Food & Livestock
တစ်ပတ်တာ အာရှဆန်သတင်း
တစ်ပတ်တာ အာရှဆန်သတင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
⚫ ယခု သီတင်းပတ်အတွင်း ဂျပန်နိုင်ငံက ထိုင်းဆန် တန် နှစ်သောင်း ဝယ်ယူခဲ့ပါသည်။
⚫ ဗီယက်နမ်ဆန် ဝယ်လိုအား ကောင်းနေပြီး လက်ကျန်ဆန် လျော့နည်းနေပါသည်။ ဆန်သစ် အဝင်နည်းနေပါသည်။
⚫ အိန္ဒိယတွင် အရန်ဆန် သိုလှောင်ရေးအတွက် အစိုးရက ဆန်များကို အင်တိုက်အားတိုက် ဝယ်ယူနေပါသည်။
⚫ ဥရောပသမဂ္ဂကော်မရှင်ကို ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်က တရားစွဲဆိုခဲ့ရာ အမှုနိုင်ခဲ့ပါသည်။
⚫ မြန်မာ့ဆန် ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၁၄၃,၀၀၀ ကျော်အား တင်ပို့ခဲ့ပြီး ဆက်လက်တင်ပို့လျက် ရှိပါသည်။
ကမ္ဘောဒီးယားဆန်
ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှုသည် ဉရောပသမဂ္ဂမှ ထုတ်လုပ်သူများ၏ စီးပွားရေးကို ထိခိုက်စေသည်ဟု ယူဆ၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ကမ္ဘောဒီးယားဆန် (Indica) တင်သွင်းမှုအပေါ် ၃ နှစ် သွင်းကုန်ခွန်စည်းကြပ်ရန်နှင့် ဉရောပသမဂ္ဂ အကာအကွယ်ပေးရေး အစီအမံများအရ ၂၀၁၉ ခုနှစ်တွင် Indica ဆန် တစ်တန်လျှင် ယူရို ၁၇၅ (၁၈၃ ဒေါ်လာ)၊ ၂ဝ၂၀ ပြည့်နှစ်တွင် Indica ဆန် တစ်တန်လျှင် ယူရို ၁၅၀ နှင့် ၂၀၂၁ ခုနှစ်တွင် Indica ဆန် တစ်တန်လျှင် ယူရို ၁၂၅ တို့ဖြင့် ပေးဆောင်ရန် ဥရောပသမဂ္ဂကော်မရှင်က ဆုံးဖြတ်ခဲ့ပါသည်။
ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် နိုင်ငံတကာရှေ့နေများ ငှားရမ်း၍ ဥရောပသမဂ္ဂကော်မရှင်ကို အမှုစွဲဆိုခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂသို့ ဆန်ထိပ်တန်းတင်ပို့သည့် အီတလီနှင့် စပိန်နိုင်ငံတို့မှ ဆန္ဒပြမှုများအပြီးတွင် ဥရောပသမဂ္ဂ၏ တရားလွှတ်တော်မှ အကာအကွယ်ပေးမှုဆိုင်ရာ အစီအမံများအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီး၊ လုံလောက်သော အထောက်အထားများ စုဆောင်းနိုင်မှုမရှိခြင်းကြောင့် အဆိုပါသွင်းကုန်အခွန်များသည် တရားမဝင်ကြောင်းနှင့် ဥရောပကော်မရှင် စီမံခန့်ခွဲရေးကော်မတီ၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်၏ နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ဥရောပသမဂ္ဂ၏ တရားလွှတ်တော်မှ ဥရောပကော်မရှင်အား ၎င်း၏ တရားရေးကုန်ကျစရိတ်များကို ကျခံရန် ကမ္ဘောဒီးယား ဆန်လုပ်ငန်းကဏ္ဍ၏ လော်ဘီသမားဖြစ်သူ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ ကုန်ကျစရိတ်များကို ပြန်လည်ပေးဆပ်ရန်နှင့် အီတလီအနေဖြင့် တရားရေးကုန်ကျစရိတ်များကို မိမိဘာသာကျခံရန် အမိန့်ချမှတ်ခဲ့ပါသည်။ ဤကိစ္စရပ်အောင်မြင်မှုသည် ကမ္ဘောဒီးယားအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအရ ကမ္ဘောဒီးယားဆန်စပါးကဏ္ဍ တိုးတက်မှုပြယုဂ်ဖြစ်ကြောင်း ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်က ပြောကြားခဲ့သည်။
မြန်မာ့ဆန်
