Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန် ပြည်ပဈေးကွက် အပြောင်းအလဲ ဖြစ်လာဟုဆို

ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းမြင့်တက်ခြင်းက မြန် မာ့ဆန်ပြည်ပဈေးကွက်ကို ပုံစံ ပြောင်းလဲစေကြောင်း ဆန်ကုန် သည်များက ပြောသည်။

 

တရုတ်နိုင်ငံသို့ နှစ်စဉ်နယ် စပ်ကုန်သွယ်ရေးဖြင့် ဆန်တင်ပို့ မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ရာခိုင်နှုန်းအကြား တင်ပို့နေရ သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်တွင် တရုတ်သို့ ဆန်ရောင်းချ သည့် ပမာဏ ၅၃ ရာခိုင်နှုန်းသို့ ကျဆင်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရ သည်။ ထိုင်း၊ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့မှ သိုလှောင်ဆန်ပမာဏ လျော့နည်းလာခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် နိုင်ငံတကာ ဆန်ကုန်သည်ကြီးများက ဆန် ၀ယ်ယူမှု မြှင့်တင်လာကြောင်း ပြည်ပဆန်တင်ပို့နေသည့် လုပ် ငန်းရှင်အချို့က ဆိုသည်။

 

မြန်မာနိုင်ငံမှလည်း အာဖရိ၊ ဥရောပအပါအ၀င် ကမ္ဘာ့နိုင်ငံများသို့ ဆန်တင်ပို့နေခြင်းကြောင့် နိုင် ငံတကာဆန်ကုန်သည်ကြီးများ၏ ဆန်ဝယ်လိုသည့် နိုင်ငံများတွင် ပါဝင်လာကြောင်း ၎င်းတို့က ပြောသည်။ ‘‘ကမ္ဘာ့ဆန်ဝယ်လိုအား တက်လာတော့ ကျွန်တော်တို့နိုင်ငံကလည်း ၀ယ်တာတွေတက်လာ တယ်။ ဒါကြောင့် ပင်လယ်ရေကြောင်းက ပို့တဲ့ပမာဏတိုးလာ တာ’’ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

 

နိုင်ငံတကာဆန်ဈေးကွက် တွင် မြန်မာ့ဆန်ဈေးသည် ၂၅ မှတ်အမျိုးအစား သင်္ဘောပေါ်ရောက် ဈေးနှုန်း (FOB) တစ်တန်လျှင် ကန်၃၂၅ ဒေါ်လာ ၊ ၅ မှတ်အမျိုးအစားဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၄၀၀ ဈေးဖွင့်သည်။

 

 ထို့ကြောင့် ပင်လယ်ရေ ကြောင်းမှ ပြည်ပဆန်တင်ပို့နိုင် သည့် ပမာဏသည် ယခုဘဏ္ဍာ နှစ်တွင် တန်ချိန် ၁၂ဒသမ၇ သိန်း ကျော်ရှိပြီး နယ်စပ်မှ ဆန်တင်ပို့ မှု ၁၄ဒသမ၄ သိန်းကျော်ရှိနေ သည်။

 

တရုတ်နိုင်ငံမှ နှစ်စဉ်ဆန် ၀ယ်ယူသည့်ပမာဏသည် တန် ချိန် ၁ဒသမ၅ သန်းခန့်ရှိခြင်း ကြောင့် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှု ထပ်မံမြင့်တက်လာ နိုင်ကြောင်း ဆန်ကုန်သည်အချို့က ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:48
Rate this item
(1 Vote)