Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ထိပ်တန်း အရည်အသွေးကောင်းမွန်သော နယူးဇီလန်အခြေစိုက် DG ဆိတ်နို့ဖော်စပ်စာကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စတင်မိတ်ဆက်

ဆိတ်နို့ဖော်စပ်စာသည် ကလေးများအတွက် အာဟာရဓာတ်များကို ခန္ဓာကိုယ်မှ ပိုမိုစုပ်ယူပေနိုင်သည့်အတွက် အစာကြေလွယ်၍ ဝမ်းဗိုက်ကိုသက်သောင့်သက်သာဖြစ်အောင် ကောင်းစွာထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်းအဆင့်မြင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် နယူးဇီလန်နိုင်ငံ အခြေစိုက် Diary Goat Cooperative မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကလေးငယ်များအတွက် သဘာဝအာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လိုအပ်သော အာဟာရဓာတ်များကို ခန္ဓာကိုယ်မှ ပိုမိုစုပ်ယူနိုင်သည့်အပြင် အစာကြေလွယ်သောကြောင့် ဝမ်းဗိုက်ကို  သက်သောင့်သက်သာဖြစ်အောင် ကောင်းမွန်စွာထောက်ပံ့ပေးနိုင်သည့် DG3 ဆိတ်နို့ဖော်စပ်စာကို Pacific Healthcare (Myanmar) Co., Ltd က မတ်လ ၃၀ ရက် တွင် Melia Hotel တွင် စတင်မိတ်ဆက်ခဲ့သည်။


နယူးဇီလန်နိုင်ငံထုတ် DG 3 ဆိတ်နို့တွင် သဘာဝအာဟာရဓာတ်များစွာ ကြွယ်ဝပါဝင်သည့်အပြင် DHA ပါဝင်သောကြောင့် ကလေးငယ်များအတွက် လွယ်ကူစွာအစာချေဖျက်စုပ်ယူနိုင်သည့် အပြင်မှတ်ဥာဏ်ပိုင်း စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေပြီး ခန္ဓာကိုယ်ကြီးထွားမှုကို ကောင်းစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် တော်ရင်း၊ ကိုလင်း၊ ကာနစ်တင်း၊ ကယ်ဆီယမ်၊ ဗီဒီတာမင် နှင့် သတ္တုဓာတ်များစွာ ပါဝင်သောကြောင့် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် ကလေးငယ်များဖြစ်လာစေမှာဖြစ်ပါသည်။

 

Pacific Healthcare Group, CEO, Mr. Patrik Bruhlmann က  “အရည်သွေးမြင့် DG3 ဆိတ်နို့က ကလေးတွေအတွက် အသင့်တော်ဆုံးပါပဲ။ အရှေ့တောင်အာရှနိုင်ငံတွေက အမေတွေရဲ့ ယုံကြည်စိတ်ချမှုကို DG အမှတ်တံဆိပ်က ရရှိထားပြီးဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံမှာဆိုရင် ရောင်းအားအကောင်းဆုံး နံပါတ် ၁ ဆိတ်နို့ဖော်စပ်စာအနေနဲ့ ရပ်တည်လျှက်ရှိပါတယ်။ Pacific Healthcare  (Myanmar) company အနေနဲ့   မြန်မာနိုင်ငံမှာ Pacific-AA Pharmaceuticals Limited နဲ့ လက်တွဲပြီး ကုန်ပစ္စည်းများရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းများပြုလုပ်လျှက်ရှိပါတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို အရည်အသွေးမြင့် DG ဆိတ်နို့ဖော်စပ်စာ တွေကို ယူဆောင်လာခွင့်ရလို့များစွာ ဂုဏ်ယူမိပါတယ်” ဟု ဆိုသည်။

 

“ဆိတ်နို့က ကလေးတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားဖို့အတွက်လိုအပ်တဲ့ အဓိကအာဟာရဓာတ် တွေကို နွားနို့ထက်ပိုမိုစုပ်ယူနိုင်တဲ့ အားသာချက်ရှိပါတယ်။ နောက်တစ်ချက်က ဆိတ်နို့ပရိုတိန်းက နွားနို့ပရိုတိန်းထက် ပိုပြီး အစာကြေလွယ်တယ် ပိုပြီးစုပ်ယူနိုင်တယ်။ ဒါကြောင့်မို့ အဓိကအာဟာရဓာတ်တွေကို ခန္ဓာကိုယ်က လွယ်လွယ်ကူကူရရှိနိုင်တယ်။ ဆိတ်နို့ရဲ့ အဓိကအားသာတဲ့အချက်က နွားနို့ထက် သဘာဝ အာဟာရဓာတ်တွေအများကြီး ပိုမိုပါဝင်တာပါ ” ဟု အာဟာရပညာရှင် ဒေါက်တာဒေါ်ဝင်းဝင်းမြင့်မှ အခုလိုပဲ ပြောကြားခဲ့ပါသည်။


နယူးဇီလန်နိုင်ငံ အခြေစိုက်  Dairy Goat Co-operative သည်  ကလေးများအတွက် အကောင်းဆုံးဆိတ်နို့ ဖော်စပ်စာများရရှိစေရန်အတွက် အကောင်းဆုံး ဆိတ်မျိုးစိတ်များကို အဆင့်မြင့် မွေးမြူရေးခြံများတွင်မွေးမြူပြီး နည်းပညာမြင့်မားစွာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ Pacific Healthcare (Myanmar) က နယူးဇီလန်နိုင်ငံထုတ် DG ဆိတ်နို့ကို မြန်မာနိုင်ငံသို့  စတင်တင်သွင်းဖြန့်ချိခြင်းဖြစ်သည်။


DG3 ဆိတ်နို့ဖော်စပ်စာများကို City Care ဆေးဆိုင်များ၊ City Baby ဆိုင်ခွဲများ၊ ရွှေအိုးဆေးဆိုင်များနှင့် အခြားစတိုးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ်။  DG3 ဆိတ်နို့ အကျိုးကျေးဇူးများ အကြောင်းပိုမိုသိရှိလိုပါက DG Smartmom Myanmar Facebook page နှင့် www.dgsmart.mom website တို့တွင် လေ့လာနိုင်ပါသည်။ Care line +959 78 3333 554 (Viber) ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Read times Last modified on Tuesday, 02 April 2019 10:38
Rate this item
(0 votes)