Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်မပါသဖြင့် မြန်မာ့ဆန်များကို တရုတ်လက်မခံ

ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် မပါလို့ မြန်မာ့ဆန်တွေကို

တရုတ်နိုင်ငံဆီ တင်ပို့လို့မရဘဲ မူဆယ်နယ်စပ်မှာ ဆန်အိတ်တွေသောင်းနဲ့ချီ သောင်တင်နေပါတယ်။

ဧပြီ ၃ ရက်ကစတင်ပြီး မူဆယ်နယ်စပ်မှာ တရုတ်ပြည်ဝင်ရောက်လာတဲ့ ဆန်ကားတွေကို တရုတ်အစိုးရ တာဝန်ရှိသူတွေက ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်လက်မှတ် တောင်းခံမှုတွေ ရှိနေတာပါ။

ဒါပေမဲ့ မြန်မာလုပ်ငန်းရှင်တွေဘက်က သူတို့တောင်းခံတဲ့ လက်မှတ်ကို မပေးနိုင်တာကြောင့် တရုတ်ပြည်အတွင်းကို ဝင်ရောက်ခွင့်မရဘူးလို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။


ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်စာရွက်ကို လုပ်ငန်းရှင်တွေက စိုက်ပျိုးရေးဦးစီးဌာနကိုတောင်းခံထားပေမဲ့လည်း ဌာနဘက်က ထုတ်ပေးနိုင်ခြင်း မရှိသေးလို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ဒီလက်မှတ်ကို စိုက်ပျိုးရေးဌာနက ထုတ်ပေးရမှာပါ။ ဒါပေမဲ့ဌာနက ခုချိန်ထိ ထုတ်မပေးနိုင်သေးဘူး”လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

ဒါကြောင့်မူဆယ်နယ်စပ်မှာ ဆန်တန်ချိန် ၃၀၀၀ လောက် ဆန်အိတ်အရေအတွက်အားဖြင့် ၆၀၀၀၀ လောက်ဟာ တစ်လလောက် သောင်တင်နေပါတယ်။

 

DVB

ပိုးမႊားကင္းစင္ေၾကာင္း ေထာက္ခံခ်က္ မပါလို႔ ျမန္မာ့ဆန္ေတြကို တ႐ုတ္ႏိုင္ငံဆီ တင္ပို႔လို႔မရဘဲ မူဆယ္နယ္စပ္မွာ ဆန္အိတ္ေတြေသာင္းနဲ႔ခ်ီ ေသာင္တင္ေနပါတယ္။

ဧၿပီ ၃ ရက္ကစတင္ၿပီး မူဆယ္နယ္စပ္မွာ တ႐ုတ္ျပည္ဝင္ေရာက္လာတဲ့ ဆန္ကားေတြကို တ႐ုတ္အစိုးရ တာဝန္ရွိသူေတြက ပိုးမႊားကင္းစင္ေၾကာင္း ေထာက္ခံခ်က္လက္မွတ္ ေတာင္းခံမႈေတြ ရွိေနတာပါ။

ဒါေပမဲ့ ျမန္မာလုပ္ငန္းရွင္ေတြဘက္က သူတို႔ေတာင္းခံတဲ့ လက္မွတ္ကို မေပးႏိုင္တာေၾကာင့္ တ႐ုတ္ျပည္အတြင္းကို ဝင္ေရာက္ခြင့္မရဘူးလို႔ မူဆယ္ဆန္စပါးကုန္စည္ဒိုင္ ဒုတိယဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။


ပိုးမႊားကင္းစင္ေၾကာင္း ေထာက္ခံခ်က္စာ႐ြက္ကို လုပ္ငန္းရွင္ေတြက စိုက္ပ်ိဳးေရးဦးစီးဌာနကိုေတာင္းခံထားေပမဲ့လည္း ဌာနဘက္က ထုတ္ေပးႏိုင္ျခင္း မရွိေသးလို႔လည္း ဆိုပါတယ္။

“ျမန္မာႏိုင္ငံမွာ ဒီလက္မွတ္ကို စိုက္ပ်ိဳးေရးဌာနက ထုတ္ေပးရမွာပါ။ ဒါေပမဲ့ဌာနက ခုခ်ိန္ထိ ထုတ္မေပးႏိုင္ေသးဘူး”လို႔ မူဆယ္ဆန္စပါးကုန္စည္ဒိုင္ ဒု ဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။

ဒါေၾကာင့္မူဆယ္နယ္စပ္မွာ ဆန္တန္ခ်ိန္ ၃၀၀၀ ေလာက္ ဆန္အိတ္အေရအတြက္အားျဖင့္ ၆၀၀၀၀ ေလာက္ဟာ တစ္လေလာက္ ေသာင္တင္ေနပါတယ္။

DVB

 

Read times
Rate this item
(0 votes)