Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံစပါးဈေးနှုန်းတင်းတစ်ရာ ကျပ်ငါးသိန်းအောက် ဈေးလျှော့မရောင်းရန် တောင်သူများကို MRF ပန်ကြား

 တောင်သူလယ်သမား များ စပါးရောင်းချရာတွင် အခြေ ခံဈေးနှုန်းဖြစ်သော တင်းတစ်ရာ လျှင် ကျပ်ငါးသိန်းအောက် နိမ့်သော ဈေးနှုန်းဖြင့်

လျှော့မရောင်းရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)က ပန်ကြားချက်ထုတ်ပြန်သည်။


စပါးဈေးနှုန်းများ ကျဆင်း  ခြင်းကို ထိန်းရန် ယခုနှစ်မတ်လ တွင် မိုးစပါးရာသီအတွက် ကြိုတင်သတ်မှတ်ထားသော အခြေခံ ရည်ညွှန်းဈေးနှုန်း တင်းတစ်ရာ လျှင် ကျပ်ငါးသိန်း ဈေးနှုန်းကို လယ်သမားများနှင့် ဆန်စက်ပိုင် ရှင်၊ ကုန်သည်များ ပြန်လည်သတိ ရစေရန် ရည်ရွယ်ပြီး ပန်ကြား ချက် ထုတ်ပြန်ခြင်းဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်အထွေ ထွေ အတွင်းရေးမှူး ဦးရဲမင်း အောင်က ပြောသည်။

 

‘‘ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေက အခြေခံ ဈေးနှုန်းနဲ့ ဝယ်ပေးဖို့ ထပ်ပြီး မေတ္တာရပ်ခံချင်တာလည်း ပါ တယ်။ လယ်သမားတွေ စပါးပေါ် ချိန်မှာ ဈေးကောင်းရစေချင်တာ လည်း ပါတာပေါ့လေ’’ဟု ၎င်းက ပြောသည်။

 

လက်ရှိ မိုးစပါးအသစ်ပေါ် ချိန်တွင် တရုတ်နိုင်ငံက နယ်စပ်မှ ဆန်တင်သွင်းမှုရပ်ဆိုင်းနေခြင်း၊ နိုင်ငံတကာ ဆန်ဈေးကွက်တွင် ၅ ရာခိုင်နှုန်းခန့်အထိ ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ပြည် တွင်းစပါးဈေးကျဆင်းရန် တွန်း အားများဖြစ်လာမည်ကို အသင်း ချုပ်က စိုးရိမ်၍ ပန်ကြားစာထုတ် ပြန်ခြင်းဟု ဦးရဲမင်းအောင်က ရှင်းပြသည်။ထို့ပြင် တောင်သူလယ်သ မားများ စပါးရောင်းချရာတွင် အ ခက်အခဲများရှိပါကလည်း ဆန် စပါးအသင်းချုပ်သို့ ဆက်သွယ် အကြောင်းကြားရန် ပန်ကြားစာ တွင် ဖော်ပြထားသည်။

 

လက်ရှိ စပါးဈေးနှုန်းသည် စပါးအစိုတစ်တင်းလျှင် ၅၁ ပေါင် နှုန်းဖြင့် တင်းတစ်ရာလျှင် ကျပ် လေးသိန်းရှစ်သောင်းမှ ကျပ်ငါးသိန်း၊ စပါးအခြောက်တင်းတစ် ရာလျှင် ကျပ်ငါးသိန်းနှစ်သောင်းမှ ငါးသိန်းငါးသောင်းအကြား ဈေးရှိနေသည်။

 

 မြန်မာနိုင်ငံတွင် မိုးစပါး စတင်ထွက်လာချိန်က စပါးတင်း တစ်ရာလျှင် ကျပ်ခြောက်သိန်းခွဲခန့်အထိ ဈေးရှိခဲ့သည်။ ထိုအချိန် က တရုတ်နိုင်ငံမှ တရားမဝင် စပါးဝယ်ယူမှုကြောင့် စပါးဈေးမြင့် တက်ခဲ့သည်။

 

တရုတ်နိုင်ငံသို့ တရားမဝင် စပါးတင်ပို့သည့် ခြောက်ဘီးယာဉ် ၁၇ စီးကို ရှမ်းပြည်နယ် နမ့်ခမ်းမြို့ တွင် ဌာနပေါင်းစုံပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၈ ရက်၌ ဖမ်းဆီး ပြီးနောက် ပြည်တွင်းတွင် မိုးစပါး တင်းတစ်ရာလျှင် ၂၀ ရာခိုင်နှုန်းခန့် ဈေးကျလာသည်။

 

‘‘လယ်သမားက စပါးပေါ် ချိန်မှာ ငွေလိုတော့ ထိုးရောင်း တယ်။ ရောင်းတာများတော့ ဈေး ကျလာတယ်’’ဟု ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောသည်။

 

ဆန်တန်ချိန်သုံးသန်းကျော် ပြည်ပတင်ပို့နိုင်သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တောင်သူလယ် သမားများအတွက် အာမခံချက် ပေးနိုင်မည့် ဈေးနှုန်းတစ်ခုသတ် မှတ်နိုင်ရန် နိုင်ငံတော်၏အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကို တွန်းအားပေးခဲ့ သည်။ ထို့ကြောင့် ၂၀၁၈ နွေစပါး နှင့် မိုးစပါးပေါ်ချိန်တွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်း၊ ဖုန်၊ သဲ၊ ခဲကင်းသည့် စပါးတစ်တင်းလျှင် ၄၆ ပေါင်နှုန်းဖြင့် အခြေခံစပါးဈေးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းသတ်မှတ် ခြင်းဖြစ်သည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)