Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ အားလူးများ တင်သွင်းမှုကြောင့် ပြည်တွင်းအားလူးဈေးကွက် ကျဆင်းနေ

တရုတ်မှ ပြည်တွင်းဈေးကွက်ကို အာလူး တင်သွင်းမှုများပြားလာတာကြောင့် ပြည်တွင်း အာလူးဈေးနှုန်းများ ကျဆင်းနေပြီး သွင်းကုန်များက ပြည်တွင်းစိုက်ပျိုးသူများကို ထိခိုက်စေတယ်လို့ စိုက်ပျိုးသူရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

 

တရုတ်နိုင်ငံမှ အားလူးများ တင်သွင်းမှုများကြောင့် ရန်ကုန်တွင် အားလူးဈေးကွက် တစ်ပိဿလျှင် ကျပ် ၄၅၀ အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ နှစ်ရဲ့ သက်မှတ်ဈေးနှုန်း ကျပ် ၇၀၀ ကနေ သိသိသာသာ ကျဆင်းသွားတာ ဖြစ်ပါတယ်။

 

ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံမှ အားလူးများ တင်ပို့မှုများရှိတာလာကြောင့် စိုက်ပျိုးသူများက ပြည်ပကို အားလူးများ တင်ပို့နိုင်ဖို့အတွက် အခက်ခဲများရှိနေတယ်လို့ သိရပါတယ်။

 

အမှန်တကယ်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစားသုံးမှု မလုံလောက်တော့တဲ့အခါ စိုက်ပျိုးရေးဌာနရဲ့ ခွင့်ပြုမိန့်ရှိမှသာ သွင်းကုန်များတင်သွင်းနိုင်မှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနှံ့တွင် အားလူးစိုက်ပျိုး ဧကပေါင်း ၉၀,၀၀၀ ရှိပြီး နှစ်စဉ် အားလူး ၆၀,၀၀၀၀ တန် ထွက်ရှိပါတယ်။ မြန်မာနိုင်ငံတွင် အားလူးစားသုံးမှုပေါင်း ၃၅,၀၀၀၀ တန်သာ ရှိကြောင်း Global New Light ဂျာနယ် ဖော်ပြချက် အရသိရပါတယ်။

 

(Translated by Food Industry Directory)


Ref:https://www.globalnewlightofmyanmar.com/influx-of-potato-from-china-harms-domestic-market-amid-pandemic/

Read times
Rate this item
(0 votes)