Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထန်းသီးဆန်ဈေးကွက်သွက်လာ၍ ထန်းလုပ်ငန်းအပေါ် စိတ်ဝင်စားမှုများပြား

ထန်းလုပ်ငန်းကောင်းမွန်မှုမရှိ၍ ထန်း တောင်သူဦးရေလျော့နည်းလာရာမှ ယခုနှစ် ရာသီချိန်ကာလတွင်  ထန်းသီးဆန်ဈေးကွက် သွက်လာသောကြောင့် ထန်းလုပ်ငန်းအပေါ် ပြန်လည်စိတ်ဝင်စားလာနေကြောင်း မုံရွာမြို့ ထန်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

 

ထန်းသီးတစ်လုံး ကျပ် ၆၀

"အခုတော့ ထန်းလုပ်ငန်းကို လူတွေ စိတ်ဝင်စားလာအောင်လုပ်နေတယ်။ တစ်ရွာ ပြီးတစ်ရွာ ထန်းသီးဆန်လိုက်ဝယ်နေတယ်။အဆန်ကို နေရာတင် တစ်ဆန်ကျပ် ၂၀ ပေး ဝယ်တယ်။ ထန်းသီးတစ်လုံး သုံးဆန်ပါတော့ ကျပ် ၆၀ ရတယ်။

 

ထန်းသီးတစ်လုံး ခြောက် ချက်ခုတ်ရတယ်။ ဝင်ငွေကိုက်နေကြတယ်။ကျွန်တော်ဝယ်နေတာ တစ်ရက်ကို ထန်းသီး ဆန် တစ်သောင်းဝန်းကျင်ရနေတယ်။ အရာ တော်မြို့နယ်ထဲက ရွာလေးရွာမှာပဲ ဝယ်သေး တာပါ။ နောက်နှစ်တော့ရွာ ၃၀ လောက်အထိ ကွင်းဆင်းဝယ်ဖို့လျာထားတယ်"ဟု ထန်းလျက် လုပ်ငန်းရှင် ကိုဇော်မင်းထိုက်က ပြောဆိုသည်။

 

အရာတော်မြို့နယ် ကျေးရွာများမှ ရလာ သော ထန်းသီးဆန်များကို ရေခဲရိုက်၍ မြင်းခြံ မြို့သို့ရလာသောရက် ညနေအရောက်ပို့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

Read More >>>>>  ကြက်ပေါင်းမြူစွမ်

"မုံရွာကနေ မနက်ခင်းပိုင်း ထန်းသီးဆန် ရောင်းမယ့်ရွာတွေကို ရေခဲတွေပို့လိုက်တယ်။မနက် ၉ နာရီကနေ ၁၁ နာရီလောက်အထိ ရွာအရောက် ရေခဲပို့လိုက်တယ်။

 

မွန်းတည့် ၁၂ နာရီတစ်ခါ၊ ညနေ ၄ နာရီတစ်ခါ ထန်းသီး ဆန်တွေကို ရေခဲအုပ်ပြီး လာသွင်းကြတယ်။ ညနေပိုင်းမှာပဲ ရေခဲရိုက်ထန်းသီးဆန်တွေကို မြင်းခြံစက်ရုံကိုပို့ပေးရတယ်။ မြင်းခြံမှာ ထန်းသီး ဆန်ကို ဘာလုပ်တယ်ဆိုတာ မမေးရသေးဘူး။

 

တစ်ရက်ခြားပို့ပေးနေရတယ်။ ထန်းသီးဆန် တစ်သောင်းခွဲပတ်လည်ပို့တာ လေးခေါက်ရှိပြီ။ ဒီနှစ်မှစတာ အောင်မြင်တယ်လို့ပြောရင်ရတယ်။ ဒီအတိုင်း ထန်းလုပ်ငန်းကို ဆုတ်ခွာသွားမှာနဲ့ စာရင် ဒီလိုလုပ်ငန်းဖြစ်လာပြီး ပြန်စိတ်ဝင်စား လာတာ အောင်မြင်တယ်လို့ ပြောရင်ပါတယ်"ဟု ကိုဇော်မင်းထိုက်က ပြောဆိုသည်။

 

အသက်နဲ့ရင်းလုပ်ရ

"ထန်းတောင်သူတွေ ဒီနှစ်ဈေးရတော့ အဆင်ပြေကြတယ်။ ထန်းတောင်သူဦးရေက အရင်ကထက်စာရင် သုံးပုံပုံရင် တစ်ပုံလောက် လျော့သွားတယ်။ ချင်းတွင်းမြစ်အရှေ့ဘက် မုံရွာနယ်ကတော့ အရာတော်နဲ့ ဘုတလင်ဘက် မှာ ထန်းလုပ်တာများတယ်။ ထန်းတောင်သူ အဓိကလျော့တာက ဝင်ငွေကြောင့်ပါ။ ဒီထန်း လုပ်ငန်းက အသက်နဲ့ရင်းလုပ်ရပြီး နိစ္စဓူဝ မိသားစုလိုက်လုပ်ကြရတာဆိုတော့ တခြား အလုပ်တွေက ဝင်ငွေကောင်းနေတော့ ဒီ အလုပ်ကို မလုပ်ကြတော့ဘူးပေါ့။ လူငယ် တွေက မလေးရှားထွက်ကြတာများတယ်"ဟု ဦးစန်းမြင့်က ပြောဆိုသည်။

 

လုပ်ငန်းမကောင်း အပင်ခုတ်ရောင်း

ထန်းလုပ်ငန်း မကောင်းသည့်အတွက် ထန်းပင်ခုတ်ရောင်းကြသူတချို့ရှိရာ တစ်ပင် လျှင် အနည်းဆုံးကျပ် ၅,ဝ၀ဝ မှ အများဆုံး ကျပ်၁၀,ဝ၀ဝ ခန့်ဖြင့် ထင်းသမားနှင့် ကွမ်းခြံ သမားများထံရောင်းချကြသည်။

 

Source: Myanmar Time

Read times Last modified on Wednesday, 12 June 2019 15:48
Rate this item
(1 Vote)