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရ တို့အကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန် လွှာ (Memorandum of Understanding - MoU) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀) ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀) ထိတို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။ အဆိုပါ MoU အရ မြန်မာနိုင်ငံမှာ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန် (၂၀၀၀၀၀) တင်ပို့ရန် သဘောတူ စာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Sales Contract အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ဆန်တန်ချိန် (၁၄၃,၀၀၀) ကျော်အား တင်ပို့ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ တင်ပို့ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် (၁၅,၀၀၀) အား သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်များအား သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်ပို့ဆောင်လျက်ရှိပါသည်။
ထိုင်းဆန်
ဗီယက်နမ် ဆန်တင်ပို့မှု ဈေးနှုန်းများသည် ယမန်နှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးသို့ တက်ခဲ့သဖြင့် ဝယ်လက်အချို့က အခြားနိုင်ငံမှ ဆန်များကို ဝယ်ယူနေကြပါသည်။
ဂျပန်က ထိုင်းဆန် ဘက်သို့ လှည့်ပြီး ဝယ်ယူခဲ့ပါသည်။
၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား ယခင်သီတင်းပတ်တွင် ရောင်းဈေး တစ်တန် $444 ရေချိန် ရှိခဲ့သည်။ ယခုသီတင်းပတ် ကြာသပတေးနေ့တွင် ခေါ်ဈေး တစ်တန် $425-$457 ရှိပါသည်။
အင်ဒိုနီးရှားသည် ဆန်တန်ချိန်ထောင်ပေါင်းများစွာကို မှာယူထားပြီး တင်ပို့သူအများအပြားသည် ယခုနှစ်မကုန်မီ ယင်းသဘောတူညီချက်ကို ဖြည့်ဆည်း တင်ပို့ပေးနိုင်ရန် ကြိုးပမ်းနေကြခြင်းက ဆန်ဈေးကို ဆွဲတင်ပါသည်။
ထို့ပြင် ဂျပန်ကလည်း ဆန်ချိန် ၂ သောင်းကို ဝယ်ယူခဲ့ပြီး မတ်လနောက်ဆုံးထားပြီး အပြီးအစီး တင်ပို့ရမည် ဖြစ်ပါသည်။
ဗီယက်နမ်ဆန်
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> ယခင်အပတ် ရောင်းဈေး တစ်တန် 445-$450 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $448-$453 ရှိပါသည်။
တရုတ်နှင့် ဖိလစ်ပိုင်တို့သည် ပါကစ္စတန်ဆန်က ဗီယက်နမ်ဆန်ထက် ဈေးသက်သာသော်လည်း ပို့ဆောင်ရသည့် ခရီးပိုနီးသည့်အတွက် ဗိယက်နမ်ဆန်ကို ဆက်လက်ဝယ်ယူနေကြဆဲ ဖြစ်ပါသည်။
ဝယ်လိုအား ကောင်းမွန်နေပြီး ဆန်သစ်အဝင်နည်းသဖြင့် လက်ကျန် လျော့နည်းနေပါသည်။
ဆောင်း-နွေဦး စပါးအသစ်ပေါ်လျှင် နွေ-ဆောင်းဦး စပါးထက် ဆန်အရည်အသွေး ပိုကောင်းပါသည်။ အရေအတွက်အရလည်း ပိုများပါသည်။
အိန္ဒိယဆန်
၅% ဆန်ကွဲပါ အိန္ဒိယ ပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး ယခုအပတ်တွင် ယခင်အပတ်အတိုင်း တစ်တန် $373-$378 ရှိပါသည်။ အတက်အကျ မရှိပါ။
ဆန်သစ်ပေါ်ချိန် ဖြစ်ပြီး အစိုးရက အရန်ဆန်အတွက် အင်တိုက်အားတိုက် ဝယ်ယူနေသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



