Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရေထွက်ပစ္စည်းထုတ်လုပ်တင်ပို့ရန် မြန်မာစက်ရုံ (၆) ရုံ ဗီယက်နမ်အစိုးရ သဘောတူခွင့်ပြု

မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ရေထွက်ပစ္စည်းများတင်ပို့ရန်အတွက် မှတ်ပုံတင်လျှောက်ထားခဲ့သည့် စက်ရုံ (၆) ရုံအား

ဗီယက်နမ် စိုက်ပျိုးရေးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနက (၃-၈-၂၀၂၁) ရက်နေ့တွင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ စက်ရုံများမှာ
Helianthus Trading Co., Ltd၊
Global Lucky Fish Co., Ltd၊
Aung Moe Khine Manufacturing Co., Ltd၊
TT Cold Store၊ Mega Marine Frozen Seafood Co., Ltd နှင့်
C.K Frozen foods Yangon Co.,Ltd
တို့ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ရေထွက်ပစ္စည်း တန်ချိန် စုစုပေါင်း (၆.၆၉) သိန်းခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၅၃.၁၃၆) သန်းခန့် တင်ပို့နိုင်ခဲ့ပြီး၊ ယင်းအနက် ဗီယက်နမ်သို့ တန်ချိန် (၂၀၀၆) တန်၊ အမေရိကန်ဒေါ်လာ (၃.၈၄) သန်းခန့် တင်ပို့ခဲ့ကြောင်း ငါးလုပ် ငန်းဦးစီးဌာန စာရင်းဇယားများအရ သိရသည်။

Read times
Rate this item
(0 votes)