခြေခံပြီး စတင်ဖွဲ့စည်းလျက်ရှိကြောင်း သိရပါတယ်။

 

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်များ ပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေသကော်မတီ (၄) ကို ယခု အောက်တိုဘာလ (၂၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

 

Rice Merchants ဆန်ကုန်သည်ပေါင်း ၁၅၄၆ ခုကိုရှာရန်နှိပ်ပါ။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးအောင်သန်းဦးက “ ဒီလိုဖွဲ့စည်းရတာက ခုနက ပြောသလိုပဲ ဆန်စပါးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဒီနေ့ဖြစ်ပေါ်နေတဲ့ စပါးဈေးတွေ ကျဆင်းနေတယ်။ ဒီလိုကျဆင်းနေတဲ့ အပေါ် ဆိုရှယ်မီဒီယာပေါ်မှာ ဘာတွေ့ရလဲဆိုတော့ တောင်သူတွေကလည်း ကုန်သည်တွေကို အပြစ်ပြောကြတယ်။ ကုန်သည်တွေကလည်း တောင်သူတွေရဲ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကို ပြောကြတယ်။ ဒီလို ဆိုရှယ်မီဒီယာအပေါ်မှာ တက်ပြောနေမယ့်အစား ဒီလုပ်ငန်းစဉ်ထဲမှာ ရှိနေတဲ့ ထုတ်လုပ်သူ၊ ကြိတ်ခွဲသူ၊ ရောင်းဝယ်သူတွေက ပူးပေါင်းဆောင်ရွက်မှ ကျွန်တော်တို့ ဆန်စပါးလုပ်ငန်းက ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

 

ဒါ့အပြင် ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဘိုကလေးမြို့နယ်များ ပါဝင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဒေသကော်မတီ (၅) ကို ယခု အောက်တိုဘာလ (၂၅) ရက်နေ့မှာ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးသောင်းဝင်းက” ကျွန်တော်တို့ လယ်ယာကဏ္ဍဆိုတာက စပါးစိုက်မှ မဟုတ်ပါဘူး။ ဖျာပုံမြို့ဆိုရင် မွေးမြူရေးရော၊ ရေလုပ်ငန်းရော လုပ်ကိုင်ကြပါတယ်။ အော်ဂဲလ်နစ်ဖန်းလိုမျိုး လုပ်မယ်ဆို ဒီလိုမြေမျိုးက ဖျာပုံမှာပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖျာပုံမြို့နယ်ထဲက မြေတွေဟာ မြေသြဇာ၊ပိုးသတ်ဆေး သုံးစွဲမှု နည်းတာကြောင့်ပါ။ ဒါတွေကို စုပေါင်းပြီး အားသာချက်ရအောင် လုပ်ဆောင်နိုင်ဖို့အတွက် ဖွဲ့စည်းရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

 

Read More >>>   တရုတ်စပါးမျိုးသစ်တစ်ခုကို ပြည်တွင်းတွင် စမ်းသပ်စိုက်ပျိုးပြီး ပြန်လည်တင်ပို့မည်

 

အဆိုပါ ဒေသကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် တက်ရောက်လာသူ တောင်သူ၊ ကုန်သည်ပွဲစား၊ စက်ပိုင်များရဲ့ အများဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: AMIA

 

 

 

 

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ေဒသေကာ္မတီမ်ား စတင္ဖြဲ႕စည္း

 

ျမန္မာ့ဆန္စပါးက႑ တစ္ရပ္လုံး ခ်ိတ္ဆက္ေဆာင္႐ြက္ေနသည့္ ထုတ္လုပ္ေရး၊ ႀကိတ္ခြဲေရး၊ ကုန္သြယ္ေရး စသည့္ က႑တို႔ကို ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ေဒသေကာ္မတီမ်ားကို ခ႐ိုင္အလိုက္ အေျခခံၿပီး စတင္ဖြဲ႕စည္းလ်က္ရွိေၾကာင္း သိရပါတယ္။

 

လက္ရွိတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕နယ္၊ ေညာင္တုန္းၿမိဳ႕နယ္၊ ပန္းတေနာ္ၿမိဳ႕နယ္၊ ဓႏုျဖဴၿမိဳ႕နယ္၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္မ်ား ပါဝင္သည့္ ဧရာဝတီတိုင္းေဒသႀကီး၊ ေဒသေကာ္မတီ (၄) ကို ယခု ေအာက္တုိဘာလ (၂၄) ရက္ေန႔တြင္ စတင္ဖြဲ႕စည္းခဲ့ေၾကာင္း သိရပါတယ္။

 

