Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်သို့ ဆန်အဝင်နည်းနေသဖြင့် ပြည်ပတင်ပို့မည့် ကုန်သည်များအခက်တွေ့

ပြည်ပနိုင်ငံများက ဝယ်ယူထားသည့် ဆန်အိတ် ရေသိန်း ၃၀ ခန့် တင်ဆောင်မည့် သင်္ဘောများ ရောက်ရှိ ချိန်တွင်

ရန်ကုန်သို့ ဆန်အဝင်နည်းနေခြင်းက ကုန် သည်များ အကျပ်အတည်းဖြစ်စေသည်ဟု ဘုရင့်နောင် ဆန်ကုန်သည်အသင်း အတွင်းရေးမှူး ဦးသန်းဦးကပြော ကြားသည်။

 

ယခင်က တစ်ရက်လျှင်ဆန်အိတ်ရေ ငါးသောင်းမှ တစ်သိန်းကြား ရန်ကုန်သို့ ပုံမှန်ဝင်ရောက်သော်လည်း အောက်တိုဘာလဆန်က မုန်တိုင်းများကြောင့် မိုး ဆက်တိုက်ရွာသွန်းပြီး ဆန်အဝင်လျော့ကျခဲ့သည်။

 

မိုးရွာသွန်းမှုကြောင့် လယ်သမား များ စပါးရိတ်သိမ်းရန် အခက် အခဲဖြစ်ချိန်တွင် ပြည်တွင်း လက် ကျန်နည်းပြီး ရန်ကုန်သို့ တစ် ရက်လျှင် အိတ်ရေ နှစ်သောင်း ခွဲခန့်သာ အများဆုံးဝင်ရောက် ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

 

‘‘ကြိုရောင်းထားတဲ့ ပမာဏ ကများပြီး ဆန်လက်ကျန်အရေ အတွက်နည်းတော့ ရန်ကုန်ဝင် လာတဲ့ ဆန်ကို အလုအယက်ဝယ် နေရတယ်။ တော်တော်အကျပ်အ တည်းဖြစ်လာတယ်’’ ဟု ဦးသန်း ဦးက ပြောသည်။

 

ရန်ကုန်သို့ ဝင်နေသည့်ဆန် အိတ်ရေနှင့် လက်ရှိတွင်ပြည်ပသို့ ဆန်တင်ပို့ရမည့် ပမာဏကိုတွက် ပါက တစ်လခန့်အချိန်ယူရမည် ဖြစ်ပြီး သင်္ဘောများ ရက်ရှည် ဆိုက်ကပ်ထားရသဖြင့် အပိုကုန် ကျစရိတ်များကို ကုန်သည်များက ကျခံရမည်ဟု ၎င်းကပြောသည်။

 

ပြည်ပသို့ ဆန်ကြိုတင် ရောင်းချထားသူများသည် မိုးစပါး ပေါ်ချိန်တွင် ဈေးကျနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ၂၅ မှတ်ဆန် တစ်တန်လျှင် ဒေါ် လာ ၂၈၀ ခန့် ဖြင့် ရောင်းချထားကြောင်း ဦးသန်း ဦးက ပြောသည်။ ပြည်တွင်းဆန် ဈေးနှုန်းသည် လက်ရှိငွေလဲနှုန်း ဖြင့် တွက်ပါက ဆန်တစ်တန်လျှင် ဒေါ်လာ ၃၁၀ ခန့်ရှိသဖြင့် ကုန် သည်များ ဆန်တစ်အိတ်လျှင် ကျပ်  ၃,၀၀၀ ကျော် ဆုံးရှုံးနေ သည်ဟု ဦးသန်းဦးက ဆိုသည်။

 

လက်ရှိ ကြုံတွေ့နေသည့် အကျပ်အတည်းကို မဖြေရှင်းနိုင် ပါက နိုင်ငံတကာတွင် မြန်မာ့ ဆန်ဈေးကွက် အခိုင်အမာရရှိရန် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

 

ကုန်သည်များ ဆုံးရှုံးမှုများ ပြီး သင်္ဘောတင်ရန် အခက်အခဲ ဖြစ်နေခြင်းကို ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စ ပါးအသင်းချုပ်က အောက်တိုဘာ ၁၁ ရက်တွင် အဖွဲ့ဝင် ၁၁ ဦးပါဝင် သည့် ကော်မတီဖွဲ့ပြီး ရန်ကုန်အ သင်းချုပ်ရုံး၌ အစည်းအဝေးပြု လုပ်ခဲ့သည်။

 

ပင်လယ်ရေကြောင်းမှ ပြည် ပတင်ပို့နေသည့် ၂၅ မှတ် (အကျိုး အကြေ ၂၅ ရာခိုင်နှုန်း) ဆန်ဝယ် လိုအား များနေခြင်းကြောင့်နှစ်လ အတွင်း ၃၅ ရာခိုင်နှုန်းခန့် ဈေး တက်လာသည်။ သြဂုတ်က တစ် အိတ်လျှင် ကျပ် ၁၇,၀၀၀ ခန့်ရှိခဲ့ သည့် ၂၅ မှတ်ဆန်သည်လက်ရှိ  တွင် ကျပ်၂၁,၀၀၀အထိ မြင့် တက်လာသည်။

 

ဆန်ဈေးတက်ခြင်း အပြင် အရည်အသွေးပိုင်း ထိခိုက်မှုများ နှင့် လိုအပ်သည့် ပမာဏအတိုင်း ဆန်တင်ပို့မပေးနိုင်ပါက နိုင်ငံတ ကာဈေးကွက်တွင် နာမည်ပျက် နိုင်သည့် အခြေအနေမျိုးဖြစ်မည် ကို စိုးရိမ်ကြောင်း ပြည်ပဆန်တင် ပို့နေသည့် ကုန်သည်အချို့က ပြောသည်။

 

လက်ရှိပြည်ပသို့ဆန်တင်ပို့ ရန် သင်္ဘောခြောက်စီးစာလိုအပ် နေပြီး ပြည်တွင်း၌ ဆန်လက်ကျန် နည်းနေချိန်ဖြစ်၍ မူဆယ်နယ်စပ် မှ ဆန်တင်ပို့မှုကို ယာယီရပ်ဆိုင်း ပေးရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြမည်ဟု အောက်တိုဘာလ ဆန်းတွင် သတင်းထွက်ပေါ်ခဲ့ သည်။

 

သို့သော်မိုးစပါးပေါ်ချိန်တွင် စပါးဈေးကျမည်ကို စိုးရိမ်သဖြင့် နယ်စပ်မှ တရုတ်နိုင်ငံသို့ဆန်တင် ပို့မှု ယာယီရပ်ဆိုင်းမည်မဟုတ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

လက်ရှိ ရန်ကုန်ဆန်ဈေး ကွက်အခြေအနေကို သေချာစွာ မသိသေးသော်လည်း မုန်တိုင်း မိုးများကြောင့် မိုးစပါးရိတ်သိမ်း ရန် အခက်အခဲဖြစ်နေကြောင်း ဓနုဖြူမြို့နယ်နေ လယ်သမား ဦးသိန်းအောင်က ပြောသည်။

 

Source: 7 days new

 

Read 1694 times Last modified on Tuesday, 18 September 2018 15:33
Rate this item
(1 Vote)