Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပဲအတွက်သွင်းကုန်ကိုတာ သတ်မှတ်ပေးခြင်းအား ဆက်လက်ခွင့်မပြုဘဲ တင်သွင်းခွင့်မပြုရန် အိန္ဒိယပဲကုန်သည်များ လိုလား

အိန္ဒိယ၌ ပဲအမျိုးအစား အတော်များများမှာ MSP ဈေးနှုန်းအောက်တွင်ဆက်လက်ရှိနေရာ အစိုးရ

အနေဖြင့် လာမည့် မတ်လတွင်  ကုန်ဆုံးမည့် ပဲတင်သွင်းခွင့်ကန့်သတ်ချက်ကို ရပ်တန့်ပေးရန် ပဲကြိတ်ခွဲသူများနှင့် ကုန် သည်များ  တောင်းဆိုထားကြောင်း သိရပါတယ်။

 

အိန္ဒိယအစိုးရသည်  နှစ်စဉ်ပဲတင်သွင်းမှု ကိုတာအား  တန်ချိန်ငါးသန်း သတ်မှတ်ခဲ့ရာ ယင်းကိုတာအား အဆုံးမသတ်ပါက နိုင်ငံအတွင်း၌ ပေါ များနေပြီးဖြစ်သည့် ပမာဏအပေါ် ထပ်တိုးလာလိမ့် မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လာမည့်ဘဏ္ဍာနှစ် တွင် ပဲတန်ချိန် ငါးသန်းခန့် ထပ်မံတင်သွင်းခြင်းမပြုရန် တောင်းဆိုထားသည်ဟု ပဲကြိတ်စက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ  Suresh Aggarwal က  ပြောကြားထားကြောင်း သိရပါတယ်။

 

နိုင်ငံအတွင်း လောလောဆယ် ရိတ်သိမ်းနေပြီ ဖြစ်သည့် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် ကုလားပဲကဲ့သို့သော ပဲအမျိုးအစားများ၏  ဈေးနှုန်းမှာ MSP ဈေးနှုန်း အောက်တွင် ရှိနေခြင်းကြောင့် ပဲစိုက်ပျိုးသည့်ဒေသများ၌  တောင်သူလယ် သမား ဆူပူအုံကြွ မှုများ ဆက် လက်ဖြစ်ပေါ်လာစေနိုင်သည်ဟု ET သတင်းစာမျက်နှာ၌ ဖော်ပြထားပါတယ်။

 

အိန္ဒိယအစိုးရသည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲအမျိုးအစားများအား ကန့်သတ်ကုန်စည်ေ အာက် ထည့်သွင်းလိုက်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတန်ချိန်နှစ်သန်း နှင့် ပဲတီစိမ်း၊ မတ်ပဲနှစ်မျိုးပေါင်းတန်ချိန် သုံးသန်း တင်သွင်းခွင့် သတ်မှတ်ပေးခဲ့ပါသည်။ ထို့ပြင် ဆယ်စုနှစ်တစ်ခုကြာ ခွင့်မပြုခဲ့သည့် ပဲတင်ပို့မှုကို လည်း ပြီးခဲ့သည့်နှစ် တွင်  ပြန်လည်ခွင့်ပြု ပေးခဲ့ပါတယ်။

 

သို့ရာတွင်အဆိုပါဆောင်ရွက်ချက်နှစ်ရပ်စလုံးသည် ပြည်တွင်းပဲဈေးနှုန်းအားများစွာ အထောက်အကူပြုနိုင်ခဲ့ခြင်းမရှိဟုလည်း သုံးသပ်ရေးသားချက်များ ပေါ်ထွက်လာခဲ့ သည်။ အိန္ဒိယအစိုးရ၏ ခန့်မှန်း ချက်များအရ ၂၀၁၇ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၇ သန်း တင်သွင်းခဲ့ပြီး  ယင်းပမာဏသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တစ်ခုလုံး  တင်သွင်းခဲ့သည့် ပမာဏ၏ ၇၁ ရာခို င်နှုန်းရှိခဲ့ကာ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်၏ ၈၀ ဒသမ ၈ ရာခိုင်နှုန်းခန့်ရှိခဲ့ကြောင်း သိရှိရပါတယ်။

 

Source: The Commerce Journal

Read times Last modified on Tuesday, 18 September 2018 14:18
Rate this item
(1 Vote)