Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မှိုခြောက်မှုန့်ကို အာရှနိုင်ငံများသို့ တင်ပို့သွားမည်

ပြည်တွင်းထွက် မှိုခြောက်မှုန့်ကို အိမ်နီးချင်းနိုင်ငံများသို့ တင်သွင်းရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ စားသုံးမှိုအစုအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။

 

 ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ကောက်ရိုးမှိုများကို အခြောက်လှန်းကာ ပေါင်ဒါမှုန့် ပြုလုပ်၍ ဟင်းခတ်မှုန့်အဖြစ် အသုံးပြုမှု တွင်ကျယ်လာသည့်အတွက် ယခုကဲ့သို့ ဈေးကွက်ချဲ့ထွင်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

 

လက်ရှိအချိန်တွင် နမူနာအမှုန့်များကို မလေးနိုင်ငံသို့ လာမည့်ဧပြီလအတွင်း တင်ပို့သွားမည်ဖြစ်ပြီး  အခြားနိုင်ငံများကိုလည်း တင်ပို့နိုင်ရန် စီစဉ်နေသည်။

 

"မှိုအမှုန့်ကို ပြည်တွင်းမှာလည်း အသုံးပြုမှုများ လာပါတယ်။ ပြည်တွင်းမှာ မှိုစိုက်သူတွေ များလာတော့ မှိုဈေးနှုန်းတွေက ကျလာတယ်။ အဲဒါ ကြောင့် ဈေးကွက်ချဲ့ထွင်ရတာပါ။ ပို့ဖို့ကလည်း နိုင်ငံတကာ အရည်အသွေးပြည့်မီဖို့ လိုအပ်သလို FDA ရဲ့ ခွင့်ပြုချက်လည်း လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။


 မှိုဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃,၅၀ဝ ဝန်းကျင်ရှိနေပြီး ရန်ကုန်ဈေးကွက်သို့ နေ့စဉ် မှိုပိဿာချိန် ၇,ဝ၀ဝ မှ ၁၀,ဝ၀ဝ ကြား ဝင်ရောက်ကြောင်း ဦးတင်အောင်က ဆိုသည်။

 Read More >>>>> အိန္ဒိယအစိုးရမူဝါဒ စောင့်နေခြင်းကြောင့် ပြည်တွင်းမတ်ပဲနှင့် ပဲစင်းငုံဈေးငြိမ်

မှိုအခြောက်တို တင်ပို့ရောင်းချနိုင်ရန် ထိုင်ဝမ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများရှိ ဝယ်လက်များနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟုလည်း မြန်မာနိုင်ငံ စားသုံးမှို အစုအဖွဲ့နည်းပြ ဒေါ်သွယ်သွယ်အေးက ပြောသည်။

 

"သစ်သီးဝလံအသင်းကို မှိုသင်တန်းပေးဖို့ တောင်သူတွေက အများဆုံး တောင်းဆိုလာကြပါတယ်။ ဝင်ငွေရတာမြန်တဲ့အတွက် လူတွေက စိတ်ဝင်စားလာကြပါတယ်"ဟု ၎င်းက ပြောသည်။

 

တောင်သူများအတွက် မှိုစနစ်တကျ စိုက်ပျိုးနည်း သင်တန်းများကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ပြုလုပ်ပေးခဲ့ပြီး စစ်တွေမြို့နင့် အမ်းမြို့တွင် သင်တန်းဖွင့်လှစ်ရန် စီစဉ်ထားကြောင်းလည်း ၎င်းကဆိုသည်။

 

မှိုများကို တွင်ကျယ်စွာ စိုက်ပျိုးလာကြသော်လည်း အချို့သော မှိုစိုက်သူများမှာ နောက်ချေး၊ ကပ်ထူစက္ကူ အထူ၊ ဗေဒါများ အသုံးပြုကာ စိုက်ပျိုးမှုများ ပြုလုပ်လာကြရာ ယင်းမှ ထွက်ရှိသည့်အနံ့ကြောင့် ထိုမှိုများကို အဆင့်မြင့် စားသောက်ဆိုင်များက ဝယ်ယူမှုမရှိကြောင်း မှိုစိုက်သူများက ဆိုသည်။

 

မှိုစိုက်ပျိုးရာတွင် လယ်ယာထွက်ပစ္စည်းများကို အသုံးပြု၍ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးစရိတ်နည်းပါးခြင်း၊ တစ်ပတ်အတွင်း ငွေပြန်ရခြင်းတို့ကြောင့် တောင်သူများ လယ်ယာစိုက်ပျိုးမှု နားနေချိန်များတွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်မှုများလည်း များပြားလာသည်ဟု ဦးတင်အောင်က ဆိုသည်။ 

 

Source: Myanmar Time

Read times Last modified on Thursday, 28 March 2019 15:09
Rate this item
(1 Vote)