Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ရှိ တရုတ်နိုင်ငံမှ အဝယ်လိုက်နေသောကြောင့် ဖရဲ သခွားမွှေးများ ဈေးကောင်းရနေ

လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ အဝယ်လိုက်နေသောကြောင့် ဖရဲ၊သခွားမွှေးများ ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းဥက္ကဋ္ဌ  ဦးနိုင်ဝင်း၏ ပြောပြချက်အရ သိရသည်။

 

လတ်တလောတွင် ဖရဲ ၈၅၅ တစ်တန်ကို ယွမ် ၂၄ဝဝ၊ အစေ့မဲ့တစ်တန်လျှင် ယွမ် ၃၅ဝဝ၊ ထိုင်ဝမ် အချိုသီးတစ်တန်လျှင် ယွမ် ၃၆ဝဝ အထိ ဈေးနှုန်းရှိနေပြီး သခွား မွှေး ဝူခုန်းတစ်တန်လျှင် ယွမ် ၆ဝဝဝ၊ ဖရဲ၊ သခွားမွှေးတစ်တန်လျှင် ယွမ် ၄ဝဝဝ၊ ရွှေ သခွားမွှေးတစ်တန်လျှင် ယွမ် ၄၅ဝဝ အထိ ဈေးနှုန်း ရှိနေကြောင်း သိရသည်။

 

''ဈေးကွက်အလားအလာကတော့ ရှေ့လျှောက်ကောင်းမှာပါ။ အခုလည်း ရာသီ ဥတုပူပြင်းလာပြီ ဆိုတော့ ဈေးကောင်းရနေ ပြီ'' ဟု ဦးနိုင်ဝင်းက ပြောသည်။

 

မြန်မာနိုင်ငံ၌ ဖရဲနှင့်သခွားမွှေးကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ အဓိကစိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီး၌ တစ်ကွင်းတည်း တစ်ဆက်တည်း GAP စိုက်ခင်းများ  ပေါ်ပေါက်လာစေရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

 

ဖရဲသီးတစ်ဧကလျှင်  စိုက်ပျိုးမှုကုန်ကျ စရိတ်မှာ သီးနှံမျိုးစေ့အလိုက် ငွေကျပ် ၁၅ သိန်းမှ ၂၅ သိန်းကြားကုန်ကျပြီး သခွားမွှေး တစ်ဧကလျှင် စိုက်ပျိုးမှုကုန်ကျစရိတ် ငွေ ကျပ် သိန်း ၅ဝ မှ သိန်း ၆ဝ ကြား ကုန်ကျ ကြောင်း သိရသည်။

 

လတ်တလောတွင်   မူဆယ်နယ်စပ်သို့ တစ်ရက်လျှင် နယ်စုံမှ ဖရဲ၊ သခွားမွှေးကား အစီးရေ  ၅ဝဝ  ကျော်  ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

Read More >>>>> လက်ရှိ တရုတ်နိုင်ငံမှ အဝယ်လိုက်နေသောကြောင့် ဖရဲ သခွားမွှေးများ ဈေးကောင်းရနေ

 

ယမန်နှစ်များက ဖရဲတစ်ဧကလျှင် ၁ဝ တန်မှ ၁၂ တန်နှင့် သခွားမွှေးတစ်ဧကလျှင် ၁၃ တန်ခန့်ရှိပြီး ဝင်ငွေကောင်းသီးနှံ ဖြစ်သည့်အတွက်  တိုးချဲ့စိုက်ပျိုးမှု  များပြားလာကြသော်လည်း ဈေးနှုန်းရရှိမှုမှာ အရည်အသွေးနှင့် အဓိကဝယ်လက် တရုတ်နိုင်ငံ၏  ဝယ်လိုအားပေါ် မူတည်နေသောကြောင့် တစ်နှစ်နှင့်တစ်နှစ် ဈေးနှုန်းရရှိမှုမတူညီဘဲ အရှုံးအမြတ်များသည့် သီးနှံဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံမှ ဖရဲ၊ သခွားမွှေးကို အဓိကအားဖြင့်   တရုတ်နိုင်ငံသို့ တင်ပို့နေပြီး  ဟောင်ကောင်၊ မလေးရှားနှင့် စင်ကာပူနိုင်ငံ တို့သို့လည်း အနည်းငယ်စီ တင်ပို့နေကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Tuesday, 05 March 2019 16:08
Rate this item
(1 Vote)