Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ကုန်ဘေးကင်းလုံခြုံရေးသင်တန်းတွေနေရာအနှံ့ဖွင့်မယ်

မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနဲ့ International Finance Corporation (IFC) တို့ ပူးပေါင်းပြီး

စားသောက်ကုန်ဘေးကင်းလုံခြုံရေးဆိုင်ရာသင်တန်းတွေကို နေရာအနှံ့ပေးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

လက်ရှိမှာ ပထမဆုံးအကြိမ်အဖြစ် စားသောက်ကုန်ဘေးကင်းလုံခြုံရေးဆိုင်ရာသင်တန်းကို ရန်ကုန်မှာဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်။

 

စားသောက်ကုန်တွေဘေးအန္တရာယ်ကင်းအောင်ထုတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာတွေသိရှိနိုင်ဖို့ International Finance Corporation(IFC)နဲ့ပူးပေါင်းပြီးသင်တန်းတွေဖွင့်လှစ်တာဖြစ်တယ်လို့သိရပါတယ်။

 

နိုင်ငံတော်အဆင့် စားသောက်ကုန် ဘေးကင်းလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ နိုဝင်ဘာလ(၉)ရက်ကUMFCCIမှာ ပြုလုပ်ခဲ့ပါတယ်။

 

ဒီဆွေးနွေးပွဲကို စားသောက်ကုန်လုပ်ငန်းနဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနကတာဝန်ရှိသူတွေ၊UMFCCI နဲ့ (IFC)က တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ စားသောက်ကုန်လုပ်ငန်းရှင်တွေ တက်ရောက်ပြီး ဘေးအန္တရာယ်ကင်းရှင်း တဲ့စားသောက်ကုန်တွေ တင်ပို့နိုင်ရေးကို အဓိကထားဆွေးနွေးခဲ့ပါတယ်။

 

Read times
Rate this item
(0 votes)