Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ သစ်သီးများ တရုတ်နိုင်ငံရှိ သီးနှံလက်ကား ဈေးကြီးများ၌ တရားဝင်ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိ

မြန်မာ့သစ်သီးများကို တစ်ဆင့်ခံ ကြားပွဲစားမလိုဘဲ တရုတ်နိုင်ငံရှိ သီးနှံလက်ကား ဈေးကြီးများ၌ တရားဝင်ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း

  မြန်မာနိုင်ငံ သစ်သီးဝလံ၊   ပန်းမန်နှင့်   ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း  အတွင်းရေးမှူး  ဦးကျော်သူ ထံမှ သိရသည်။

 

တရုတ်နိုင်ငံရှိ သီးနှံလက်ကားဈေးကြီးများ၌ တန်ချိန်တစ်ထောင်မှ တစ်သောင်းခန့် အထိ  သစ်သီးများကို  တိုက်ရိုက်စုပေါင်း ရောင်းချနိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

 

''လက်ရှိမှာ မလေးရှား၊ ဟောင်ကောင်နဲ့ စင်ကာပူနိုင်ငံတွေကို တင်ပို့နေတယ်။ ဒါ့ပြင် တရုတ်နိုင်ငံကို ချိတ်ဆက် တင်ပို့တာလည်းရှိတယ်။ လက်ကားဈေးတွေနဲ့ ချိတ်ဆက်ထား ပြီး နမူနာအနေနဲ့ တန်ချိန်နှစ်ထောင်လောက် လိုချင်တယ်'' ဟု ဦးကျော်သူ ကပြောသည်။

 

လတ်တလောတွင် မြန်မာနိုင်ငံမှထွက်ရှိ သည့် သစ်သီးဝလံတချို့သည် တရုတ်နိုင်ငံမှ   ပိုးမွှားကင်းစင်ရေးစံချိန်စံညွှန်း  လာရောက်စစ်ဆေးထားခြင်း မရှိသဖြင့် မြန်မာ့ သစ်သီးအဖြစ် မသတ်မှတ်ဘဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထွက်   သစ်သီးများအဖြစ် တရုတ်စာတန်းပါသည့်   ဂျက်ဖာများဖြင့် တင်ပို့နေရသည့်အပြင် ယမန်နှစ်က ပြည် တွင်းမှ ဖရဲ၊ သခွားတန်ချိန် ရှစ်သိန်းကျော်ကိုတရားဝင်တင်ပို့ခဲ့သော်လည်း  တရုတ်နိုင်ငံ၏ ဖောက်သည်စာရင်းများအရ တန်ချိန် ခုနစ်ထောင်သာ  စာရင်းရှိနေသောကြောင့်  သက်ဆိုင်ရာမှ  တရားဝင် ရောင်းဝယ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

ထို့ပြင် မြန်မာနိုင်ငံမှ ထွက်ရှိသော သီးနှံများဖြစ်သည့် ထောပတ်၊  ငှက်ပျော၊  ဝဥ၊ ကျွဲကောနှင့်  ဖာလာစေ့တို့ကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ကာ  တရားဝင် ရောင်းဝယ်ခွင့်ရရှိ စေရေး တရုတ်နိုင်ငံ ကုန်ပစ္စည်းအရည်အသွေး စစ်ဆေးရေးနှင့်    ကွပ်ကဲရေးအာဏာပိုင် ဝန်ကြီးဌာန (AQSIQ) ၏ စာရင်းတွင် ပါဝင်နိုင်ရန်  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

''ဒီသီးနှံငါးမျိုးက လောလောဆယ် တရုတ်နိုင်ငံရဲ့ တင်သွင်းခွင့် စာရင်းထဲမှာ လုံးဝမပါဝင်သေးတဲ့ အတွက် ဘယ်လိုတင်ပို့ ရမလဲဆိုတာကို အဓိကထား ဆောင်ရွက်နေ ပါတယ်'' ဟု ဦးကျော်သူကပြောသည်။

 

လတ်တလောတွင် ပြည်တွင်းမှထွက်ရှိသည့်   သစ်သီးဝလံများကို   တရုတ်နိုင်ငံသို့  အဓိက တင်ပို့နေရပြီး တရုတ်ဈေးကွက်အပြင် တခြားပြည်ပ ဈေးကွက်များသို့ တင်ပို့နိုင်ရန်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 16:46
Rate this item
(1 Vote)