Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၁၁ လအတွင်း ပြည်ပသို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၆၁ သန်းကျော်ရရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၆၁ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆန်နှင့်ဆန်ကွဲကို တရုတ်နိုင်ငံသို့အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတင်ပို့နိုင်မှုမြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန် နှင့် ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများ ဆုံးတင်ပို့နေခြင်းဖြစ်သည်။ ဥရောပနိုင်ငံများ နှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန် နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ် ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု နှစ် ခုစလုံးမှတင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှဆန်နှင့်ဆန်ကွဲကို ပြည်ပ တင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှု မှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်သို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန် နှင့် ဆန်ကွဲတင်ပို့မှုကို ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တန်ချိန်မြင့် တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့် ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ မေလလယ်အထိ ပြည်ပသို့ မြန်မာ့ဆန် ဆန်တန်ချိန် ၇ ဒသမ ၈ သိန်းကျော်သာ တင် ပို့ထားနိုင်ပြီး ယခင်နှစ်ကာလတူထက် တန် ချိန်လေးသိန်းကျော်လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာ၁ ရက်မှ မေ ၁၄ ရက်အထိ ယာယီစာရင်း များအရ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့ ဆန် နှင့်ဆန်ကွဲတင်ပို့နိုင်မှုအခြေအနေအရ ဆန် တန်ချိန် ၇၈၇၆၂၆ ဒသမ ၆၄၃ တန် တင်ပို့မှုမှ ဒေါ်လာ ၃၂၀ ဒသမ ၃၉၉ သန်း ရရှိထား သည်။ ဆန်ကွဲတန်ချိန် ၅၈၉၄၁၅ ဒသမ ၃၃၀ တန်တင်ပို့မှုမှဒေါ်လာ၂၀၃ ဒသမ ၈၁၅ သန်း ရရှိထားကာ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၃၇၇၀၄၁ ဒသမ ၉၇၃ တန်တင်ပို့မှုမှ ဒေါ် လာ ၅၂၄ ဒသမ ၂၁၄ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၂၁၂၈၅၅ ဒသမ ၆၄၃ တန်တင်ပို့မှုမှဒေါ် လာ ၃၇၂ ဒသမ ၆၅၈ သန်းရရှိထားသည်။ ဆန်ကွဲတန်ချိန် ၆၃၇၇၇၂ ဒသမ ၀၈ တန် တင်ပို့မှုမှဒေါ်လာ၁၆၇ ဒသမ ၀၅၇ သန်းရရှိ ခဲ့သည်။ စုစုပေါင်းဆန်နှင့်ဆန်ကွဲတန်ချိန် ၁၈၅၀၆၂၇ ဒသမ ၇၂၃ တန်တင်ပို့မှုမှဒေါ် လာ ၅၃၉ ဒသမ ၇၁၅ သန်းရရှိခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရသည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါ က ဆန်တန်ချိန် ၄၂၅၂၂၉တန်၊တန်ဖိုး ဒေါ် လာ ၅၂ ဒသမ ၂၅၉ သန်းလျော့နည်းခဲ့ သည်။ ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၄၈၃၅၆ ဒသမ ၇၅၀ တန်လျော့နည်းခဲ့သော်လည်း ဒေါ်လာ ၃၆ ဒသမ ၇၅၈ သန်းပိုမိုရရှိခဲ့ကြောင်း သိရ သည်။

 

news-eleven.com

Read times
Rate this item
(1 Vote)