Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အဓိက အာရှ ၃ နိုင်ငံ ပို့ကုန်ဆန်ဈေး မြင့်တက်

အဓိက အာရှ ၃ နိုင်ငံ ပို့ကုန်ဆန်ဈေး မြင့်တက်

အာရှမှ ဆန်အများဆုံး တင်ပို့နေသည့် နိုင်ငံအချို့တွင် အင်ဒိုနီးရှားမှ ဝယ်လိုအား မြင့်တက်သဖြင့် ဈေးတက်သည်။ ဝယ်လက်အချို့က ဈေးသက်သာသည့် အိန္ဒိယဆန် ဘက်သို့ ခြေဦးလှည့်လိုက်ကြသည်။


၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> အမျိုးအစား ယခင်သီတင်းပတ်တွင် တစ်တန် $438 ခေါ်ဈေး ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $440-$445 သို့ မြင့်တက်သည်။
အင်ဒိုနီးရှားနိုင်ငံ အစိုးရပိုင် ကုမ္ပဏီ Bulog က ဗီယက်နမ်ဆန် ဝယ်ယူသဖြင့် ဝယ်လိုအား မြင့်တက်သောကြောင့် ဗီယက်နမ်ဆန် ဈေးနှုန်း မြင့်တက်လာခဲ့သည်။

Bulog က ဆန်ဝယ်မည့်အကြောင်း ယခင်အပတ် အာရှဆန်ဈေးနှုန်းများ တင်ပြချက်တွင် ဖော်ပြခဲ့ပါသည်။

အာရှဆန်များ တစ်ပတ်တာ အခြေအနေ
https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/5358

 

ထိုသို့ ဗီယက်နမ် ဆန်ဈေးမြင့်တက်သွားခြင်းကြောင် ကျူးဘားနိုင်ငံမှ ဝယ်လက်များသည် ဗီယက်နမ်ဆန်ကို မဝယ်ကြတော့ဘဲ ဈေးသက်သာသည့် အိန္ဒိယဆန်အမျိုးအစားများကို ဝယ်ယူကြသည်။ အိန္ဒိယဆန် တန်ချိန် ၂၈,၀၀၀ ကို ကျူးဘားသို့ တင်ပို့ရန် အိန္ဒိယနိုင်ငံ ကာကီနာဒါဆိပ်ကမ်းတွင် သင်္ဘောတင်နေသည်။

ဗီယက်နမ်ပြည်တွင်းမှာ ပြည်ပပို့ကုန်ဆန် လက်ကျန် လျော့ကျနေခြင်းကြောင့်လည်း ဈေးမြင့်တက်စေသည်။ နောက်ထပ် ၂ ပတ် ဈေးအမြင့်မှာ ဆက်ရှိနေလိမ့်မည်ဟု ကုန်သည်များက ရိုက်တာသတင်းဌာနကို ပြောကြားသည်။

 

 

အိန္ဒိယဆန် ၅% ဆန်ကွဲပါ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန် $375 to $380 ရှိသည်။ ယခင်သီတင်းပတ်တွင် $373-$378 ရှိခဲ့သဖြင့် ယခုသီတင်းပတ်တွင် ဈေးအနည်းငယ် မြင့်တက်သည်။

အိန္ဒိယ ပရီမီယံဆန် ဘာစမာတီဆန်ဈေးနှုန်း ယခင်နှစ်ကထက် ၁၅% မြင့်တက်သည်။ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများက ဈေးကြီးသည်ကို အမှုမထားဘဲ ဝယ်ယူကြသည်။

 


ထိုင်းဆန် ၅% ဆန်ကွဲပါ <RI-THBKN5-P1> အမျိုးအစားသည် ယခင်သီတင်းပတ်တွင် တစ်တန် $419-$425 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $427-$440 သို့မြင့်တက်သည်။
အင်ဒိုနီးရှားမှ Bulog က ထိုင်းဆန် တန်ချိန် ၁ သိန်းမှ ၂ သိန်းအထိ ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာသဖြင့် ဆန်ဈေး မြင့်တက်သွားသည်။

Source Reuters

Read times
Rate this item
(0 votes)