Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ နှစ်စဉ် ကျွဲ၊ နွားအကောင်ရေ (၁) သန်းနီးပါး ဝယ်လိုအားရှိနေ

နှစ်စဉ် ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်အကောင်ရေ (၁) သန်းနီးပါးအထိ ပြည်ပနိုင်ငံများမှ ဝယ်လိုအားရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။


ဇွန်လ (၂၉) ရက်က ကုန်သည်/စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 


“ကျွဲ၊ နွား၊ ဆိတ် စတဲ့ တိရစ္တာန်အရှင်တွေ တင်ပို့မှုကလည်း ဈေးကွက်ကောင်းကောင်းရှိပါတယ်။ ကျွဲ၊ နွား၊ ဆိတ် မွေးမြူရေးကို အားပေးမယ်ဆိုရင် တစ်နှစ်၊ တစ်နှစ်ကို အကောင်ရေ (၁) သန်းလောက်အထိ ဝယ်လိုအားရှိနေပါတယ်” လို့ ဒေါက်တာသန်းမြင့်က ပြောပါတယ်။

 


ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်များ ပြည်ပကို တရားမဝင် တင်ပို့ရောင်းချခြင်းကနေ တရားဝင်ဖြစ်လာစေဖို့နဲ့ မွေးမြူရေးတောင်သူများအတွက် ဝင်ငွေနဲ့ အလုပ်အကိုင်အခွင်အလမ်းများ ပိုမိုရရှိစေဖို့ ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက (၂၀၁၇) ခုနှစ် အောက်တိုဘာလမှစတင်ကာ ပြည်ပကို ကျွဲ၊ နွားအရှင်များ တရားဝင်တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

 


ဒါပေမယ့် ပြည်ပကို တင်ပို့ရောင်းချမယ့် ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်များအတွက် တင်ပို့ခွင့် လျှောက်ထားရခြင်းအပြင် အဆိုပါတိရစ္တာန်များအတွက် သက်ဆိုင်ရာဌာနများမှ ကျန်းမာရေးထောက်ခံချက်များကိုပါ ရရှိဖို့ လိုအပ်ကြောင်း၊ မိမိတို့ တင်ပို့မယ့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရောဂါကင်းရှင်းဖို့ လိုအပ်တဲ့ စံချိန်၊ စံညွှန်းစတဲ့ စံသတ်မှတ်ချက်တွေကို စနစ်တကျ တိုင်းထွာပြီး အာမခံချက်ပေးဖို့ လိုအပ်ကြောင်း သိရပါတယ်။

 


Read More >>>>>  ကျွဲ၊ နွားအရှင်များ ပြည်ပသို့ တင်ပို့ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ

 


လက်ရှိ ပြည်တွင်းမှ ကျွဲ၊ နွားများကို တရုတ်နိုင်ငံဆီ အများဆုံးတင်ပို့ရောင်းချနေပြီး မွေးမြူသူများဘက်ကလည်း ဈေးကွက်နဲ့ ဈေးနှုန်းတည်ငြိမ်ရေးအတွက် နှစ်နိုင်ငံအစိုးရခြင်း (G to G) လက်မှတ်ရေးထိုးနိုင်ရေး တင်ပြ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

 


၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလကုန်အထိ ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများကို အမေရိကန်ဒေါ်လာ (၂၀၈.၉၀၆) သန်း တင်ပို့ထားပြီး ၎င်းအထဲမှ ကန်ဒေါ်လာ (၂၇၈.၂၇၆) သန်းက နယ်စပ်မှ တင်ပို့ရောင်းချထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုကိန်းဂဏန်း အချက်အလက်များအရ သိရပါတယ်။

 

Source: BE NEWS

Read times Last modified on Thursday, 04 July 2019 15:16
Rate this item
(1 Vote)