Rice Merchants ဆန္ကုန္သည္ေပါင္း ၁၅၄၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠဌ ဦးေအာင္သန္းဦးက “ ဒီလိုဖြဲ႕စည္းရတာက ခုနက ေျပာသလိုပဲ ဆန္စပါးလုပ္ငန္းနဲ႔ ပတ္သက္ၿပီး ဒီေန႔ျဖစ္ေပၚေနတဲ့ စပါးေစ်းေတြ က်ဆင္းေနတယ္။ ဒီလိုက်ဆင္းေနတဲ့ အေပၚ ဆိုရွယ္မီဒီယာေပၚမွာ ဘာေတြ႕ရလဲဆိုေတာ့ ေတာင္သူေတြကလည္း ကုန္သည္ေတြကို အျပစ္ေျပာၾကတယ္။ ကုန္သည္ေတြကလည္း ေတာင္သူေတြရဲ႕ ဆန္စပါး စိုက္ပ်ိဳးထုတ္လုပ္မႈကို ေျပာၾကတယ္။ ဒီလို ဆိုရွယ္မီဒီယာအေပၚမွာ တက္ေျပာေနမယ့္အစား ဒီလုပ္ငန္းစဥ္ထဲမွာ ရွိေနတဲ့ ထုတ္လုပ္သူ၊ ႀကိတ္ခြဲသူ၊ ေရာင္း၀ယ္သူေတြက ပူးေပါင္းေဆာင္ရြက္မွ ကၽြန္ေတာ္တုိ႔ ဆန္စပါးလုပ္ငန္းက ဖြံ႕ၿဖိဳးတိုးတက္မွာ ျဖစ္ပါတယ္။” လို႔ ေျပာပါတယ္။

 

ဒါ့အျပင္ ဖ်ာပုံၿမိဳ႕နယ္၊ ေဒးဒရဲၿမိဳ႕နယ္၊ က်ိဳက္လတ္ၿမိဳ႕နယ္၊ ဘိုကေလးၿမိဳ႕နယ္မ်ား ပါဝင္တဲ့ ဧရာဝတီတိုင္းေဒသႀကီး၊ ေဒသေကာ္မတီ (၅) ကို ယခု ေအာက္တိုဘာလ (၂၅) ရက္ေန႔မွာ ဖြဲ႕စည္းခဲ့ေၾကာင္း သိရပါတယ္။

 

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠဌ ဦးေသာင္း၀င္းက” ကၽြန္ေတာ္တို႔ လယ္ယာက႑ဆိုတာက စပါးစိုက္မွ မဟုတ္ပါဘူး။ ဖ်ာပံုၿမိဳ႕ဆိုရင္ ေမြးျမဴေရးေရာ၊ ေရလုပ္ငန္းေရာ လုပ္ကိုင္ၾကပါတယ္။ ေအာ္ဂဲလ္နစ္ဖန္းလိုမ်ိဳး လုပ္မယ္ဆို ဒီလိုေျမမ်ိဳးက ဖ်ာပံုမွာပဲ ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖ်ာပံုၿမိဳ႕နယ္ထဲက ေျမေတြဟာ ေျမၾသဇာ၊ ပိုးသတ္ေဆး သံုးစြဲမႈ နည္းတာေၾကာင့္ပါ။ ဒါေတြကို စုေပါင္းၿပီး အားသာခ်က္ရေအာင္ လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ဖြဲ႕စည္းရတာ ျဖစ္ပါတယ္” လုိ႔ ေျပာပါတယ္။

 

Read More >>>   တ႐ုတ္စပါးမ်ိဳးသစ္တစ္ခုကို ျပည္တြင္းတြင္ စမ္းသပ္စိုက္ပ်ိဳးၿပီး ျပန္လည္တင္ပို႔မည္


အဆိုပါ ေဒသေကာ္မတီဖြဲ႕စည္းျခင္း အခမ္းအနားကို ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠ႒မ်ားႏွင့္ တာဝန္ရွိသူမ်ား၊ ခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ စားသုံးသူေရးရာဦးစီးဌာနတို႔မွ တာဝန္ရွိသူမ်ား၏ ႀကီးၾကပ္မႈျဖင့္ တက္ေရာက္လာသူ ေတာင္သူ၊ ကုန္သည္ပြဲစား၊ စက္ပိုင္မ်ားရဲ႕ အမ်ားဆႏၵႏွင့္အညီ ေ႐ြးခ်ယ္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ပါတယ္။

 

ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏ ေဒသေကာ္မတီမ်ားကို ႏိုင္ငံေတာ္အစိုးရ၏ လမ္းညႊန္ခ်က္မ်ားႏွင့္အညီ ဆန္စပါး အဓိကစိုက္ပ်ိဳးထုတ္လုပ္ေနတဲ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္မ်ားမွာ ဖြဲ႕စည္းသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

 

Source: AMIA

 

 

Read times Last modified on Tuesday, 11 February 2020 13:35
Rate this item
(0 votes)