Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျွဲနွားများ ရောင်းဝယ်ရေးတွင် အခက်အခဲများရှိလာ

Unicode >>>>>

ကျွဲနွားများ ရောင်းဝယ်ရေးတွင် အခက်အခဲများရှိလာ


ပြည်တွင်းတွင် ကျွဲနွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်သည့်အတွက် ရောင်းဝယ်ရေးတွင် အခက်အခဲများရှိလာကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်၏ ပြောကြားချက်အရ သိရပါတယ်။


Hotel Equipment & Suppliers ဟိုတယ်အသုံးအဆောင်နှင့်အထောက်အကူပြုပစ္စည်းများကိုရရှိနိုင်သည့်နေရာများ (၈၇) ခုကိုရှာရန်နှိပ်ပါ။


ကျွဲနွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က ထုတ်ပြန်လိုက်ရာ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် ကျွဲနွားများ သယ်ယူရောင်းချမှုကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။


တိရစ္ဆာန်များနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကူးစက်ရောဂါနှင့် တခြားမလိုလားအပ်သော အကြောင်းတစ်စုံတစ်ရာ မပေါ်ပေါက်နိုင်စေရေး ပြည်တွင်းတွင် သယ်ယူခြင်းဆိုင်ရာ အမိန့်ကို ထုတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။


ကျွဲနွားများကို မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ်သို့ သယ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ ထုတ်ပေးသော တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် လက်မှတ်မူရင်း၊ သက်ဆိုင်ရာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးသော ကျွဲနွားသယ်ယူခွင့် လက်မှတ်မူရင်းဖြင့်သာ သယ်ဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>  ကြက်သွန်နီ ဈေးနှုန်းများ ဆက်တိုက်ကျဆင်း


၎င်းအပြင် ကျွဲနွားများကို ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း ခရိုင်တစ်ခုမှတခြားခရိုင်တစ်ခုသို့ သယ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ ထုတ်ပေးသော တိရစ္တာန်ကျန်းမာရေး ထောက်ခံချက်မူရင်း၊ သက်ဆိုင်ရာ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှထုတ်ပေးသော ကျွဲနွား သယ်ဆောင်ခွင့် လက်မှတ်မူရင်းနှင့် ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြယ်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှူး၏ စိစစ်ခွင့်ပြုကြောင်း အကြောင်းကြားစာနှင့်အတူ သယ်ဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။


ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရပါတယ်။


#MFID

 

Home Page Food

Zawgyi >>>>>

 

ကြ်ဲႏြားမ်ား ေရာင္းဝယ္ေရးတြင္ အခက္အခဲမ်ားရွိလာ

 

ျပည္တြင္းတြင္ ကြ်ဲႏြားမ်ားကို အေရးႀကီးကုန္စည္အျဖစ္ သတ္မွတ္လိုက္သည့္အတြက္ ေရာင္းဝယ္ေရးတြင္ အခက္အခဲမ်ားရွိလာေၾကာင္း ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႔ခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာေက်ာ္ထင္၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

Hotel Equipment & Suppliers ဟိုတယ္အသံုးအေဆာင္ႏွင့္အေထာက္အကူျပဳပစၥည္းမ်ားကုုိရရွိႏုုိင္သည့္ေနရာမ်ား (၈၇) ခုကိုရွာရန္ႏွိပ္ပါ။

 

ကြ်ဲႏြားမ်ားကို အေရးႀကီးကုန္စည္အျဖစ္ သတ္မွတ္လိုက္ေၾကာင္း စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ ၿပီးခဲ့တဲ့ မတ္လ ၁၁ ရက္က ထုတ္ျပန္လိုက္ရာ အေရးႀကီးကုန္စည္အျဖစ္ သတ္မွတ္လိုက္တဲ့အတြက္ ကြ်ဲႏြားမ်ား သယ္ယူေရာင္းခ်မႈကို ကန္႕သတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

တိရစၦာန္မ်ားႏွင့္ စပ္လ်ဥ္း၍ ေဘးအႏၱရာယ္ကူးစက္ေရာဂါႏွင့္ တျခားမလိုလားအပ္ေသာ အေၾကာင္းတစ္စံုတစ္ရာ မေပၚေပါက္ႏိုင္ေစေရး ျပည္တြင္းတြင္ သယ္ယူျခင္းဆိုင္ရာ အမိန္႕ကို ထုတ္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

ကြ်ဲႏြားမ်ားကို ၿမိဳ႔နယ္တစ္ၿမိဳ႔နယ္မွ တစ္ၿမိဳ႔နယ္သို႕ သယ္ေဆာင္ရာတြင္ သက္ဆိုင္ရာၿမိဳ ႔နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွဴးမွ ထုတ္ေပးေသာ တိရစၦာန္က်န္းမာေရးေထာက္ခံခ်က္ လက္မွတ္မူရင္း၊ သက္ဆိုင္ရာ ခ႐ိုင္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ထုတ္ေပးေသာ ကြ်ဲႏြားသယ္္ယူခြင့္ လက္မွတ္မူရင္းျဖင့္သာ သယ္ေဆာင္ရမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  ၾကက္သြန္နီ ေစ်းႏႈန္းမ်ား ဆက္တိုက္က်ဆင္း

 

၎အျပင္ ကြ်ဲႏြားမ်ားကို ျပည္ေထာင္စု နယ္ေျမ၊ တိုင္းေဒသႀကီး၊ ျပည္နယ္အတြင္း ခ႐ိုင္တစ္ခုမွတျခားခ႐ိုင္တစ္ခုသို႕ သယ္ေဆာင္ရာတြင္ သက္ဆိုင္ရာၿမိဳ ႔နယ္၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွဴးမွ ထုတ္ေပးေသာ တိရစၱာန္က်န္းမာေရး ေထာက္ခံခ်က္မူရင္း၊ သက္ဆိုင္ရာ ခ႐ိုင္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွထုတ္ေပးေသာ ကြ်ဲႏြား သယ္ေဆာင္ခြင့္ လက္မွတ္မူရင္းႏွင့္ ျပည္ေထာင္စုနယ္ေျမ၊ သက္ဆိုင္ရာတိုင္းေဒသႀကီး သို႕မဟုတ္ ျပယ္နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး ဌာနမွူး၏ စိစစ္ခြင့္ျပဳေၾကာင္း အေၾကာင္းၾကားစာႏွင့္အတူ သယ္ေဆာင္ရမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

ထုတ္ျပန္ထားတဲ့အတိုင္း လိုက္နာေဆာင္ရြက္ျခင္းမရွိပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ အေရးယူခံရမည္ျဖစ္ေၾကာင္း သိရပါတယ္။

 

#MFID

Read times Last modified on Friday, 20 March 2020 10:41
Rate this item
(0 votes)