Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အလယ်အလတ် စီးပွားရေးလုပ်ငန်းရှင်များ အခွန်ထမ်းဆောင်မှု နှစ်ဆကျော်တက်လာဟုဆို

အလယ်အလတ်စီးပွား ရေးလုပ်ငန်းရှင်များ၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အခွန် ထမ်းဆောင်သူဦးရေ

နှစ်ဆကျော် မြင့်တက်လာကြောင်း အလယ် အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်ယမုံအောင်က ပြောသည်။

 

အလယ်အလတ်အခွန်ထမ်း များဆိုင်ရာ အခွန်ရုံးတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က အခွန်ဆောင် သည့် စီးပွားရေးလုပ်ငန်းရှင် ၇၀၀ ရှိသော်လည်း ၂၀၁၇-၁၈ဘဏ္ဍာနှစ်၌ အခွန်ထမ်းဆောင် သူ ၁,၉၀၀ အထိ တိုးတက်လာ သည်ဟု ၎င်းကဆိုသည်။

 

အခွန်ရငွေသည် နိုင်ငံတော် ဘဏ္ဍာအတွက် အဓိကလိုအပ် ချက်ဖြစ်ပြီး ထမ်းဆောင်သူများ ကျေနပ်မှုရှိစေရန်၊ အခွန်ထမ်းဆောင်ရာတွင် အမှားအယွင်းမရှိစေရန် အခွန်ပညာပေးနေသည် ဟုလည်း ဒေါ်ခင်ယမုံအောင်က ပြောသည်။

 

အခွန်ထမ်း တိုးတက်လာစေ ရန်နှင့် ကိုယ်တိုင်ဝင်ငွေကြေညာ ပြီး အခွန်ထမ်းဆောင်ခြင်း ဆောင်ရွက်နိုင်ရန် အလယ်အလတ်အ ခွန်ထမ်းများဆိုင်ရာအခွန်ရုံးက ရှင်းလင်းပွဲများ ခြောက်ကြိမ်ခန့် ကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနအောက်ရှိ ကျပ်သန်းနှစ်သောင်း အထက် အခွန်ထမ်းဆောင်သူများအပါအ ၀င် အခွန်အများဆုံး ထမ်းဆောင် သူ စီးပွားရေးလုပ်ငန်းရှင် ၈၀၀ ပြီးလျှင် အလယ်အလတ်အခွန် ထမ်းဆောင်သူများက နိုင်ငံ့ ဘဏ္ဍာ ငွေဖြည့်ဆည်းပေးသူများ ဖြစ်သည်။

 

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် အခွန်အကောက်ရရှိမှု အနည်းဆုံးနိုင်ငံ၌ ပါဝင် နေပြီး ပြည်တွင်းအသားတင် ထုတ်ကုန်(ဂျီဒီပီ)၏ ၇ ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်း The Economist သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ အာဆီယံတွင် ထိုင်းနိုင်ငံ ၏ အခွန်အကောက်ရငွေက ဂျီဒီပီ၏ ၁၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ဂျီဒီပီ၏ ၁၄ ရာခိုင်နှုန်းရှိ ကြောင်း ဖော်ပြထားသည်။

 

နိုင်ငံတော်မှ အခွန်ဝင်ငွေ တိုးမြှင့်ရရှိရန် ဆောင်ရွက်ရာတွင် အခွန်ပညာပေးမှုများကို ဟောပြောရှင်းလင်းပေးခြင်း၊ တီဗီများတွင် အခွန်ထမ်းဆောင်မှု၏ အကျိုးကျေးဇူးများ မကြာခဏထုတ်လွှင့်ပြသခြင်း၊ FM ရေဒီယိုများမှလည်း အခွန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ကြေညာပေးခြင်း၊ နယ်မြို့ကြီးများတွင် ဘေလ်ဘုတ်များ စိုက်ထူပြီး အခွန်ထမ်းဆောင် ရန် ကြော်ငြာပေးခြင်းတို့ ဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က အကြံပြုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:19
Rate this item
(1 Vote)